May 27, 2009

အလင်းရောင်တံခါးများသို့

ဘာမှတော့ မဟုတ်ပါဘူး... ခုရက်ထဲ နားထောင်လို့ ကောင်းနေတဲ့ သီချင်း တပုဒ်ပါ... ။ ကိုယ် ကြိုက်နေတာနဲ့ သူငယ်ချင်းတွေကို ပြန် share တာပါ...။ အွန်လိုင်းကနေ ဒေါင်းလုပ် ဆွဲထားတာ... ။ ကျော်ဟိန်းရဲ့ တကိုယ်တော်လေလွင့်ခြင်း - ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်း တပုဒ်ပါ။ ရေးတာကတော့ ကိုသစ်မင်း ထင်တာပဲ... မသေချာဘူး...။ သိသူများ ပြောသွားကြပါ...။ သီချင်းကတော့ ကဗျာ တပုဒ်လိုပါပဲ... ။ ဒေါင်းလုပ်ဆွဲချင်ရင် သည်မှာ ဆွဲပါ...။

Get this widget | Track details | eSnips Social DNA

ကြင်နာပါ မေရေ… လုံးဝ မီးမထွန်း အလင်းမဲ့ လျှပ်စစ်မီးမဲ့လားလေ…
ကြင်နာပါ မေရေ… လုံးဝ မီးမထွန်း အလင်းမဲ့ လျှပ်စစ်မီးမဲ့လားလေ…
သမိုင်းဦးည… အမှောင်လိုပဲလား…
မင်းမရှိတဲ့… အလွမ်းကမ္ဘာကြီးဟာ… မဲမှောင်သွားပလား…
မင်းရဲ့ အလင်းရောင်လေးများ…
ထွန်းလင်း လမ်းပြလို့… ပေးလိုက်ဦးတော့… ကိုယ့်အချစ်လေးရေ….
ကြင်နာပါမေရေ… စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောပြဦးလေ…
တံခါးများ ခေါက်လို့… ခေါ်သံကြားလား…
မနားတမ်း မမောတမ်း… ကိုယ့်အချစ်လေးရေ… တံခါးတွေ ဖွင့်ပါ… ပြောကြား…
ရင်ခွင်တံခါးတွေကို ဖွင့်ဦး… အချစ်ရဲ့ တံခါးပေါက်လေးများ…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် ရက်စက်မိတယ်…)
အလင်းများလည်း ပေးဦး…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် စိမ်းကားသူရယ်…)
ကြိုးများ ပူးချည်ထားလား… ရင်ထဲမှာ အဆွေးများ…
အချစ်ရယ် ကြားလား… လွမ်းတယ်… တမ်းတတယ်… အလင်းရောင်ပေးပါ…
အလင်းရောင်ပေးပါ… အချစ်ရယ် ပေးပါ…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် ရက်စက်မိတယ်…)
အလင်းရောင်များ ပေးဦး…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် ရက်စက်မိတယ်…)
တံခါးတွေ ဖွင့်ထားဦး… (တံခါးတွေ ဖွင့်ထားဦး…)
စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောပြဦးလေ…
အလင်းရောင်များ ပေးဦး… (အလင်းရောင်များ ပေးဦး…)
(စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောလိုက်ဦးမယ်…)
အလင်းရောင်များ ပေးဦး… (အလင်းရောင်များ ပေးဦး…)
(စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောလိုက်ဦးမယ်…)
အလင်းရောင်များ ပေးဦး… (အလင်းရောင်များ ပေးဦး…)
(စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောလိုက်ဦးမယ်…)

6 comments:

မီယာ said...

ကိုအောင်သာငယ်
ကျော်ဟိန်းသီချင်း နားထောင်သွားတယ်။ အမျိုးသမီး အဆိုတော် တယောက်ပြန်ဆိုတာ ကြားဖူးသလိုပဲ။ ကျော်ဟိန်း သိပ်နားမထောင်ဖြစ်လို့ ကျေးဇူးပဲ။ စာသားတွေကတော့ မိုက်တယ်။

Anonymous said...

ငယ်ငယ်တုန်းက အချိန်တွေကို ပြန်လွမ်းသွားပြီ

လင်း

Anonymous said...

ကျော်ဟိန်းသီချင်းတင်ပေးတဲ့အတွက် ကျေးဇူးပါ....သူ့ရုပ်ရှင်တွေကိုအရင်တုန်းက ကြိုက်တယ် ...နောက်ပိုင်းမကြိုက်တော့ဘူး...ကိုအောင်သာငယ်ကိုယ်တိုင် တီးပြီးဆိုထားတဲ့ သီချင်းတပုဒ်လောက် အချိန်ရရင် ဆိုပါဦးလို့ တောင်းဆိုပါရစေ...ပတ်ဝန်းကျင်က လာထုရင်တော့ သိဘူးနော်....ပြောင်းပြေးရ၇င်တော့ ဒုက္ခ....
mie nge

yehtutnaung said...

ကျော်ဟိန်း သီချင်းတွေ နားမထောင်ဖူးဘူး အကိုရေ..။ chorus မှာဆိုတဲ့ second vocalist ဘယ်သူလဲ မသိဘူးဗျာ..။ ဒီသီချင်း original song ကြားဖူးသလိုလိုပဲ အကိုရေ။ မျှဝေတဲ့ ကျေးဇူးပါဗျာ။

လင်းဒီပ said...

ကိုချစ်ကောင်းလည်း ပြန်ဆိုထားတယ်ထင်တယ်..။

ဂျူနို said...

အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျော့ ဘူတာရုံမှာ သင်္ဘောကြီးက ဆိုက်လိမ့်မယ်။ မယုံ မရှိနဲ့ အမှန်တစ်ကယ်ပဲကွဲ့  ဆိုတဲ့ သီချင်းမရှိဘူးလား။
လိုက်ရှာတာ မတွေ့ လို့ ။