Dec 12, 2008

နောက်ထပ် ခရစ်စမတ် လက်ဆောင်

ဦးဂင်ကြီး ကို အားကျတာလည်း ပါတယ်... ။ ပြီးတော့ ... Acoustic Guitar ကြိုက်တယ်ဆိုတဲ့... အချစ်ဆုံး သူငယ်ချင်း တယောက်အတွက်လည်း... X'Mas လက်ဆောင် အဖြစ်... တခုခု... ပေးချင်တယ်...။ အဲဒါနဲ့... စိတ်ကူး ပေါက်လာတော့... ထိုင်ရာက... ထပြီး... Nylon-Stringed Acoustic Guitar (Classical Guitar) ကို... ဆွဲ... ။ တထိုင်တည်း... တီးပြီး... record လုပ်ထား လိုက်တာပါ။ (စိတ်ကြိုက်တော့ မဟုတ်ဘူး.. Dead Spot တွေ အများကြီးပါနေတယ်...)

တကယ်တော့... ကျနော်ကလည်း... ကိုဂင်ကြီးလိုပါပဲ... ၀ါသနာရှင်ပါ... ။ ပညာရှင် မဟုတ်ပါဘူး...။ ပြီးတော့... ဂစ်တာ မတီး ဖြစ်တာကလည်း... နှစ်ပရိစ္ဆေဒ... ကြာနေပြီ ဆိုတော့... touching တွေလည်း... သိပ် မကောင်းတော့ပါဘူး...။ (အရင်တုန်းကတော့.. ကောင်းသလိုလို... ) သို့သော်လည်း... ကျနော့် သူငယ်ချင်းကို... ပျော်ရွှင်ကြည်နူးစေချင်တဲ့... စေတနာနဲ့တော့... တီးထားတာပါ...။ တတ်နိုင်သမျှ... mood လေးတွေ.. ထည့်ပြီး.. တီးထားပါတယ်...။

ဘာပဲဖြစ်ဖြစ်.. သူငယ်ချင်းရေ... ဒီ ခရစ်စမတ် လက်ဆောင်ကိုတော့... သည်းညည်းခံပြီး... ယူလိုက်ပါနော...း)


ကျန်တဲ့... သူငယ်ချင်းတွေအတွက်လည်း... ကျနော့်ရဲ့... နောက်ထပ်... ခရစ်စမတ် လက်ဆောင်အဖြစ်... သည်းခံ... ခွင့်လွှတ်... (နားပိတ်...) နားဆင်ကြပါဗျာ... ။ ဘာပဲ ဖြစ်ဖြစ်... စေတနာက... အရင်းခံ မဟုတ်လား...း)

ကြုံတုန်းလေး... keyboard ရှည်ပြီး... ပြောပြရရင်တော့... ဒီသီချင်းကို... ဂစ်တာတီးသူတိုင်း... နှစ်နှစ်သက်သက်... မက်မက် မောမော... ရာစုနှစ်ပေါင်းများစွာ... ကြာအောင်... တီးခဲ့ကြပေမယ့်လည်း... ဒီသီချင်းရဲ့ဖခင်ဖြစ်တဲ့... composer အမည်ကိုတော့... ဘယ်သူမှ... မသိကြပါဘူး...။ Romance by Anonymous လို့ပဲ... အားလုံးက... သိခဲ့ကြပါတယ်...။ ၀မ်းနည်းစရာ တခုပေါ့လေ...။

ပြန်တီးချင်ကြသူများ... ပြန်တီးနိုင်အောင်... ကျနော့်... သီချင်းစာအုပ်ထဲက... ဒီသီချင်းရဲ့.. စာမျက်နှာ ၂ ခုကို.လည်း.. ပြန်လည် ဝေမျှပေးလိုက်ပါတယ်...။

အချစ်ဆုံး သူငယ်ချင်း အပါအ၀င်... သူငယ်ချင်း... အားလုံးပဲ... ချမ်းမြေ့ကြပါစေ။






13 comments:

Nyein Chan Aung said...

အစ်ကိုက လက်ဆောင်တွေ တစ်ခုပြီးတစ်ခုပေးနေတာပဲ။ ဟဲဟဲ။ လက်ဆောင်ကို ဗွေဆော်ဦးယူသွားတယ်။

Anonymous said...

ခရစ္စမတ်ကို ကြိုပျော်နေရပြီး ....အန်ကယ် ပုန်းမနေနဲ့  သီချင်းလေးတစ်ပုဒ်ပါဆိုပြ အဆိုကော အတီးကောဆို ပိုမိုက်မှာ....နော့်ဗျ

ဆောင်းယွန်းလ said...

အကို့ခရစ်စမတ်လက်ဆောင်ကိုနှစ်သက်စွာယူဆောင်
သွားပါတယ်...
ခင်မင်လျက်...

M.Y. said...

Classical သံလေးက..ရင်ထဲငြိမ်းသွားတယ်…
ကျွန်တော်တီးတတ်ချင်ခဲ့တဲ့သီချင်းတစ်ပုဒ်ပေါ့

khin oo may said...

နားထောင်လို့ ကောင်းပါသည်။ ပိန်သွားသလားလို့ / များများစားပါ။ :P

ဦးဂင်ကြီး said...

ကောင်းပါတယ်ဗျ အလေ့အကျင့်ပဲလိုနေတာ ဟုတ်ပြီဗျို့ ဂီတမိတ်ဆွေတွေတိုးလာကုန်ပြီနော ကျနော်လဲဒီလိုပဲစိတ်သွားတိုင်းလက်မပါလို့ စိတ်ပိန်တယ် ကိုယ်တီးထားတာ တင်သာတင်လိုက်တာ ခတ်ငုတ်ငုတ်ပဲ ပြန်လေ့ကျင်ရင်အရင်လက်ပြန်ရမှာပဲဗျာ ခင်ဗျားပြောတဲ့သီချင်းတောင် tap တွေပါလို့ ဘယ်လိုလုပ်ရမလဲစဉ်စားနေတာ ခင်ဗျားနဲ့တိုင်ပင်ပြီးလုပ်မယ်လို့တော့စိတ်ကူးမိတာပဲဗျို့ နီးရင်လဲကောင်းသားဗျာ ကျနော်သိုတနေ့က G.C ရောက်တယ် ဈေးမေးတာ $1460 ဆိုလို့ပြန်လှည့်လာရတာ ကြိုက်တာတီးဧေ့လူရေ ကောင်းမှကောင်ပဲ ရအောင်တော့ဝယ်မယ်ဗျာ သီချင်းတပုဒ်လောက် နှစ်ယောက် အတူတူ ကျနော်တို့ညီအကိုတွေတီးချင်လိုက်တာဗျာ...ကိုမောင်ရင်ကလဲဝါသနာအိုးဗျို့ သူလဲအသဲယားနေတဲ့ပုံပဲဗျို့..ကိုမောင်ရင်တီးသာတီးဗျ ကျနော့် music အယူအဆက များများတီးလာရင်ကောင်းလာတာပဲ ။

Moe Cho Thinn said...

အကိုရေ
အကို တီးတာလေး နားထောင်ရင်း စ တီးတီးချင်းမှာပဲ သံစဉ်လေးကြားတာနဲ့ မျက်ရည်ဝဲလာတာပဲ။
Geology Field ထဲမှာ ညညဆို အဲဒီလို သူငယ်ချင်းတွေက တီးကြတာတွေ သတိရလို့ပါ။ အခုတော့ အဲဒီသူငယ်ချင်းလဲ နာဂစ်ထဲပါလို့ ဘယ်ရောက်သွားပြီ မသိ။
အကိုက အတော်တီးတတ်တာပဲ။ ချိုသင်းက ဆိုတာလဲ မရ၊ တီးတာတော့ ဝေးရော ဒါပေမဲ့ သီချင်းကို အရမ်းချစ်ပြီး ကောင်းကောင်း နားထောင်တတ်ပါတယ်။ တရက်တော့ အိမ်မှာ ဂစ်တာတီးရင်း မိသားစု သူငယ်ချင်းတွေ ဆုံချင်ပါသေးတယ်။ အကုန် ချက်ပြုတ်ကျွေးမှာပါ။

သစ်နက်ဆူး said...

ကိုအောင်ရေ...
အားကျတယ်ဗျာ ဂီတပါရမီရှိသူတွေများတီးသွားလိုက်တာ
ရင်ထဲကိုစီးဝင်သွားတယ်။
ကိုဂင်ကြီး၊ နဲ့ ကိုအောင်လက်သ့တော့နားထောင်ပြီိးသွားပြီ...
ကိုမောင်ရင် တစ်ယောက်ကျန်သေးတယ်..စောင့်နေမယ်ဗျာ..
နောက်ထပ်လဲ ဖန်တီးပါဦး ကိုအောင်ရေ..
အားပေးနေပါတယ်

:P said...

ခရစ်စမတ်လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်

mama said...

ကိုယ်ကြိုက်တဲ့ Music လေးတစ်ခု
အသွင်တစ်မျိုးနဲ့နားဆင်ခွင့် ရလို့ ကျေးဇူး..။
....
ပထမ လက်ဆောင်တုန်းက ပေးခဲ့တဲ့
comment အတွက် အလျော်တစ်ဝက်ပြန်ပေးမယ်..
..လက်ချောင်းလေးတွေ က ချစ်စရာလေး.....း)
......
ပျော်ရွှင်ဘွယ်ရာ ..
မိသားစုနဲ့နွေးထွေးတဲ့ ခရစ်စမတ်ဖြစ်ပါစေ..
......

ATN said...

ညီ ငြိမ်းချမ်းအောင်၊ တူမောင်မျိုး၊ ညီ ဆောင်းယွန်းလ၊ ကိုမောင်ရင်၊ မခင်ဦးမေ၊ ကိုဂင်ကြီး၊ ညီမ ချိုသင်း၊ ကိုသစ်၊ ဆင်ဒန်းလား၊ မမ- အားလုံးပဲ မင်္ဂလာပါ... ကွန်မန့်ပေးသွားကြတာ ကျေးဇူးပါ..။

ဖိုးသင်္ကြန် said...

သိပ်ကြိုက်တဲ့ တေးသွားလေးပါ။

ဖိုးသင်္ကြန် said...

Flamenco Style လေးပါ။ လက်ဆောင်ပြန်ပေးတာ။
http://www.youtube.com/watch?v=4mlYjBN1bm8&feature=related