Dec 25, 2008

Leave Me Alone, Please!

အကို့ကို... ကျနော် မဲပေးထားတယ်... ဆုရရင်... ဆူရှီ ကျွေးရမယ်... ဘီယာလည်း... ပါရမယ်နော် - ညီငယ် တယောက်က... လှမ်းပြောလာတယ်...။ - ဟ... ဟ... နေပါဦး... ဘာမဲလဲ... ဟ...။ ငါလည်း... ဘယ်ရွေးကောက်ပွဲမှ... မ၀င်မိပါဘူး... - ကျနော် ပြန်ပြော မိတော့... - အာ... အကိုကလည်း... မသိဘူးလား... အဲမှာ သွားကြည့်ကြည့်ဦး... - ဆိုပြီး လင့်ခ် တခု ပေးလာပါတယ်။ သူ ပေးတဲ့ လင့်ခ်... သွားကြည့်နေတုန်းမှာပဲ... နောက်ထပ် ညီငယ် တယောက် ကလည်း... ပြောလာပြန်သေးတယ်... - အကို့ကို... ကျနော် Vote လုပ်ထားတယ် နော...-တဲ့... ။ အား... လာ ပြန်ပြီတယောက်...။

ဒီလိုနဲ့... အဖြစ်အပျက် အလုံးစုံကို... နားလည်သွားမိတဲ့နောက်တော့... ဒီ ညီငယ် နှစ်ယောက်ကို... ပြောမိပါရဲ့... အကို ဘလော့ ရေးနေတာ... ရေးချင်လို့ ရေးနေတာ... ဆုလိုချင်လို့... ရေးနေတာမှ... မဟုတ်တာ... ငါ့တော့... မပေးနဲ့ကွာ... - ကျနော်... ပြောတော့... သူတို့ကလည်း... သူတို့ထင်တာတွေ... blah blah blah ... ပြောနေပါသေးတယ်...။

ကျနော်ကလည်း... - အေး... ဒါဆိုလည်း... ငါလည်း... ကိုယ့်လူတွေ... စုလိုက်မယ်ကွာ... ပြီးတော့... ဘာ အဖွဲ့... ဆိုပြီး... လုပ်မယ်ကွာ...။ ပြီးတော့... ဘာ အတွက်ပါ... ဆိုပြီး... ကြေငြာမယ်ကွာ...။ အဲအတွက်... ဘာ ပရိုပိုဆယ်... ဆိုပြီး... တင်မယ်ကွာ...။ ပြီးတော့... ပိုက်ပိုက်... ဘယ်လောက် ဘယ်လောက်... ရရင်... ဘာ ဆုတွေ... ပေးမယ် ဆိုပြီး... ကြေငြာမယ်ကွာ...။ ဘလော့ဂါတွေ... လိပ်စာပါသိရင်... အိမ်တံခါး... အတင်း သွား ခေါက်ပြီး... လည်လို့ရတာပေါ့... - ကျနော် ပြောချင်တာတွေ... ဆက်ပြောနေတော့... သူတို့လည်း... လက်လျှော့ သွားပုံ ရပါတယ်...။

ဘာပဲဖြစ်ဖြစ်ပါ... ကျနော့်... စာတွေက... တဆင့်... ကျနော့်ကို... ခင်မင်လာကြတဲ့... သူတွေကို... ကျနော်... လေးစား ပါတယ်...။ သူတို့ရဲ့... ထင်မြင်ချက်တွေ၊ အကြံ ပေးချက် တွေကိုလည်း... အမြဲ တန်ဖိုးထားပြီး... ဂရု တစိုက်... ပြန်လည်... ဆွေးနွေးလေ့... ရှိပါတယ်...။

ခုတော့... မိတ်ဆွေ သူငယ်ချင်းတွေ... ညီအကို...မောင်နှမတွေ... စာဖတ် သူတွေ... အားလုံးကို... တခု တော့... သိစေချင်လို့... ဒီစာကို... ရေးပါတယ်...။

ကျနော်... ဘလော့ရေးနေတာ... တနှစ်ပဲ... ရှိပါသေးတယ်...။ ကျနော်... ဘာလို့... ဘလော့ရေးနေလဲ... ဆိုတာ ဒီပို့စ် နဲ့ နောက်တခုမှာ... ဖော်ပြထားပြီးသားပါ...။ အဲ ပို့စ် နှစ်ခုကို... သွားဖတ်ကြည့်ကြစေ ချင်ပါတယ်။ ကျနော်... ခံစားရတာတွေ... ရေးတယ်...။ ခံစားရတာတွေကို... ဘလော့ပေါ် တင်တယ်...။ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့... ။ ကဗျာ ဖြစ်ချင်ဖြစ်မယ်... ၊ ပန်းချီ ဖြစ်ချင်ဖြစ်မယ်...၊ ၀တ္ထုတိုတွေလည်း... စမ်းပြီး ရေးခဲ့တယ်...၊ ဂီတ ဖွဲ့စည်းမှု... တခုခုလည်း... ဖြစ်ချင် ဖြစ်မယ်...၊ ဓါတ်ပုံတချို့... ဖြစ်ချင်ဖြစ်မယ်...၊ ဆောင်းပါး တစောင် လည်း... ဖြစ်ချင်ဖြစ်မယ်...၊ သို့သော်လည်း... ကျိန်းသေတာ... တခုကတော့... အားလုံးဟာ... ကျနော့်... ရင်ထဲက... တကယ်... ထွက်လာတာတွေ ချည်းပါပဲ...။ ဒါမဲ့... ခံစားရတာ... တခုခုကြောင့်... ရေးချင်လို့... ရေးနေ သော်လည်း... ကျနော် ရေးနေသမျှကို... လာရောက်... ဖတ်ရှုတဲ့သူ... အားလုံး... တခုခုတော့... ရသွားနိုင်ဖို့... စေတနာ ထားပြီး... ကြိုးစားခဲ့တာချည်းပါပဲ...။ ဒါပေသည့်... ဒါက... ဆုတဆုရဖို့... ကျနော်... လုပ်နေခဲ့တာ... မဟုတ်ပါ...။

သည်လိုနဲ့... ဘလော့ရေးသက်... တနှစ်အတွင်းမှာ... အသက်ရှူပုံချင်း... တူတဲ့... ရင်ခုန်သံချင်း... တူတဲ့... ဘလော်ဂါ... သူငယ်ချင်း ရောင်းရင်းတွေ... ရခဲ့ပြီးပါပြီ...။ တဦးနဲ့... တဦး... လူချင်း... မမြင်ဘူးကြသော်လည်း... စာတွေက... တဆင့်... တဦး နှလုံးသားကို... တဦး... ထိတွေ့ဖူးပြီ...။ တဦး ခံစားရတာကို... အခြား တဦးက... နားလည်နိုင်နေခဲ့ပြီ...။ ပြောရရင်... ရင်ဘတ် တူရာ... ရဲဘော်... မိတ်ဆွေ... မောင်နှမတွေ... ရှိနေခဲ့ပြီးပြီ...။

နောက်တခါ... ကျနော်.. ရေးသမျှ... စာတွေကို... ပုံမှန်လာဖတ်နေတဲ့... စာဖတ်သူတွေလည်း... ရှိနေခဲ့ပြီ...။ အပြန်အလှန်... ဆက်သွယ်မှုတွေလည်း... ရှိနေခဲ့ပြီးပါပြီ...။ စာဖတ်တဲ့သူတွေဟာ... ဘလော်ဂါတွေ... မဟုတ်ကြသော်ငြားလည်း... ဘလော်ဂါတွေရဲ့... နှလုံးသားကို... သိနေကြသူတွေပါပဲ...။

သည်အခါ... ကျနော်တို့ရဲ့... ဘလော်ဂိုစဖီးယားလေးဟာ... သူ့သက်ဆိုင်ရာ သက်ဆိုင်ရာ... အ၀န်းအ၀ိုင်းလေး တွေနဲ့... အလို အလျောက်... လည်ပတ် နေပြီးပါပြီ...။ ကျနော့် အတွက်ဆို... တခြားဘာမှ... ထပ် မလိုတော့ ပါဘူး...။ ခုလို... ကျနော် ပြောနေရတာ... အဓိပ္ပါယ် ရှိပါတယ်...။

ကဗျာ... ဖတ်တဲ့... ကြိုက်တဲ့... စာဖတ်သူတွေက... ကဗျာရေးတဲ့... ဘလော့တွေဆီ... သွားမှာပါပဲ...။ သည်လိုပဲ... ဓါတ်ပုံ စိတ်ဝင်စားသူတွေက... ဓါတ်ပုံ ဘလော့တွေဆီ...။ ပန်းချီ... စိတ်ဝင်စားသူတွေက... ပန်းချီ... ဘလော့တွေဆီ...။ တေးဂီတ... နှစ်သက်သူတွေကလည်း... သီချင်းတွေ ရှိရာဆီ...။ ဆိုတော့... ... ... ...

လိုရင်း... တိုရှင်း... အားလုံးကို... ပြောရရင်တော့... ကျနော်က.. ဘာဆုမှ... မလိုချင်ပါ...။ အဲ အတွက် ကြောင့်... ကျနော့... သူငယ်ချင်း ဘလော်ဂါ တွေရော... ကျနော့် ဘလော့ကို ဖတ်သူတွေကိုရော... ဘာ ဆု တစုံတရာ... အတွက်နဲ့မှ... ကျနော့်ကို... မဲမပေးကြဖို့နဲ့... ထို့အတူ... ဆုပေးမယ် ဆိုတဲ့... ဆရာသမားများကိုလည်း... အဲစာရင်းထဲက... ကျနော့်ကို... ဖယ်ထုတ် ပေးပါ...လို့... ပြောပါရစေ...။

ဘိုလိုပြောရရင်တော့.... Leave me alone, please!!!!!! Will you?

21 comments:

Anonymous said...

အန်ကယ်ရေ့ ကျနော်လည်း သွားတော့ကြည့်တယ် ကိုယ်မသိတဲ့ ဘလော့တွေများလို့ ၂ ခုလောက်ပဲ Vote ခဲ့တယ်း) ရင်ဘတ် တူရာ... ရဲဘော်... မိတ်ဆွေ.တွေထဲမှာ ကျနော်လည်းပါတယ် ။ဆုရရ မရရ အန်ကယ့်စာတွေဖတ်ပြီး လာဖတ်ချင်စိတ်တွေဖြစ်ကြောင်းး ။ မုန့်မကျွေးလည်း လာမယ်နော့် :P

khin oo may said...

ကြောက်လိုက်တာ အစ်ကိုရယ်. ။ အလန့်တကြားမလုပ်ပါနဲ့၊ ခေါင်းစဉ်ကြည့်ပြီး မလာရဲလို့ အသာလေး ခြေဖျားထောက်လာရတယ်။

ATN said...

တူမောင်မျိုး - ဆွေမျိုးထဲမှာ ငါ့တူပါတယ်လေး)
မခင်ဦးမေ - မကြောက်ပါနဲ့ဗျာ.. သေနတ်လည်း မဖောက်မိပါဘူး...

Anonymous said...

ရော့နော်..အလုံးထားခဲ့တယ်။ ဘော်လုံး။
ူleave me aloneဆိုလို့ :P
mm

:P said...

ခေါင်းစဉ်ကြည့်ပြီး မမကေအိုအမ်လိုပဲ...ထင်သွားတာ
ကားကိုဘယ်သူဘာနဲ့ ခြစ်ပစ်ပြန်ပြီလဲ..
အိမ်မှာ ထမင်းများ မကျက်သေးတာလား...လား..လား..လား...???????
ဆိုပြီးလာကြည့်တာ....
တော်သေးတာပေါ့.. ဒေါ်အေးသာကျော့

Moe Cho Thinn said...

အကိုတို့ ချိုသင်းတို့တွေက စာရေးရရင်ကို ပျော်နေလို့ ရေးနေကြတာ သိသာပါတယ်လေ။
ချိုသင်းလဲ ဒီဘလော့ဂ်လေး လုပ်မိပါမှ ကိုယ်ရေးချင်တာလဲ ရေးရ၊ ကိုယ့်မောင်နှမတွေလို ချစ်ရတဲ့ အကို အမ ညီ ညီမတွေလဲ ရ ဆိုတော့ ဒါကိုက တန်ဖိုး မဖြတ်နိုင်တဲ့ ဆုပါပဲ။ ဒီလောက်နဲ့ပဲ ရောင့်ရဲ ကျေနပ် ပျော်ရွှင်နေပါတယ်။
ကြည့်ပါလား.. အပေါ်မှာ ရေးသွားကြတဲ့ အမတွေ ညီမတွေကို။ မချစ်ဘယ်သူနေပါ့မယ် အကိုရယ်။

သက်ဝေ said...

လန့် လိုက်တာ... ကလူ.. ကလူ...
Butterfly come back....
Blog များ ပိတ်တော့ မလို့ လားလို့ ...

ဟူးးးးး... ခုတော့ တော်ပါသေးရဲ့ 
မ Vote နဲ့  ဆိုလဲ မ Vote ပါဘူး အကိုတော်ရယ်...
AK ကြီး ကိုလဲ ကြောက်ပါတယ်... :-P

Myo Win Zaw said...

ကောင်းလိုက်တဲ့ ဖြေရှင်းချက် ဆုတွေပိုက်ဆံတွေ ဂုဏ်တွေထက် အစ်ကိုခံစားမှု အနုပညာသာ ပိုဖတ်ခြင် ပိုတွေးခြင်းကြောင်း

ရွှန်းမီ said...

မောင်ပိစိ ပြလို့ ရောက်လာတယ်။ လွတ်လွတ်လပ်လပ် တွေးပြီးရေးတာ ကောင်းပါတယ်။ ညီမလည်း mail ပို့ပြီး နာမည်မထည့်ဖို့ ပြောလိုက်မိတယ်။

mirror said...

တို့များစိတ်ချုပ်တယ်ကွယ်။။ဘေးကနေပဲ အေးဆေးစာလာဖတ်ပါတယ်။။။
:)

With Deep Respects,
Mirror

Welcome said...

ကျွန်တော်လည်းရောက်ခဲ့တယ်။ စပ်၂စု၂နဲ့ပေါ့ သိတဲ့ ပရို(၄)ယောက်လောက်ကို (မkomအပါ) အကြိုက်ပေးခဲ့သေးတယ်။

http://winzaw-mdy.blogspot.com

mg kyi poae said...

ဒို့ကိုကြီးကလည်း အစိတ်လျှော့ အစိတ်လျှော့ အခုတလော ဘာတွေမှန်းတော့မသိဘူး။ဘလော့တွေ မှာရှုပ်ရှက်ခတ်နေတာပဲ။ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ဘာတွေလုပ်နေသလဲဆိုတာ စဉ်းစားလို့ကိုမရဘူးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဘတ်တူရာ ထဲမှာ ကျွန်တော်လဲပါတယ်နော်။ ကိုကြီးအောင် ပျော်ရွှင်ဖွယ်နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ......:D

ကလူသစ် said...

ပေးရင်လဲ ယူလိုက်ပေါ့ဗျာ။ နာမည်၊ အိမ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း အကုန်ပေးလိုက်ပေါ့။ ဟဲ။ ကိုအောင်သာငယ်တို့က ပြဿနာမဟုတ်ပါဘူး။ လူသိပြီးသားပဲ။ လူမသိသေးတဲ့သူတွေကို နှိုက်ထုတ်တာလားမသိဘူး။

ဆောင်းယွန်းလ said...

ပွင့်ပွင့်လင်းလင်းပြောရရင်.ကျနော်လည်းဒီကိစ္စကိုစိတ်
မဝင်စားသလိုလုံးဝမကြိုက်ဘူး..ကျနော်တို့ဘလော့ရေး
တယ်ဆိုတာပြိုင်ပွဲဝင်ကြဖို့အလံထူနေကြတာမဟုတ်ဘူး
နောက်ပြီးဒီကိစ္စကိုစီစဉ်တဲ့လူတွေကဘာခွင့်မှမတောင်း
ဘဲဘလော့ဂါတွေရဲ့နာမည်တွေကိုတင်ပြီးမဲပေးခိုင်းတာ
ဆိုတော့အောင့်သက်သက်ကြီးခံစားရတယ်..
ကောင်းတာလုပ်တာဘဲဆိုတိုင်း.ဒီလိုကိုယ်ထင်ရာစိတ်ကူးပေါက်တိုင်းထလုပ်တာမျိုးကို
ကျနော့်ပုဂ္ဂလိကခံစားမှုအနေနဲ့ပြောရရင်လုံးဝလက်မခံ
နိုင်ဘူးလို့ဘဲပြောချင်တယ်...
အကိုရေ..စိတ်ကိုတင်းသာထားလုံးဝမလျှော့နဲ့ဗျို့
ခင်မင်လျက်...

ဆောင်းယွန်းလ said...

ပွင့်ပွင့်လင်းလင်းပြောရရင်.ကျနော်လည်းဒီကိစ္စကိုစိတ်
မဝင်စားသလိုလုံးဝမကြိုက်ဘူး..ကျနော်တို့ဘလော့ရေး
တယ်ဆိုတာပြိုင်ပွဲဝင်ကြဖို့အလံထူနေကြတာမဟုတ်ဘူး
နောက်ပြီးဒီကိစ္စကိုစီစဉ်တဲ့လူတွေကဘာခွင့်မှမတောင်း
ဘဲဘလော့ဂါတွေရဲ့နာမည်တွေကိုတင်ပြီးမဲပေးခိုင်းတာ
ဆိုတော့အောင့်သက်သက်ကြီးခံစားရတယ်..
ကောင်းတာလုပ်တာဘဲဆိုတိုင်း.ဒီလိုကိုယ်ထင်ရာစိတ်ကူးပေါက်တိုင်းထလုပ်တာမျိုးကို
ကျနော့်ပုဂ္ဂလိကခံစားမှုအနေနဲ့ပြောရရင်လုံးဝလက်မခံ
နိုင်ဘူးလို့ဘဲပြောချင်တယ်...
အကိုရေ..စိတ်ကိုတင်းသာထားလုံးဝမလျှော့နဲ့ဗျို့
ခင်မင်လျက်...

ခင်မင်းဇော် said...

ဟုတ်တယ်
ကျမလဲ မကြိုက်ဘူး...
လွတ်လွတ်လပ်လပ် ကိုယ်ရေးချင်တာ ရေးချင်လို့ ဘလော့ရေးပါတယ် ဆိုမှ
လာပြီး ဘာဘလော့ ညာဘလော့ခွဲနေသေးတယ် ..

သစ်နက်ဆူး said...

ကိုအောင်...
ကြိုက်တယ်ဗျ...
ဘလော့ဂ်ဆိုတာ ရေးချင်တာရေးဘို့ လေ....
ဆုတွေမလိုပါဘူး...။
သိပ်တော့မပြောချင်ဘူးဗျ...
ပုတ်ခတ်သလိုဖြစ်မှာစိုးတယ်...။
နောက်ပြီးနားမလည်ဘူးဗျ...။

လင်းထက် said...

အကိုရေ ရင်ဖွင့်တာ လာကြည့်သွားတယ်..။

ATN said...

mm - ကျေးဇူးပါ...
sin dan lar - အသာ လုပ်ပါဗျာ...
Moe Cho Thinn - ဟုတ်ပါ့ ညီမရေ့...
သက်ဝေ - ဘလော့တော့ မပိတ်ပါဘူးဗျ...
ကိုမျိုးဝင်းဇော် - ကျေးဇူးပါ ညီရေ့...
ရွှန်းမီ - လွတ်လွတ်လပ်လပ်ရေးချင်တာပါပဲ...
mirror - စာပဲဖတ်...း)
ကိုဝင်းဇော် - ကျနော့် မပေး ပြီးတာပဲဗျာ...း)
mg kyi poae - ဆုတောင်းအတွက် ကျေးဇူးပါ ညီရေ့...
ကလူသစ် - အေးလေဗျာ...
ဆောင်းယွန်းလ - အတူတူပါပဲ ညီရေ့...
မခင်မင်းဇော် - ဟုတ်ပါ့ဗျာ...
ကိုသစ် - အတူတူပဲလေဗျာ...
လင်းထက် - ကျေးဇူး ညီရေ့...

Anonymous said...

အခုတလောတယောက်ထဲပတ်ရှုပ်နေလို့  မရောက်ဖြစ်ဘူး အကိုရေ။ အင်း အခုတလော ဒီကိစ္စ လူပြောများနေတယ် ။ ထားပါတော့လေ ဥာဏ်မမှီလို့  ၀င်မဆွေးနွေးတော့ဘူး။

လင်း

ဇင်ယော် said...

Leave me alone ဆိုလို့  ဘာများဖြစ်ပါလိမ့် ဆိုပြီး ပြူးပြဲဖတ်နေတာ အဟဲ ဘာမှမပူနဲ့  ကိုကြီးအောင်ရေ အလုံးလိုက်ကြီးကို ထားခဲ့တယ်ဗျ။ ဘာလုံးလည်းတော့ တားလည်းတိဘူး။