Feb 3, 2008

ကမ္ဘာထဲက ဘလော့။ ဘလော့ထဲက ကျနော်တို.


ဒီနေ. တနင်္ဂနွေနေ.ဆို တော့ ကလေးတွေ ကျောင်းပို.စရာလည်း မရှိ ကျောင်းကြိုစရာလည်း မရှိနဲ.မို. ဘလော့တွေ တော်တော်များများ လျှောက်လည်ဖြစ်တယ်။

ကိုယ်နှစ်ခြိုက်တဲ့ စာလေးတွေဖတ်ရ။ ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေ ခံစားရတော့ တခြားသူတွေကိုလည်း မျှဝေခံစားစေချင်လိုစိတ်နဲ. အဲဒီဘလော့လေးကို လင့်ခ်လုပ်ရ။ သူတို. စာလေးတွေ ကဗျာလေးတွေမှာ ကွန်မန်.၀င်ပေးလိုက်၊ သူတို.ဆီပုံးထဲ တခွက်နှစ်ခွက် ၀င်ဖြည့်လိုက်၊ သူတို.ကလည်း အပြန်အလှန် ကိုယ့်စာလေးတွေ ကဗျာလေးတွေကို ၀င်ဖတ်သွားလိုက်။ ကွန်မန်.ပေးသွားလိုက်။ ကိုယ့်ဆီပုန်းလေးထဲ တခွက်နှစ်ခွက် ၀င်ဖြည့်သွားလိုက်နဲ. အတော်လေးတော့ မြိုင်ဆိုင်စိုပြည်သား။ ဒီလိုနဲ. ရဲဘော်မိတ်ဆွေတွေလည်း အတော်လေးကို များလာ။ ကိုယ့်ဘလော့လေးကိုလည်း ကိုယ်အားရကြည်နူးလာ။ ဒီလိုနဲ. ဆရာယော ပြောသလို ကိုယ့်ဘလော့ကို တရေးနိုးထကြည့်မိတဲ့အထိ ဖြစ်သွား။ ရူးသွပ်သွားမိပုံများ ပြောပါတယ်။


ကျနော် ဒီကို စရောက်ကတည်းက မိသားစုစားဝတ်နေရေးနဲ. လုံးထွေးနေခဲ့ရတော့ အားလုံးနဲ. အဆက်ပြတ်သွားသလို ဖြစ်ခဲ့ရတယ်။ ကွန်ပြူတာလေးတလုံး ၀ယ်နိုင်ကာစကတော့ အင်တာနက်လေး ချိတ်ရင်းနဲ. သူငယ်ချင်းတချို.နဲ. မေးလ်လေးဘာလေး ပို.တာလောက်ပဲရှိခဲ့တယ်၊ ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ချိန်ထိ လောကကြီးနဲ. အဆက်ပြတ်နေမိရဲ.။

ထိုင်းနယ်စပ်မှာ ရှိနေစဉ်တုန်းကတော့ ကိုယ့်တော်လှန်ရေးအဖွဲ.အစည်းတွေရဲ. စာအုပ်ထုတ်ဝေမှုအမျိုးမျိုးမှာ ထဲထဲဝင်ဝင် ပါဝင်နေခဲ့တာပေါ့၊ ကွန်ပြူတာနဲ. မထိရတဲ့နေ.ဆိုတာမှ မရှိခဲ့ရတာ၊ အိုင်တီဆိုတာလည်း အဲဒီအချိန်တုန်းက မျက်စိဝေး နားဝေးမှ မဟုတ်တာ။

ဒီလိုနဲ. ရွှေဝါရောင်တော်လှန်ရေးမှာ အရေးပါတဲ့ ဘလော့ဂါများရဲ.အခန်းကဏ္ဍကို သတိပြုမိရာကနေ ဘလော့တွေကို တက်ကြည့်ဖြစ်ပါတော့တယ်၊ တက်ကြည့်ဖြစ်တော့မှပဲ အများတကာဟာ အားကျစရာဖြစ်နေရဲ.၊ ကျနော့် ဆရာယော ဆိုရင် ဘလော်ဂိုပိုးအက်တောင် ဖြစ်နေပြီပဲ၊ ကိုယ့်ကိုယ်ကိုလည်း အားငယ်မိပါရဲ.၊

ဒီလိုနဲ. ကျနော် ဘလော့စရေးဖို. စဉ်းစားမိပါတော့တယ်၊ ဘလော့လေးကို စရေးမယ်ဆိုတော့ ဘာစလုပ်ရမှန်းလည်း မသိဘူး၊ လူရွှင်တော်ကြီး ဦးကြင်ခဲ ပြောသလိုပဲ - ကလေးတယောက် မွေးမိပါတယ် ဘယ်သူ. အဖေခေါ်ရမှန်း မသိဘူး-ဆိုတာလိုမျိုး ဘလော့လေးတခု ဆောက်ချင်ပါတယ် ဘယ်သူ. အကူအညီ တောင်းရမှန်း မသိဘူး၊ ပြီးတော့ ဘယ်သူ.ကိုမှ အားမကိုးတတ်တဲ့ ကိုယ့်ရဲ.ဉာဉ်ဆိုးလေးကလည်းရှိဆိုတော့ ဘယ်သူ.ကိုမှ အကူအညီမတောင်းမိဘူး။ ဒီလိုနဲ. ကျနော်နေတဲ့ မြို.ကလေးက စာကြည့်တိုက်ကိုသွားပြီး မွှေနှောက်မိပါတော့တယ်၊ နောက်ဆုံးမှာ (Elizabeth Castro) ရေးတဲ့ (Publishing a Blog with Blogger) ဆိုတဲ့ စာအုပ်ကလေးကို သွားတွေ.ပါတော့တယ်၊ အဲဒီစာအုပ်ကလေး ဘေးမှာထားရင်း ကျနော့် ဘလော့လေးကို တည်ဆောက်ခဲ့ပါကြောင်း၊

ဒါပေမယ့် ပြဿနာတွေကရှိနေသေးတယ်။ သူ.စာအုပ်က ဗမာလို ဘလော့မှာ ဘယ်လိုတင်ရမယ်ဆိုတာ မပါပါဘူး၊ ဒါနဲ. ရှိပြီးသား ဘလော့ဂါများရဲ. ဘလော့တွေမှာ ဆည်းပူးရပါတော့တယ်၊ စေတန်ဂေါ့ရဲ့ ဘလော့လုပ်နည်း။ ညီလင်းဆက်ရဲ. ဘလော့လုပ်မယ်ဆိုရင်။ အဲဒါတွေအားလုံး ကျနော့် ဆရာသမားများပါ့၊ ကျေးဇူးကြီးမားလှပါပေ့ ဆရာသမားများ၊ သင်တို.၏ Contribution များ မပါလျှင် ကျနော်တို. ဘလော့တွေ အသက်ဝင်လေမည်မဟုတ်၊

ဒီလိုနဲ. ကျနော့် ဘလော့လေးကို ဘလော့ဂါလောကထဲ မရဲတရဲ တိုးရှဲဖြတ်သန်းကြည့်ခဲ့တယ်၊ ၂၀၀၇ ဒီဇင်ဘာထဲမှာ။ ဘလော့လေးတင်ထားပြီးတော့ နှစ်ရက် သုံးရက် ထိုင်စောင့်ကြည့်တယ်၊ ဘယ်သူမှလည်း လာမလည်ကြပါလား၊ ဈေးထဲမှာလိုမျိုး - ဟောဒီမှာ ဘလော့တွေနော် လတ်လတ်ဆတ်ဆတ်လေး - ဆိုပြီး အော်ရောင်းလို.လည်း ရတာမဟုတ်တော့ ခက်သား။ ဒါနဲ. တခုခုတော့ ဆောင်ရွက်မှဖြစ်ချေမည်ဆိုပြီး ကျနော့်ရဲ. အချစ်ဆုံးသူငယ်ချင်းလည်းဟုတ်၊ အကိုဆိုလည်းဟုတ်၊ ဆရာဆိုလည်းဟုတ်တဲ့ ကိုလွမ်းဏီကို ကျနော့်ဘလော့ တင်ထားကြောင်း ကြေငြာမောင်းခတ်ရပါတယ်၊ ဒါပေမယ့် ပထမဆုံးလာလည်သူက မာန်လှိုင်းငယ်ပါ။ သူက အဆင်ပြေပါစေဗျာ-လို. ဆီပုံးထဲ တခွက်ထည့်သွားပါတယ်၊ နောက်တော့ ကိုလွမ်းဏီပါ၊ သူကလည်း ကျနော့်ကို အားပေးပါတယ် - ငါလာသည်။ ငါမြင်သည်။ ငါအောင်ပွဲခံဦးမည် - ဆိုပြီး ကျနော့်ဆီပုံးထဲ ဆီပူတွေ လောင်းထည့်သွားပါရဲ.၊ အားနားပါးနာ မင်းကဗျာလေးတွေ ခံစားသွားပါရဲ.တောင် မပြောဘူး၊ (ဆန်ရင်း နာနာဖွတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်)၊

နောက်တယောက်ကတော့ ဆရာနှင်းခါးမိုး၊ သူ.ကိုတော့ ကျနော်တို. မကဒတရဲ. အစောဆုံးထွက်ခဲ့တဲ့ ဒေါင်းအိုးဝေတွေမှာ ဖော်ပြခဲ့တဲ့ သူ.ကဗျာတွေဖတ်ပြီး လေးစားမိတဲ့သူ။ လူချင်းတော့ ခုထိ မတွေ.ဖူးသေးပါဘူး။ တနေ.နေ.တော့ တွေ.နိုင်မယ်လို. မျှော်လင့်ထားရဲ.၊ -အမှန်တရားအတွက် အသက်စွန်.ခဲ့တာမှာ၊ ကျနော်ဟာ ပထမဆုံး မဟုတ်သလို၊ နောက်ဆုံးလည်း မဟုတ်ခဲ့ပါဘူး အဖေ- အဲဒီစာကိုဖတ်မိကတည်းက ၀ိဉာဉ်ရဲ.တင်းနေတဲ့ ကြိုးတွေအပေါ် ကျနော့်ဘ၀ကို တင်ခဲ့တာပေါ့- ဆိုတဲ့ သူ.ကဗျာက ကျနော့်ကို အားအင်တွေသွင်းပေးခဲ့ဖူးတယ်၊ သူ ကျနော့်ဘလော့ကို လာလည်တော့ - လာလည်ပါတယ်ဗျာ။ ကျနော့်အကိုကြီး အောင်ပွဲခံနေလို. တိုးတိုးလေးနှုတ်ဆက်သွားတယ်၊ မင်္ဂလာပါဗျာ-လို. ကျနော့်ဆီပုံးလေးထဲ နှင်းခဲတွေ လောင်းထည့်သွားရဲ.။ (ကျေးဇူးပါ ကိုဝေလင်း။)

ဒီလိုနဲ. ကျနော့် ဘလော့လေး အသက်ဆက်ခဲ့တယ်၊ အပြန်အလှန် ကူးလူးခံစားကြရင်းနဲ. မိတ်ဆွေ ရဲဘော်ရင်းတွေ ရခဲ့တယ်၊ ကျနော် အားရကျေနပ်နေခဲ့တယ်။ အပြန်အလှန် နားလည်ကြ၊ အပြန်အလှန် ခံစားကြ။ ဒီလိုနဲ. မိခင်မြေရဲ.အဝေးမှာ ကျနော်တို. တယောက်နဲ.တယောက် နီးလာခဲ့ကြတယ်၊ ကျနော်တို. တယောက်နဲ. တယောက် မဝေးနိုင်ကြတော့ဘူး။ ကျနော်တို. အထီးမကျန်ကြတော့ဘူး၊ ဟော့ဒီကမ္ဘာကြီးထဲ ကျနော် တယောက်ထဲ မဟုတ်တော့ဘူး၊ ကျနော့် ညီအကိုမောင်နှမတွေ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်ဟာ အားနည်းနေတဲ့ ကျနော့်နှလုံးသားထဲ အန္တိမစွမ်းအားတွေ ဖြည့်ခဲ့ပေါ့။ စဉ်းစားမိတိုင်း ကျနော် မျက်ရည်ဝဲတယ်။ ၀မ်းသာလွန်းလို.ပါ၊

ကျနော်တို.ဟာ ဗမာတွေ။ ကျနော်တို.ဟာ ကျောင်းသားတွေ။ ကျနော်တို.ဟာ တရားမျှတမှုကို လိုလားသူတွေ။ ကျနော်တို.ဟာ ကိုယ့်အမိမြေကို ချစ်သူတွေ။ ကျနော်တို.ဟာ နှလုံးသားရှိသူတွေ။

အဲဒီ နှလုံးသားတွေနဲ. မှောင်မဲနေတဲ့ ကျင်းထဲ ကျနော်တို. ဘ၀တွေကို မျိုးစေ့တခုလို ထည့် ဒဏ်ရာ အနာတရ မြေတွေနဲ.ဖို. အလင်းရောင်ဆိုတဲ့ ပန်းပွင့်ဖို. အရိုးသားဆုံး ရင်းနှီးခဲ့တယ်။ အချိန်ကာလဆိုတဲ့ ပဉ္စလက်ဆရာက ခွင့်ပေးတဲ့တနေ. ကျနော်တို.ပန်းတွေ အစွမ်းကုန် ပွင့်ဖူးမယ်။ ကျနော်ယုံတယ်။

5 comments:

Saung Yune La (aka) Way said...

ကျနော်လည်းမညာတမ်းဝန်ခံရရင်တရေးနိုးထကြည့်
တတ်တဲ့အကျင့်ရှိနေတာကြာပြီအကိုရ....
အမြဲအားပေးနေပါတယ်ဗျာ....

Nyein Chan Aung said...

ကျနော်တို.ဟာ ဗမာတွေ။ ကျနော်တို.ဟာ ကျောင်းသားတွေ။ ကျနော်တို.ဟာ တရားမျှတမှုကို လိုလားသူတွေ။ ကျနော်တို.ဟာ ကိုယ့်အမိမြေကို ချစ်သူတွေ။ ကျနော်တို.ဟာ နှလုံးသားရှိသူတွေ။

အဲဒီနှလုံးသားတွေနဲ. မှောင်မဲနေတဲ့ ကျင်းထဲ ကျနော်တို. ဘ၀တွေကို မျိုးစေ့တခုလို ထည့် ဒဏ်ရာအနာတရမြေတွေနဲ.ဖို. အလင်းရောင်ဆိုတဲ့ ပန်းပွင့်ဖို. အရိုးသားဆုံး ရင်းနှီးခဲ့တယ်။ အချိန်ကာလဆိုတဲ့ ပစ္စလက်ဆရာက ခွင့်ပေးတဲ့တနေ. ကျနော်တို.ပန်းတွေ အစွမ်းကုန် ပွင့်ဖူးမယ်။ ကျနော်ယုံတယ်။

ထပ်တူထပ်မျှခံစားမိ ပါတယ်အစ်ကို။

pandora said...

ကျနော်တို့လည်း ရှိနေပါကြောင်း

ပိတ်ရက်ထဲမှ အစ်ကို့စာတွေ သေချာ လာထပ်ဖတ်ပါဦးမယ်။

စိုးထက် - Soe Htet ! said...

ကျွန်တော်လည်း အခုမှ အေးအေး ဆေးဆေး ဖတ် ဖြစ်သွားတယ် အစ်ကိုရေ ... ဂျီမေးတော့ မသိလို့ မှန်းပြီး အက်ထား လိုက်တယ် ... ကျေးဇူး အစ်ကိုရေ ...

Anonymous said...

ကိုအောင်သာငယ် , အခုရော အကို့ရဲ့  ဘလော့ဂ်ကို တရေးနိုးထကြည့်တုန်းဘဲလား ? ကျမဘလော့ဂ်ဖတ်တဲ့သူတယောက်ကတော့ တရေးနိုး ထပြီးဖတ်ဖြစ်နေလို့ အိမ်ကအမျိုးသားကတောင် ပြောနေပြီရော....ဘလော့ဂ်တွေဖတ်ချင်နေတဲ့စိတ်ကို ဘယ်လိုလျော့ရပါ့...........အခုတလော ကြာပြီနော် ကိုအောင်သာငယ်ရဲ့  ပို့စ်အသစ်စက်စက်လေးတွေ မဖတ်ရဖူးနော်....အချိန်ရရင် ဆားမချက်ထားတာလေး ဖတ်ပါရစေ....ဖတ်ရမယ်ဆိုရင် ကျေးဇူးပါရှင်...ဘလော့ဂ်ဂါဆို့ရင်လဲကောင်းသား တဂ်လိုက်ပါတယ်...
အကို့ရဲ့  ဒီပို့စ်အဟောင်းလေးဖတ်ပြီး စိတ်ထဲပေါ်လာတာနဲ့ ရေးလိုက်မိပါတယ်......( mie nge )