Aug 4, 2009

အရေးတော်ပုံ
















ရှစ်လေးလုံး တဲ့
သွေးဆုံးတဲ့ မိန်းမသဘာဝ မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
သွေးနဲ့ ထုံးထားတဲ့ ပန်းတကုံး ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
နှလုံးရောဂါသည် မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
ကျုံးရေပြင်ထက်က ကြာပန်းငွေစင် ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တောပြုန်းတဲ့ တောင် မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
လှိုင်းဖုံးလို့  မကြို့တဲ့ ဗေဒါ ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
သတင်းစာရှင်းလင်းပွဲက မိုက်ခရိုဖုန်း မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
အဆုံးရှိတဲ့ လမ်းဖြောင့်တခု ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အသွားတုံးနေတဲ့ ဓား မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
မဆုံးရှုံးတဲ့ သမိုင်းကြွေး ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တုံးအောက်က ဖား မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
အနာဂတ် ဂုံးကျော်တံတား ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အင်းစိန် အကျဉ်းခုံရုံး မဟုတ်ဘူး။

ရှစ်လေးလုံး တဲ့
ဖုံးဖိထားမရတဲ့ တရားတဘောင်ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
မဆုံးတဲ့ ပေးဆပ်မှု ဖြစ်တယ်

ငါတို့ အားလုံးရဲ့ အရေးတော်ပုံ ဖြစ်ပြီးရင်း ဖြစ်။ ။

မောင်လွမ်းဏီ

၎-၈-၀၉

3 comments:

ဒူကဘာ said...

သိပ်ကောင်းတဲ့ ကဗျာ ဗိုက်တာမင်များလို အင်အားတွေ ရတယ်။

Anonymous said...

လမ်းဖြောင့်တခုရဲ့  အဆုံးကို မြန်မြန်ရောက်ဖို့လိုတယ်...

mie nge

ကိုလူထွေး said...

ရှစ်လေးလုံးလမ်းဖြောင့်ကို ဆက်ဖောက်ရင်း ဆက်လျှောက်ကြစို့...