
အဝေးဆုံး သွားမယ်...
အဲသည်လိုပြောပြီး
လမ်းတကာ တလျှောက်မှာ
ကင်းခြေများ ခြေထောက်တွေ
ငါ လိုက်ကောက်ခဲ့ ...
စိတ်နောက် ကိုယ်ပါ...
အရုပ်ဆိုးနေတဲ့
ချုပ်ရိုးတွေနဲ့ ကောင်းကင်ကြီး
သက်တန့်တစီးနဲ့
ငါ့ကို ပြန်ပြီး မဲ့ပြ...
လမ်းကို ဖဲ့ဖဲ့စားသွားတဲ့ ကြမ္မာ
အိုနာကန်းကျိုှး
ချုပ်ရိုးပျောက် အနာ
မမြင်ရတဲ့ အမာရွတ် လှလှ
ဒဏ်ရာတွေရခဲ့ဖူးတာတောင်
မေ့ခဲ့ပေါ့ ...
အခုတော့
လမ်းတွေနောက်
လိုက် မလျှောက်ချင်တော့ဘူး...
ပင်လယ်ဆီပဲ ငါ သွားမယ်...
ပင်လယ်မှာ လမ်း မရှိဘူး...
ပင်လယ်မှာ ကမ်းပဲ ရှိတယ်...
ပင်လယ်မှာ လမ်း မလိုဘူး...
ပင်လယ်မှာ လမ်း မပျောက်ဘူး...
တဖက်ကမ်းရောက်အောင်
ရွက်လွှင့်ရုံ... ...
သည်လိုနဲ့ပဲ
ပင်လယ်ကို ငါ ချစ်ခဲ့တယ်
နင့်နင့်သည်းသည်း...
ပင်လယ်ရေ့...
ငါ့ကို ကြိုပါ...
ATN
8 comments:
Nice poem.
Wish you for having Happy days in your life.
I feel something for some young people in last 20 years ago.
Anyway, don't give up.
Regards
(mama)
ပင်လယ်မှာ လမ်းမရှိ လမ်းမပျောက်ပေမယ့် အဲဒီကမ်းကို ရောက်ဖို့တော့ လိုမယ်နော်။
ကဗျာလေးကောင်းပါတယ်။
ပင်လယ်ရဲ့ တဖက်မှာ ဘာရှိမလဲ ..
ရောက်အောင်သွားကြည့်ဖို့တော့ လိုမယ် ..
(ရွှေဝါပြည်ကို လင့်ခ်ချိတ်ထားတာ ကျေးဇူးပါပဲ။)
မမြင်ရတဲ့ အမာရွတ် လှလှ
ဒဏ်ရာတွေရခဲ့ဖူးတာတောင်
မေ့ခဲ့ပေါ့ ...။ အဲဒါလေး ဖတ်ရတော့ ကိုယ့်ကိုကိုယ် စိတ်ပေါက်သွားတယ်။ အမာရွတ်တွေက လှပနေတော့ ချုပ်ရိုးချုပ်သား မသိသာတော့ ဒဏ်ရာကိုလဲ မေ့တောင်မေ့နေတာ။ တကယ်ဆိုဗျာ။။။
လမ်းကို ဖဲ့ဖဲ့စားသွားတဲ့ ကြမ္မာ
အိုနာကန်းကျိုှး
ချုပ်ရိုးပျောက် အနာ
မမြင်ရတဲ့ အမာရွတ် လှလှ
ဒဏ်ရာတွေရခဲ့ဖူးတာတောင်
မေ့ခဲ့ပေါ့ ...
ကဗျာလေးကြိုက်လိုက်တာ။
အခုတော့
လမ်းတွေနောက်
လိုက် မလျှောက်ချင်တော့ဘူး...
ပင်လယ်ဆီပဲ ငါ သွားမယ်...
ဘာပဲဖြစ်ဖြစ် ပင်လယ်ဆီအရောက်သွားချင်စိတ်ပေါ်လာတယ်။
ပင်လယ်ထဲ လမ်းမှားရင် သွားချင်ရာကို မရောက် ထွက်ခဲ့တဲ့နေရာ ပြန်ရောက်တတ်တယ် အကိုရ။
မအယ်
လမ်းတွေက ကွေ့ကောက်တယ်။ ပင်လယ်က နက်ရှိုင်းတယ်။ အကိုကတော့ ပင်လယ်ရွေးလိုက်ပြီလားဗျ။ :)
ကျွန်တော်ကတော့ ဘယ်ပေါ်မှာမှန်းကို ကိုယ့်ဘာသာကိုယ် မသိသေးဘူး
ဟုတ်ပါတယ် ကိုအောင်သာငယ်ရေ..
လမ်းမပြောက်ဘူး ဆိုပေမယ့်
ကမ်းရောက်ဖို့ကလည်း.. အတော်လေးကို လှော်ခတ်ရအုံးမှာပေါ့.. လှော်ရင်လှော်ရင်.. မောပန်းလာလို့ အားလျှော့လို့တော့ မဖြစ်ဘူးပေါ့ဗျာ..
ခံစားတတ်သလို ခံစားသွားပါတယ်..
ခင်မင်စွာဖြင့်
စည်သူ။
Post a Comment