Dec 2, 2010

ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

မြတ်နိုးတွယ်တာသမျှရယ် 
မျှော်လင့်ချက်များစွာနဲ့ စောင့်စားခဲ့တဲ့ အချိန်များစွာ...
ကိုယ်နဲ့ မထိုက်မတန်ဖြစ်မယ်မှန်းကိုတော့ 
ကြိုတင်ကာ မစဉ်းစားခဲ့မိဘူး...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

သူ့ရဲ့ကြည်ဖြူမှုအပေါ် ကျေနပ်ရလောက်အောင်လည်း 
မပြုစုမတုံ့ပြန်နိုင်ခဲ့ပါ...
အရာရာတိုင်းမှာ ချို့တဲ့လွန်းခဲ့တော့ 
ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

မဆုံးသော ခင်မင်မှုနဲ့ ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ် မထင်ဘူးကွယ်...
အခြေအနေ အဖြစ်မှန် အသိနောက်ကျခဲ့မှန်း
ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...


Get this widget | Track details | eSnips Social DNA

3 comments:

Anonymous said...

ပြန်ခံစားသွားတယ်..ဗျို့..( အစောဆုံးပြန်ခဲ့ပါ နှင်းသက်သက်ဝေကို မမေမေ့နဲ့အုံး...အားပေးမလို့)

ကျော်နိုင်

khin oo may said...

ကြိုက်တယ်။ အကြိမ်ကြီမ်နားထောင်ခဲ့ဘူးတယ်။ ပြန်နားထောင်သွားတယ်။

သဒ္ဓါလှိုင်း said...

တသက်တာမဝေးချင်ပါဘူးအကိုရေ...။

မိညီမအိန်ဂျယ်