Nov 16, 2010

အမည်ပေးဖို့ရာ မနေ့ညက ငါမေ့သွားတဲ့ ကဗျာ













တဖြည်းဖြည်းချင်း အလျင်အမြန် နံရံပေါ်ချိတ်ထားတဲ့ ငါ့ရဲ့ပြက္ခဒိန်လေး အရိုးဆွေး ပိန်ပိန်ကျလာရခြင်း အကြောင်းကို သောကများနဲ့ ဖောင်းကားနေတဲ့ စွယ်တော် ရွက်ကလေးခမျာ မသိရှာလေတော့ မရယ်မောနိုင်ရှာပေါ့ နှစ်လွှာပေါင်းဖို့ရာ နှစ်နှလီ ဘယ်လောက်လဲ သင်အံကျက်မှတ်နေရပါသော အချိန်ကာလများ မောင့်အား နှိပ်စက်ကြပါပေ ကမ်းခြေမဲ့သွားသော ပင်လယ်များ သင့်အား ကျိန်ဆဲသွားသောအခါ မာယာ ဘာညာ ပလိစိချောက်ချက် နံနက်ခင်း အလင်းတံခါးများအကြား မြစ်များ ကန့်လန့်ဖြတ်စီးဆင်းရင်း ချစ်ခြင်းမေတ္တာအဖြစ် ပစ်ဇာတချပ်ကို လက်ထပ် စာချုပ် အဖြစ် စွဲမှတ် ယုံကြည်ခဲ့သူများ ကံကြမ္မာအား သွားဖြီးပြလိုက်ရုံမျှဖြင့်  နှင်းဆီပန်းများ ပွင့်ခဲ့ပါလိမ့်မည်ဟု သင်တို့အစား ကျွန်ုပ် မယုံကြည်ပါ ဆိုသောအခါ ကမ္ဘာမြေ ဖျားနာ နေထိုင် ကောင်းရုံ ချောင်းဆိုးရုံ နှာစေးရုံ ရှိရှိသမျှ အကုန် ဟုတ်ဟုတ် မဟုတ်ဟုတ် အလံစိမ်းများ လွှင့်ထူ သူလိုကိုယ်လိုနေ့တွေအပေါ်မှာ ငါ့နံမည် မပါစေနဲ့လို့ ကိုယ့်ကိုယ်ကို ပြောမိသော ၀က်တကောင်ကို လိပ်ပြာများက မည်သို့သော မှတ်ချက်များမှ ပေးမသွားပါဟု နားစွန်နားဖျား ကြားလိုက်မိသော စက်ရုပ်ခမျာ ဂူးဂဲဆာ့ခ်ျအင်ဂျင်အားဖြင့် ငါးပါးမြောက် ဓါတ်ကြီးကို စိတ်ညွတ်လေသည် ဆိုသောအခါ ကျွန်ုပ်မှာ ပြောစရာစကား ကုန်ပါပြီ...

2 comments:

Anonymous said...

ဘာတွေမှန်း မသိဘူး ဟီးဟီး ထူးမြတ်ကလည်း အဲ့လိုမျိုး ရေးထားတာ ရှိတယ် သူရေးတာက တကယ် ဖတ်ကောင်းတယ်။ :)

မအယ်

Khinmarlaraung said...

ပထမဆုံး ဖတ်ဖူးတဲ့ အမောဆုံး စာရှည်ပါ။ :)
ဖတ်နေရင်း ရပ်လို့ မရပဲ အောက်ဆုံး ရောက်ခဲ့တာတောင် (။) ဒါလေး ပျောက်နေလို့ 
မောသွားရတာပါ။ ဘာပဲဖြစ်ဖြစ်ပါ စာရေးသူ...
ဟာသဥာဏ် ရွှင်ပုံများ...:)

...ခင်မင်လျှက်..ခင်မာလာအောင်..:)