Nov 13, 2010

သည်လိုပါပဲ ညီမလေးရယ်...













တိုက်ပွဲတွေဖြစ်နေတယ်...အကို...
အဲသလို... စိုးရိမ်တုန်လှုပ်ခြောက်ခြားစွာ...
ညီမလေးက ပြောရှာတယ်...

ငါကတော့...
ကျောက်ရုပ်လိုမျိုး...
မတုန်မလှုပ်...

ငါသိတယ်...
ညီမလေးက...
ကျောက်ရုပ်တွေကိုမှ... မတွေ့ဖူးသေးတာ...

ဒါနဲ့...
အေးဆေးပါပဲ...
ညီမလေးကို...
ငါ... ပြန်ပြောလိုက်တယ်...

ညီမလေးရဲ့...
မကြောက်နဲ့... 
နင့်ရဲ့ကျောက်ရုပ်ကို...
နင့်ရဲ့ရုပ်ကြွင်းတွေကြားထဲမှာပဲ...
ပြန်ရှာလိုက်ပါ... လို့...

ATN

1 comment:

Anonymous said...

အင်းးးးးးးးးးးးးးးးးး
အားလုံးပဲ ကျောက်ရုပ်တွေသာ ဖြစ်လိုက်ပါတော့။
ဒါမှလဲ အားလုံး နာကျင်ရခြင်းက ကင်းလွတ်သွားမှာ..
...ခင်မင်လျှက်...ခင်မာလာအောင်...:)