Apr 30, 2009

ငါတို့ပြန်ဆုံကြတဲ့အခါ












ငါတို့ ပြန်ဆုံကြတဲ့အခါ....
ကမ္ဘာမြေဟာ အတောက်ပဆုံး လင်းလို့
တဦးက ဂစ်တာတီးရင်
တယောက်က သီချင်း ငြည်းလိမ့်မယ်.......

ငါတို့ ပြန်ဆုံကြတဲ့အခါ...
လေစီးကြောင်းထဲ ပန်းရနံ့တွေ ချိုသင်း ထုံအီလို့
တယောက်ရဲ့ ဒဏ်ရာကို
တဦးက ကြင်နာစွာ အနာဖေးခွာလိမ့်မယ်.......

ငါတို့ ပြန်ဆုံကြတဲ့အခါ........
တောက်ပတဲ့ မီးလင်းဖို နံဘေး
သူရာရည် ယစ်မူးရင်း
ငါ့တို့ရဲ့ နာကျင်ခဲ့မှုတွေကို
ရယ်သွမ်းဖွဲ့ ပြန်ပြောင်းပြောကြလိမ့်မယ်.......

ငါတို့ ပြန်ဆုံကြတဲ့အခါ
စီးဆင်းနေတဲ့ မြစ်ရေတွေကို ကြည့်ရင်း
တဦးရဲ့ အောင်မြင်မှုကို
တယောက်က ထောပနာ ပြုလိမ့်မယ်........

ငါတို့ ပြန်ဆုံနိုင်မယ့်အခါ.........
ငါ့လည်ပင်းရှည်ကလေးကိုသာ
ညောင်ရေအိုးလေးလို
အသာအယာ ပွတ်သပ်ပေးနေမိတော့တယ်......။

မောင်ဖုန်းမြင့်

ကိုအောင်သာ ငယ်က သူ့ပို့စ်ထဲမှာ သူမြင်ချင် ဆုံချင်နေတဲ့ လူတွေအကြောင်းကို ရေးထားပါတယ်။ ကျနော်တို့ တွေ ပြန်ဆုံဖြစ်ကြရင် ဖြစ်လာမယ့် ချစ်ခြင်း မေတ္တာတွေ အတွက် သူ့ကိုယ်စားခံစား ပြီး ရေးလိုက်မိတာပါ...။

7 comments:

  1. ငါတို့ ပြန်ဆုံကြတဲ့အခါ
    ..............
    ..............
    mnhy

    ReplyDelete
  2. ပါးကလေးပွတ်ရင်ပိုမကောင်းလား။

    ReplyDelete
  3. 'ငါတို့ ပြန်ဆုံနိုင်မယ့်အခါ.........
    ငါ့လည်ပင်းရှည်ကလေးကိုသာ
    ညောင်ရေအိုးလေးလို
    အသာအယာ ပွတ်သပ်ပေးနေမိတော့တယ်......။'

    အဲ့ဒီ့အပိုဒ်ကိုဖတ်ပြီး လည်ပင်းယားကျိကျိဖြစ်လာတယ်။

    ReplyDelete
  4.ှု'ငါတို့ ပြန်ဆုံနိုင်မယ့်အခါ.........
    ....”
    ကဗျာဖတ်ပြီး ဝေးကွာခြင်းရသကို ခံစားနေမိဆဲ အပေါ်က comment ကြောင့် ရယ်လိုက်မိပါတယ်။ :)

    ReplyDelete
  5. ကဗျာလေးက ကောင်းလိုက်တာ အရမ်းပဲ။ ကိုဖုန်းမြင့် ကို ချီးကျူးမိပါတယ်။
    ညောင်ရေအိုးလောက်ဆို တော်သေးတာပေါ့။ သစ်ကုလားအုတ်လောက် ဖြစ်နေပြီ ထင်တာ။

    ကဗျာထဲမှာ ချိုသင်း နံမည်ပါတယ်။ ဒါနဲ့ တွဲရက် ချိုသင်း ထုံအီ ဆိုတော့ ထုံတာက ဘာလို့ ပါလာရပြန်တာလဲလေ။ :)

    ReplyDelete
  6. မြန်မြန်ပြန်ဆုံရပါစေလို့  ဆုတောင်းပါတယ်ဗျာ...
    မျှော်ရတာ လည်ပင်းတွေလဲ ရှည်လှပေါ့...

    ReplyDelete
  7. ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ် ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...