Apr 22, 2009

မြစ်တစင်းကို ချစ်ခင်ခြင်း






















မြစ်တစင်းကိုချစ်ခင်ခြင်း

လေ မငြိမ်တဲ့ မြစ်
ရေ တိမ်တဲ့ မြစ်...
အနေ မတတ်တဲ့ မြစ်
ရေ ငတ်တဲ့ မြစ်...
ထီ မထင်တဲ့ မြစ်
ကြည် လင်တဲ့ မြစ်...
နေ မထိုးတဲ့ မြစ်
ရေ ဆိုးတဲ့ မြစ်...
ရင် တကယ် မကွဲဖြစ်တဲ့ မြစ်
ပင်လယ်ထဲ နစ်တဲ့ မြစ်...
လေ ချွန်နေတဲ့ မြစ်
ရေတံခွန်တွေနဲ့ မြစ်...
အချိန် ပေါများတဲ့ မြစ်
တိမ်ကောသွားတဲ့ မြစ်...
အမှိုက် မျောတဲ့ မြစ်
ဒိုက်သရောနဲ့ မြစ်...
အချိန် ပိုနေတဲ့ မြစ်
အရှိန် လိုနေတဲ့ မြစ်...
အိမ် မရှိတဲ့ မြစ်
အချိန် မသိတဲ့ မြစ်...
ငါး မနေတဲ့ မြစ်
ဖား သေတဲ့ မြစ်...
အလင်း မရှိတဲ့ မြစ်
ပျင်းရိတဲ့ မြစ်...
ချောင်း ဖြစ်သွားတဲ့ မြစ်
အလောင်း နစ်သွားတဲ့ မြစ်...
လောဘ ကြီးတဲ့ မြစ်
ဒေါသ မီးနဲ့ မြစ်...
ရန်ဖြစ်ချင်နေတဲ့ မြစ်
ပြန်ချစ်ခင်နေတဲ့ မြစ်...
စိတ်ပျော်နေတဲ့ မြစ်
အိပ်ပျော်နေတဲ့ မြစ်...
မြေပုံပေါ် ရောက်နေတဲ့ မြစ်
မြေပုံတွေ ပျောက်နေတဲ့ မြစ်...
မြစ်တွေ...
မြစ်တွေ...
အမျိုးမျိုးပါပဲလေ...

ကျနော်ကတော့
ဘ၀ ကမ်းပါး၊ စကား တိုးညှင်း
နှင်းပွင့် ထွေးပွေ့၊ သိမ်မွေ့ ညင်သာ
သောင်ပြင် လွလွ၊ သဲဖြူ မွမွ
လှတ ပတ၊ ငွေလရောင် ဆမ်း
ည အနမ်းမှာ၊ ပန်းတို့ စီးမျော
သောက ချန်ရစ်၊ မြစ်ပြန်ဖြစ်တဲ့
ရိုးရိုးသားသား မြစ်ကလေးတစင်းကိုပဲ
ချစ်ခင်ရင်းနှီးနေပါပေါ့...

ATN

10 comments:

  1. နောက်ဆုံးအပိုဒ်လေးကို အရမ်းနှစ်သက်မိတယ် အကိုရေ
    ကျေးဇူး ဒီလို ကဗျာလေးကို တင်ထားပေးတဲ့အတွက် တင်တာတင် အားပေးနေတယ် မတင်ပဲ မနေနဲ့နော် အဟဲဟဲ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. အကို့မြစ်ကလေးက ဒီလောက် သာယာနေတာ၊ မချစ်ဘယ်သူ ရှိပါ့မယ်။

    ReplyDelete
  3. မြစ်နဲ့အတူ မျောပါမိတယ် အကိုရေ
    အချပိုဒ်လေး အရမ်းလှတယ် ကောင်းသောနေ့ပါ :)

    ReplyDelete
  4. 'ဘ၀ ကမ်းပါး၊ စကား တိုးညှင်း
    နှင်းပွင့် ထွေးပွေ့၊ သိမ်မွေ့ ညင်သာ
    သောင်ပြင် လွလွ၊ သဲဖြူ မွမွ '

    ခေတ်ပေါ်ကဗျာမှာ လေးလုံးစပ်ကလေးရောထားတဲ့ ထူးအံ့နှစ်သက်ဖွယ်...

    ReplyDelete
  5. ကျနော်ကတော့
    ဘ၀ ကမ်းပါး၊ စကား တိုးညှင်း
    နှင်းပွင့် ထွေးပွေ့၊ သိမ်မွေ့ ညင်သာ
    သောင်ပြင် လွလွ၊ သဲဖြူ မွမွ
    လှတ ပတ၊
    ငွေလရောင် ဆမ်း ည အနမ်းမှာ၊
    ပန်းတို့ စီးမျော
    သောက ချန်ရစ်၊ မြစ်ပြန်ဖြစ်တဲ့
    ရိုးရိုးသားသား မြစ်ကလေးတစင်းကိုပဲ
    ချစ်ခင်ရင်းနှီးနေပါပေါ့...

    ကဗျာလေး ခံစားဖို. အခွင်.ပေးတာ ကျေးဇူးပါ အကို ..
    စောင်.ဖတ်နေပါတယ် ၊၊

    ReplyDelete
  6. အန်ကယ်ချစ်ခင်ရင်းနှီးနေတဲ့မြစ်ကလေးက တကယ့် ငြိမ်းချမ်းမယ့် နေရာလေးပဲ ။

    ReplyDelete
  7. ကိုအောင်သာငယ်က စိတ်တိုင်းမကျပေမယ့် ကျနော်ကတော့ ဒီကဗျာလေးကို ကြိုက်တယ်။

    ReplyDelete
  8. မြစ်တစ်စင်းမှာ အဲလောက်ထိ ဝိသေသနတွေ များလိမ့်မယ်မှန်း ကျွန်တော် တစ်ခါမှ မစဉ်းစာမိဘူး...

    ReplyDelete
  9. ကိုကြီးရေ၊

    ကျနော်အကြိုက်ဆုံးမြစ်တွေကတာ့

    ထီ မထင်တဲ့ မြစ်
    ကြည် လင်တဲ့ မြစ်..

    ရင် တကယ် မကွဲဖြစ်တဲ့ မြစ်
    ပင်လယ်ထဲ နစ်တဲ့ မြစ်...
    လေ ချွန်နေတဲ့ မြစ်
    ရေတံခွန်တွေနဲ့ မြစ်...

    နှင်းပွင့် ထွေးပွေ့၊ သိမ်မွေ့ ညင်သာ
    သောင်ပြင် လွလွ၊ သဲဖြူ မွမွ
    လှတ ပတ၊ ငွေလရောင် ဆမ်း
    ည အနမ်းမှာ၊ ပန်းတို့ စီးမျော
    သောက ချန်ရစ်၊ မြစ်ပြန်ဖြစ်တဲ့
    ရိုးရိုးသားသား မြစ်ကလေးတစင်း

    ဆက်ပြီးရေးပါဗျာ။

    ReplyDelete
  10. မြစ်ရဲ့ သဘာဝက ဒီလိုပဲ ထင်ပါတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...