May 28, 2009

မီးထဲကကြာ ပေး မေတ္တာစာ


















မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီ ဟ။

မောင်လွမ်းဏီ
၂၈-၅-၀၉

4 comments:

  1. အေးဗျာ ကိုလွမ်းဏီကတော့ ကဗျာမှ မှော်အောင် ပါပေတယ်၊ အခုလို တင်ပေးတာ ကျေးဂျူးနော် ကိုအောင်

    ReplyDelete
  2. ဖတ်ပြီးတော့ စိတ်ခံစားမှုအစုံနဲ့....

    ReplyDelete
  3. ကိုအောင်သာငယ်ရေ...ယုတ်မာရိုင်းစိုင်းတဲ့ ဒီစစ်ဘီလူးတွေကို ဘယ်လိုနည်းနဲ့ သင်ပုန်းချေရမလဲ ဆိုတာ စဉ်းစားလို့မရပါ.... ( စစ်ဘီလူးလို့ဘဲ သုံးပါရစေ.. ခွေးနဲ့တွဲမသုံးပါရစေနဲ့..ခွေးကိုမြတ်နိုးတဲ့သူတွေ ရှိနေလို့ပါ.. ) ။ အမိမြန်မာပြည်မှာ မတရားမှုတွေ အမြန်ဆုံး ဆိတ်သုန်းပါစေ.....
    ( M.N )

    ReplyDelete
  4. လူကို အကျဉ်းချလို့ ရကောင်းရမယ်လေ
    စိတ်ဓါတ်ကို အကျဉ်းချလို့ မရဘူး။
    အမှန်က သူတို့ သွေးရူးသွေးတန်းဖြစ်နေတာ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...