Jun 29, 2009

နေရာဟောင်းမှာ

ငယ်တုန်းက သူငယ်ချင်းတွေကို အခုလိုအချိန်မှာ လွမ်းတယ်။ အခုတော့ တယောက်နဲ့ တယောက် ဆုံနိုင်ကြဖို့ရာ တကယ်ကို မလွယ်ဘူး။ အွန်လိုင်းမှာတောင် မဆုံနိုင်တဲ့ ငယ်သူငယ်ချင်းတွေကို တကယ်ကို လွမ်းမိတာပါပဲ။ သည်လိုနဲ့ သီချင်းတပုဒ် ဆိုတီးမိပါတယ်။ သည်းခံခွင့်လွှတ် နားဆင်ကြပါ။

Get this widget | Track details | eSnips Social DNA

9 comments:

  1. ခိုင်ထူးသီချင်းတွေ အကုန်လုံးတီးပြီးဆိုမယ် ဆိုရင် စိတ်မဆိုးဘူးနော် အကိုအောင်သာငယ်ရေ....
    mie nge

    ReplyDelete
  2. ဟိုက်ရှားဘားးး.... ၀ါသနာတူ ချစ်ကိုကြီးပါလား.. ဟား ဟား မိုက်တယ်ဟေ့။ “ဆို... ဆို... ” အဲဒီသီချင်း တူတူဟဲချင်တယ် ချစ်ကိုကြီး။ ဟား ဟား။

    ReplyDelete
  3. သီချင်းကောင်းလေး နားထောင်သွားပါတယ်အစ်ကို

    ReplyDelete
  4. အရမ်းကြိုက်တဲ့ သီချင်းပဲ အစ်ကိုကြီးရေ...။
    ခိုင်ထူးသီချင်းကလည်း အရမ်းကြိုက်တာတွေချည်းပဲ....။
    ဒီတစ်ပုဒ်အဆိုကို နေညိုချိန်အတွေးထက်ပိုကြိုက်တယ်...။
    နေညိုချိန်အတွေးက စစချင်း တစ်ကြောင်း ဆိုရခက်သလိုပဲ...။

    ငယ်ငယ်က မြို့က ပွဲတော်မှာ စတိတ်ရှိုးသွင်းတော့ ခိုင်ထူးပါတယ်...။ သူအလှည့် ၅ ပုဒ်လောက်ဆိုပြီး မီးစက်ပျက်သွားတယ်... ခိုင်ထူးက မီးမရတော့ပေမယ့် ဟော်လိုဂစ်တာလေးနဲ့ သီချင်းတွေ အများကြီး ဆက်ဆိုပြတယ်...။ ယိမ်းကားအောက်က လူ ၁၀၀၀ ကျော်က ဘာသံမှ မထွက်ပဲ ငြိမ်ပြီး နားထောင်နေကြတာ...။
    သတိတောင်၇သွားပြီ....။

    ReplyDelete
  5. မီးကပျက်၊ တန်ဆောင်မုန်းလပြည့်ကြီးကသာ....
    ခိုင်ထူးက ဟော်လိုဂစ်တာလေးနဲ့ သီချင်းဆိုပြ....
    မတ်တပ်ရပ်ရတာ ခြေညောင်းမှန်းတောင် မသိဘူး....ဟိ

    ReplyDelete
  6. အိန္ဒြာJune 30, 2009 at 7:03 AM

    အကို..နှစ်နှစ်သက်သက် နားထောင်သွားပါတယ်..

    စိတ်တွေမကောင်းလိုက်တာ..အကိုရာ...

    ထွက်ပေါက်လား...
    စိတ်ဖြေရာလား...
    သိပ်အနုပညာဆန်သူတွေရဲ့ ခယောင်းလမ်းကို...
    မြင်ယောင်လာမိတယ်..

    ReplyDelete
  7. အောင် မယ်လေးဗျာ
    သာ ယာလိုက်တဲ့အသံ
    ငယ် ဘဝကို ပြန်လွမ်းသွားရပြန်ပြီ...

းဝ)

    ReplyDelete
  8. ဒီတခါ အမေရိကန် အဆိုတော်ပြိုင်ပွဲ ၀င်ပြိုင်တော့ အကို

    ReplyDelete
  9. thanks AKO, good song and perfect voice.
    pls carry on AKO,
    with respect
    kokogyi21

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...