Jun 30, 2009

စောင့်သူမောတဲ့ ညနေ




















ညတွေကို
စောင့်စောင့် ကြွေ
သေစာရှင်စာ ဖတ်ခိုင်း
အိုစာမင်းစာ ခွံ့ကျွေး
ညမွှေးပန်းပွင့်မယ့် လရောင်အောက်။

ချစ်သူ့လက်ကို
ဖက်လှဲတကင်း တင်းရစ်မဲ့လက်အစုံ
ဘ၀တခုနဲ့  ပုံအပ်ခဲ့တာ။

ချစ်သူရှေ့မှောက်
ရောက်ခဲလှစွာ ယူဇနာ
ကဗျာမာရသွန်
သစ္စာနွံထဲ ရဲရဲ ခုန်ဆင်းခဲ့ပါရဲ့။

ငါ့ခေါင်းထဲမှာ
“ဂူစတီနာ”ရဲ့ ဆံမျှင်တွေ
“စကားလက်”ရဲ့ လေရူးတွေ
“အေးမ”ရဲ့ အညာလမ်းက မာယာဘုံ

ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
ဘ၀မှန်သားပြင်တချပ်
ရင်မှာ ကပ်ခဲ့ရင်း။

ဟော ပြောသလို
ရွှေအိုရောင် ညနေခင်းတွေက
ညကို စောင့်နေပြန်။ ။

မောင်လွမ်းဏီ
၃၀-၆-၀၉

2 comments:

  1. ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
    ဘဝ မှန်သားပြင်တချပ် .. .
    သိပ်ကိုမှန်တဲ့စာသားလေးပါပဲရှင်
    လာလည်သွားပါတယ်

    ReplyDelete
  2. ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
    ဘ၀မှန်သားပြင်တချပ်
    ရင်မှာ ကပ်ခဲ့ရင်း။
    ခိုက်တယ်ဗျာ
    ကျေးဇူးပါအကိုရေ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...