Jul 1, 2009

အလင်းရောင်လေး ခဏငှားပါ

ကျော်ဟိန်းရဲ့ ပထမဆုံးသော အယ်လ်ဘမ်ဖြစ်တဲ့ “မျက်ရည်ငှက်များ နားစေသတည်း” ထဲက သီချင်းတပုဒ်ပါ။ ဘယ်သူ ရေးတာလဲတော့ မမှတ်မိတော့ပါဘူး။ သီချင်းစာသား လေးတွေကို အရမ်းကြိုက်လွန်းလို့ ပြန်ပြီး ဆိုတီး လုပ်လိုက်ပါတယ်။ ပျင်းစရာကောင်းနေရင်လည်း သည်းခံခွင့်လွှတ် နားဆင်သွားကြပါပေါ့လေ။

ကြမ္မာငင်ရာ... လောကငရဲ... ခံစား ချိန်မှာ....
မောင်တယောက်ထဲပဲ... အညှိုးထားကာ... ညှဉ်းရက်လေသလား...
မောင့်ဘ၀ ခရီးကြမ်း... နွေပမာ ဝေဒနာခြေလှမ်းတွေဟာ
အို... ၀ဠာမြေအဆုံး... အမှောင်များ ဖုံးလေပြီ....
မောင့်အခန်း တံခါးတွေ... ပိတ်ထားတယ်...
တယောက်ထဲ... အမှောင်ထဲမှာ... နေရတယ်....
ဒါပေမယ့်... နေမင်း... ငွေလမင်းတို့ရဲ့ အလင်းရောင်တွေ ...
မောင်ခံစား နေရတယ်... ရင်ထဲမှာ....
မှောင်နေပါတယ်... အလင်းရောင် မရှိသော ညတွေအလည်....
သည်လိုညမျိုး... ဘယ်တော့ ဘယ်တော့မှ ဆုံးလေမလဲ....
တကယ်ဆိုရင်... အချစ်သာ... မောင်ဘ၀ အလင်းရောင်ပါ....
သည်အလင်းရောင်လေးပဲ... ပေးပါလား... အချစ်ရယ်....
သန်းကောင်ည... ဟိုတဖက်က... အလင်းရောင်သာ....
အမှောင်ဘ၀အတွက်... ခဏငှားပါ.... ခဏလေးပါ...
ဒါပေမယ့်... နင်မပေးရင်... ငါလည်း မရတော့ဘူးပေါ့ အချစ်ရာ...
သည်အမှောင်ထဲ... မောင်တယောက်ထဲပဲ... ဆွေးနေမယ်...

Get this widget | Track details | eSnips Social DNA

5 comments:

  1. သီချင်းထဲက မောင် ကတော့ သနားစရာကောင်းနေတယ်....မောင်တယောက် အလင်းရောင် အမြန်ရပါစေ....

    mie nge

    ReplyDelete
  2. သီချင်း နားထောင်သွားပါပြီ
    ကိုယ်တိုင်ရေးတာတွေများ မရှိဘူးလား

    (mama)

    ReplyDelete
  3. ကိုကျော်စတိုင်လ်နဲ့ ဆိုထားတာပေါ့နော်.... ဟိ...။
    အသံဖမ်းက ရှေ့တစ်ပုဒ်က ပိုကောင်းတယ်.. (ပြစ်မရှိ ပြစ်ရှာ...:P)

    sdl

    မှတ်ချက်။ ။ ဆြာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီတို့၊ အို...ဆြာမရယ်.. အိမ်ကို ပြန်မလွှတ်နဲ့ တို့ လုပ်ပါဦးလေ....။

    ReplyDelete
  4. အကိုရေ သီချင်းဆိုတော့ စိတ်ချမ်းသာတာ အမှန်ပဲ။
    အခန်းတံခါးကိုတော့ မပိတ်ထားလိုက်ပါနဲ့လေ..:)

    ReplyDelete
  5. အမလေး မြတ်စွားဘုရား
    မဒမ်အောင်သာငယ်၏ ခန္ဒီပါရမီကား အံ့ဖွယ်ပါတကား
    သည်းခံလော့..သည်းခံလော့..သည်းခံလော့

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...