Jul 1, 2009
ရင်ထဲရှိတဲ့ မှတ်တမ်း
အခုတလော ဘာစာမှ မရေးဖြစ်ပါဘူး။ တကယ်တော့ ရေးချင်တာတွေက ရင်ထဲမှာ အများကြီးပါပဲ။ ဒါပေသည့် ရေးချင်တာတွေကိုသာ ရင်ထဲ ရှိတဲ့အတိုင်း ချရေးလိုက်ရင် ဒေါသသင့်တဲ့ စာတွေပဲ ထွက်လာမှာပါ။ ဒါကြောင့် စာတွေ မရေးခဲ့တာ အတော်ကြာနေပါပြီ။
သူငယ်ချင်းတွေက မေးပါတယ်။ စာလည်း မရေးဘူး။ ရေးပါဦး - ရေးပါဦးနဲ့ ပြောကြတယ်။ ရေးချင်ပါတယ်။ သို့သော်လည်း... ရေးလို့ကို မထွက်လို့ပါ။ သည်လိုနဲ့ စာမရေးဖြစ်တော့... ကဗျာတချို့ရေးဖြစ်တယ်။ ပြီးတော့ သီချင်းတွေ တင်ဖြစ်တယ်။ စိတ်ထွက်ပေါက်အနေနဲ့ပါ။ နားလည်တဲ့သူလည်း ရှိရဲ့။ ညီမငယ် အိန္ဒြာဆို ကွန်မန့်ထဲမှာတောင် ပြောသွားပါသေးတယ်။ (ကျေးဇူးတင်ပါတယ် ညီမရေ့)
ဘလော့ရေးတော့မှ ညီတွေ ညီမတွေ ရလာတယ်။ သူငယ်ချင်းတွေ ရလာတယ်။ ပြောရရင် ရင်ဘတ် တူသူတွေပေါ့လေ။ မကေ စကားကို ခဏ ငှားသုံးရရင် Virtual World ထဲမှာ ရခဲ့တဲ့ ညီတွေ ညီမတွေ သူငယ်ချင်းတွေပါပဲ။ ဘယ်သူ တစုံတယောက်ကိုမှ လူချင်းလည်း မတွေ့ဖူးပါဘူး။ ဒါပေသည့် ရင်ဘတ်ချင်းတော့ ရင်းနှီးနေခဲ့ပါပေါ့။ သည် ညီတွေ ညီမတွေနဲ့ သူငယ်ချင်းတွေကပဲ ကျနော့်အတွက်တော့ ကမ္ဘာလေး တခု ဖြစ်နေခဲ့။ သူတို့တွေက ကျနော် ရေးသမျှ စာတွေကို လာဖတ်၊ ကျနော်ရေးသမျှ ကဗျာတွေကို လာခံစား၊ ကျနော် တီးသမျှ၊ ဆိုသမျှ သီချင်းတွေကို လာနားထောင်။ ပြီးတော့ သူတို့ ထင်တာမြင်တာလေးတွေကို ကွန်မန့်ထဲမှာ ပြော၊ ဆီပုံးထဲမှာ ပြောကြ။ သည်လိုနဲ့ ကျနော့် ဘလော့လေးက အသက်ဝင် နေခဲ့ပါပေါ့။
သည်လိုနဲ့ အဲသည် virtual world ထဲမှာ ကျနော် ရှင်သန်နေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် အဲသည် ကမ္ဘာထဲမှာ ကျနော် မသေဆုံးချင်တော့ဘူး။ ခုတော့ စိတ်ထဲမှာ သည် ညီတွေ ညီမတွေ သူငယ်ချင်းတွေကို မှတ်တမ်း တင်ထား ချင်တယ်။ ဒါကြောင့် မှတ်တမ်းလေးတခု လုပ်လိုက်ပါတယ်။
မှတ်တမ်းရဲ့ ထိပ်ဆုံးမှာတော့ မကေကို ထားခွင့်ပြုပါ။ ဘာလို့လဲဆိုတော့ ကျနော် ပထမဆုံး ခင်မင်ခွင့်ရခဲ့တဲ့ ဘလော်ဂါမို့ပါ။ မျက်နှာလိုက်တယ်လို့တော့ မထင်ကြစေချင်ပါ။
ကျနော့်ရဲ့ virtual world ထဲမှာ အတူတူ ရှင်သန်နေကြသူများကတော့ ကိုဘကောင်း၊ ညီငယ် လင်းထက်၊ သူငယ်ချင်း ကလူသစ်၊ သူငယ်ချင်း ဇာနည်ဝင်း၊ ညီငယ် ဇူလိုင်အိပ်မက်၊ ညီမ ခင်မမမျိုး၊ သူငယ်ချင်း ကိုမောင်ရင်၊ ညီမ မနော်ဟရီ၊ ညီမ မိုးချိုသင်း၊ သူငယ်ချင်း မေငြိမ်း၊ ညီမ မေမိုး၊ ညီမ မီယာ၊ ညီငယ် ငြိမ်းချမ်းအောင်၊ ညီငယ် ကိုဧရာနဲ့ ညီမ မသီတာ၊ ညီမ လင်း၊ ညီမ မမွန်၊ ညီငယ် ဇင်ယော်၊ ညီမ တူးတူးသာ၊ညီငယ် ကိုဝင်းဇော်၊ ညီငယ် တောရိုင်းနှင်းဆီ၊ ညီမ ယောနသံဇင်ယော်၊ ညီငယ် ယိမ်းနွဲ့ပါး၊ညီငယ် ရွာသားလေး၊ ညီမ မှူးဒါရီ၊ ညီမ ခေးအော့စ်၊ သူငယ်ချင်း ကမာနီလာ၊ ညီငယ် ကလိုစေးထူး၊ ညီငယ် ကိုရင်နဲ့ ညီမငယ် ခင်လေး၊ ညီငယ် ပျူနိုင်ငံ ကိုအောင်၊ သူငယ်ချင်း မခင်မင်းဇော်၊ ညီငယ် လူလ၊ ညီငယ် ဒူကဘာ၊ ညီငယ် မိုးပျံငှက်၊ သူငယ်ချင်း ကိုသက်ဦး၊ အကိုကြီး ကိုဝေလင်း၊ ညီမငယ် မေ(စိတ်ဖြေရာ) ညီငယ် ဆူးပြတိုက် ညီငယ် ကိုရင်ညိန်း၊ တူမကြီး နန်းညီ၊ ညီမ ပန်ဒိုရာ၊ ပန်းခရမ်းပြာ မချို၊ ညီငယ် ကိုပီတိ၊ သူငယ်ချင်း မခင်ဦးမေ၊ ညီမငယ် မမသီရိ၊ တူမငယ် ဆုမွန်၊ ညီငယ် မိုးလှိုင်ည၊ ညီငယ် မိုးမောင်၊ ညီငယ် လင်းဒီပ၊ သူငယ်ချင်း လမင်းခင်၊ ညီငယ် သက်ပိုင်သူ၊ ညီမငယ် သက်ဝေ၊ ညီငယ် သီဟသစ်၊ ညီငယ် အိပ်မက်နက်၊ ညီမ အယ်ဇီ၊ ညီငယ် ကိုလူထွေး၊ ညီမ ကိကီ၊ ညီမ မ၀ါ၊ ညီငယ် အိုးဝေအောင်၊ ရဲဘော် ဦးဂင်ကြီး၊ သူငယ်ချင်း အိမ်လွမ်းသူ၊ ညီငယ် ကောင်းကင်ကို၊ညီငယ် ဆောင်းယွန်းလ၊ တူတော်မောင် တောင်ငူသား၊ ညီမငယ် မကြေးမုံ၊ ညီငယ် တောကျောင်းဆရာ၊ညီမငယ် မေ့သမီး၊ ညီငယ် မောင်ဖုန်းမြင့်၊ တူတော်မောင် မောင်မျိုး၊ ကျနော့်ရဲ့ ဆရာယော၊ ချစ်ညီကြီး သားထူး၊ညီငယ် မျိုးဝင်းဇော်၊ ညီမငယ် နှင်းနဲ့မာယာ၊ ညီမ နုသွဲ့၊ ညီမ မသိင်္ဂီ၊ ကျနော့်အကိုကြီး ကိုငြိမ်း ၊ ညီမ နေနေနိုင်၊ ညီငယ် ကျော်သိင်္ခ၊ မမေဓါဝီ၊ ညီမ မယ်ကိုး၊ ညီမ အိန္ဒြာ၊ ညီငယ် အိုင်လွယ်ပန်၊ ညီမငယ် အလွမ်းပြေ၊ ညီငယ် သစ်ကောင်းအိမ်၊ ညီငယ် မိုးမြင့်တိမ်၊ ညီငယ် ဥယာဉ်မှူး၊ ညီငယ် မောင်ခင်လေး၊ ညီငယ် ဖြိုးငယ်၊ ညီငယ် တောင်ပေါ်သား၊ တူတော်မောင် Craton၊ ညီမငယ် အမရာ၊ ညီငယ် အိပ်မက်နက် ညီငယ် ညိမ်းညို၊ လေနုအေး မတန်ခူး၊ ညီငယ် မောင်ငယ်၊ .... ပြီးတော့ စာတွေ အမြဲလာဖတ်လေ့ရှိတဲ့ မငယ်နိုင်၊ ညီမငယ် ရည်မွန်၊ ညီမငယ် မီးငယ်နဲ့ ဆင်ဆင် (Sin dan lar) တို့ အားလုံးကို မှတ်တမ်း တင်ထားလိုက်ပါတယ်။
31 comments:
  1. ရင်ထဲရှိတဲ့ မှတ်တမ်းကို လာဖတ်သွား။ ရှစ်ကြိမ်မြောက်တမ်းတခြင်းထဲက "နှင်း" ကိုကြိုက်တယ်ဗျာ။
    ReplyDelete
  2. စာအမြဲ လာဖတ်ဖြစ်ပါတယ်။ သီချင်းတွေလည်း နားထောင်ဖြစ်ပါတယ်။
    မနှုတ်ဆက်ဖြစ်တာ စိတ်မရှိဘူးလို့  ထင်ပါတ်ယ။
    ReplyDelete
  3. မှတ်တမ်းထဲမှာပါလို့ ၀မ်းသာပါတယ် အကို... ဆက်ရန်တွေ ရေးဖို့ အကြွေးရှိနေတယ်လို့ မှတ်မိပါတယ်။ ဆက်ရေးပေးပါဦးနော်... :)
    အကိုရဲ့ မှတ်တမ်းက အကယ်ဒမီရလို့ ပြောသလိုပဲနော်... :P
    ReplyDelete
  4. သားးးးးးးးးးးးးးဓု...... သားးးဓု..... သာဓု
းဝ)
    ညီငယ် ကိုလူထွေး
    ReplyDelete
  5. အခါအခွင့်သင့်ရင်တော့
    ပြောထားတဲ့အတိုင်း
    ရင်ဘတ်ချင်း ထုံကူးကြတာပေါ့အစ်ကိုရေ ...
    မမေ့နဲ့ဦး :)
    ကောင်းသောနေ့ပါအစ်ကို ....
    ReplyDelete
  6. မှတ်တမ်းထဲမှာ အမှတ်တရ ထည့်ထားလို့ ကျေးဇူးပါ ကို ATN. ရေးချင်တော့မှ ရေးချင်တာသာရေးပါ။ အားပေးတဲ့သူတွေ အများကြီး...
    ReplyDelete
  7. ဘယ်သူမှ စိတ်တသမတည်း အဆင်မပြေနိုင်ပါဘူး အကိုရေ..
    အလုပ်များတဲ့အခါ ရှိမယ်၊ စိတ်မကြည်လင်တဲ့ အခါ ရှိမယ်၊ ဒါပေမဲ့ ဘလော့လေးကိုတော့ တ၀ဲလည်လည် ပါ။
    ချစ်သော
    ညီမ
    ReplyDelete
  8. အကို့ရဲ့  ကမ္ဘာထဲက မှတ်တမ်းလေးမှာ ဘလော့ဂ်မောင်နှမတွေနဲ့ အတူ အသိအမှတ်ပြု ခံရတဲ့ အတွက် ကျေးဇူးတင် ၀မ်းသာတဲ့ အကြောင်းပြောပါရစေ အကိုအောင်သာငယ်....
    အကို့ရင်ထဲက ထွက်လာမယ့် စာတွေကို အကိုအဆင်ပြေမယ့် အချိန် ဘယ်အချိန်ဘဲဖြစ်ဖြစ် ရေးမယ်ဆိုရင် ဖတ်ဖို့အဆင်သင့်ပါဘဲ....
    အကို့ရဲ့ စိတ်ထွက်ပေါက်ကို မျှဝေခံစားပေးမယ့် ရင်ဘတ်တူတဲ့  မောင်နှမတွေအများကြီးရှိနေပါတယ် ကိုအောင်သာငယ်ရေ....( ကျမလည်းအခုတလော စိတ်ရှုပ်စရာတွေများနေလို့ ဘလော့ဂ်တွေဘဲ လည်နေတာ ကြာပေါ့....အခုတော့ ဘလော့ဂ်စွဲနေပြီ...
    ဘလော့ဂ်တွေ ဖတ်နေရရင် စိတ်ညစ်စရာတွေ ပျောက်သွားရောဘဲ...). စိတ်နောက်စရာတွေ ပြီးရင် အကြည်ဓါတ်လေးတွေလည်း လာဦးမှာပေါ့အကို....
    mie nge
    ReplyDelete
  9. ဘာစာမှရေးလို့မရတာ ရင်ထဲမှာအစိုင်အခဲတွေပြည့်နေလို့ဖြစ်မယ်ထင်တယ်အကိုရေ....
    အကို့ရင်ထဲကမှတ်တမ်းထဲမှာ ရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ....
    ReplyDelete
  10. Virtual World ဟုတ်ပါတယ်။ တဆက်တည်းမှာလည်း ရင်ဘတ်တူသူတွေ ဘလော့ကတဆင့်ပြောလိုက်တဲ့ အကြောင်းအရာတွေကို နေ့စဉ်ဘ၀ထဲကို ခေါ်သွားတာ...သွားရင်းလာရင်းလည်း သတိရ.. တိုက်ဆိုင်ရင်လည်း သတိရ.. တမင်တကာလည်း သတိရ ပေါ့...ကြုံလာရင်လည်း ငါ့သူငယ်ချင်းက အဲ့လို..အဲ့လို..စာရေးပြီး ပြောထားတာလို့ ထည့်ပြောရတာ အမော (ဘလော့ထဲ ရေးထားတာတွေကိုလေ)။
    (ဒီမှတ်တမ်းက ဂုဏ်ပြုစရာမလိုတဲ့ - ဂုဏ်ပကာသနတွေ မပါတဲ့ ရင်ထဲက မှတ်တမ်း ဆိုပါလား)
    ReplyDelete
  11. မှတ်တမ်းထဲမှာ ပါခွင့်ရလို့ ဝမ်းသာတယ်။
    သို့သော် အကိုရဲ့ မှတ်တမ်းကို ဖတ်ပြီး စိတ်ထဲမှာ တမျိုးလေးပဲ.. စိတ်မကောင်းဖြစ်သွားသလိုပဲ။ ပြီးတော့ ဘာလို့ အဲဒီလိုတွေ မှတ်တမ်းတင်နေရတာလဲ လို့ စဉ်းစားမိတယ်။
    ဟိုလေ... အကို စိတ်ညစ် စိတ်တိုနေပြီး စာတွေများ ဆက်မရေးချင်တော့ဘူးလားလို့ တွေးနေမိတာမျိုးပါ။ အခုလို မှတ်တမ်းတင်မထားလဲ အကိုနဲ့အတူ အကို့ စာတွေ ကဗျာတွေ သီချင်းတွေကို အမြဲတမ်း ချစ်ခင်နှစ်သက်စွာ အားပေးနေတာပါ။
    ရေးချင်စိတ်ရှိတဲ့ အချိန်မှာ ရေးချင်တာကိုသာ ဆက်ရေးပါလေ... အားပေးနေမှာ။
    ချစ်ခင်စွာဖြင့်
    သက်ဝေ
    ReplyDelete
  12. ဦးလေးကြီး ဦးအောင်သာငယ်မှတ်တမ်းမှာ တူမငယ်မဆုမွန်ကို ထည့်ထားလို့ ၀မ်းသာကြည်နူး ပီတိဖြစ်မိတော့ ဒီနေ့အတွက်တော့ ဒေါသနဲ့ မစတော့ဘူးလို့ ထင်ပါတယ်။
    ဟုတ်ပါ့ ဦးအောင်သာငယ်ရယ် တစ်နေ့တစ်နေ့ရင်ထဲကရှိတဲ့အတိုင်းသာ ချရေးလိုက်ရ ဒေါသသင့်တဲ့စာတွေ ထွက်လာမယ်ဆိုတာလေ
    တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် မှန်ထဲ မကြည့်ချင်ဘူး အချိုးမပြေလို့ :(
    ဦးအောင်သာငယ် ရေ စာမရေးနဲ့ ကဗျာရေးပါ စောင့်ဖတ်နေမယ်
    ReplyDelete
  13. အကို့ ကမ္ဘာက အကြီးကြီး ပဲ..း)
    တကယ်ပျော်စရာ ကောင်းပါတယ်
    အကို့ဆီ နေ့တိုင်းရောက်ပါတယ်
    အကို့ကို အမြဲ အားကျလေးစားခဲ့ရတာပါ
    အကို့ ကြောင့်ပဲ
    ဘလော်ဂါ တယောက် ဖြစ်ခဲ့ရတာမို့
    အကို့ မှတ်တမ်းထဲ မှာ တရားဝင် ထပ်ပြီး ကျေးဇူးတင်ပါတယ် အကို..
    မှတ်တမ်း ထဲ ထည့် အသိအမှတ်ပြု
    ခံရတဲ့ အတွက်လဲ ကျေးဇူး ထပ်တင်ပါရစေ..
    အကို့ အမာခံ ပရိတ်သတ် တယောက်မို့
    အကို သီချင်းပဲ ဆိုဆို
    ကဗျာပဲ ရေးရေး
    စာတွေ ပဲ စီစီ
    စိတ်ညစ်တဲ့ အကြောင်းပဲ ရင် ဖွင့်ဖွင့်
    ပျော်တဲ့ အကြောင်းတွေ ပဲ မှတ်တမ်း တင်တင်
    (အဲ.. ရီးစားဟောင်း အကြောင်းတွေ ပဲ
    ပြန်ပြောပြော ..
    အကို ကြိုက်တာလုပ်..
    အားပေးနေပါတယ်...
    ...
    ဒါပေမဲ့..း)
    ...
    မကေ..
    မျက်နှာလိုက်ခံရတယ်..း)
    နာလို ဘူးနော်..း)
    ထိပ်ဆုံးနေရာရတော့.. မုန့်ကျွေးပါ..း)
    ReplyDelete
  14. ဟယ်တော့-
    မျက်နှာလိုက်ခံ ရလို့.. အူကြောင်ကြောင် ဖြစ်တွားပါဒယ်။
    မသက်ဝေ ပြောသလို..ဘဇာကြောင့် အခု လို မှတ်တမ်းတွေ ထုတ်နုတ် နေရပြန်သတုန်းလို့.. တွေးမိပြန်တယ်။
    လူတိုင်းမှာ..အဆင်မပြေ..မပျော်ရွှင်တဲ့ အချိန်တွေ ရှိတတ်တာပါပဲ။
    နူတ်ဆက်သလိုလို..မလုပ်ပါနဲ့..
    ဖြစ်နိုင်ရင်တော့..ကဗျာတွေ.. စာတွေ ဆက်ရေးပါအုံး..
    သီချင်းတော့... အင်း..ဆက်ဆိုပါလေ..း)
    ( စိတ်ညစ်နေတယ် ဆိုလို့..နောက်တာပါ) ခွင့်လွှတ်ပါ။
    ReplyDelete
  15. နေအုံး- Virtual World ဆိုတာ..ကျမ ကိုယ်ပိုင် စကားလုံး မဟုတ်ရ ပါနော်။
    ReplyDelete
  16. အခုလို မှတ်တမ်းလေးထဲမှာ တခုတ်တရ ထည့်ထားပေးတာ
    ကျေးဇူးပါ ။ ရေးသမျှ အမြဲအားပေးနေပါတယ် ။ ကောင်းသော နေဗျ ။း)
    ReplyDelete
  17. This comment has been removed by the author.
    ReplyDelete
  18. ကဗျာ...ကဗျာ...ကဗျာ..
    အကြိမ်ကြိမ် ဟစ်အော်ပြီး
    ငါတို့အသွေးအသားထဲကကို ဆာတယ်
    နီးရိုးဘုရင်လို
    ငါတို့ဟာစောင်းတီးမပျက်ခဲ့တာမဟုတ်ဘူး
    ငါတို့ကိုယ်ကိုယ် ငါတို့အကျွမ်းလောင်ဆုံးမီးရှို့
    လောကအတွက် (ချစ်သောတစုံတရာအတွက်)
    ထွန်းလင်းတောက်ပခဲ့ပါတယ် .......။
    (စိတ်ညစ်ညစ် ၊ စိတ်ပျော်ပျော် ကဗျာတွေရေးပါ အကို့ကဗျာတွေကို ဆက်ဆက်မျှော်လင့်နေမယ် )
    ReplyDelete
  19. အခုတလော စာမေးပွဲ၊ Assignment နဲ့ Clinical သုံးခုဆိုင်ပြီး ဆက်တိုက် ဖြစ်နေလို့ ကျွန်မလာ တခါတလေ စာလာဖတ်ဖြစ်ပေမယ့် မှတ်ချက်မရေးဖြစ်၊ နှုတ်မဆက်ဖြစ်တာတောင် အတော်ကြာနေပါပြီ။ ဘလော့ဂ်ကို စဖတ်ဖူးတဲ့ ၂၀၀၈ အစပိုင်းကနေ ကျွန်မလည်း ဘလော့ဂ်တွေကို ဖတ်လာခဲ့တာ ကိုယ်ပိုင်ခံစားချက်တွေ အတွေးအမြင်တွေ၊ ဘ၀အတွေ့အကြုံတွေကို တိုက်ရိုက်တင်ပြချက်မို့လား မသိဘူး Formal literature တွေကို ဖတ်ရတာထက် ပိုပြီးအားရတယ်။ စာမေးပွဲတွေ Assignment တွေနဲ့ စာဖတ်ရများလွန်းလို့ စိတ်ပင်ပန်း၊ လူပင်ပန်းပြီး စာဆက်လုပ်လို့ ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် အားအင်ကုန်ခမ်းနေ ချိန်မှာတောင်မှ ဘလော့ဂ် တခုခု မှာ အသစ်တင်ထားထဲ့ ပို့စ်တခုကို ၀င်ဖတ်ဖြစ်ရင် မျက်စိတွေ၊ စိတ်တွေ အလိုလို ပြန်ကြည်လာပြီး စာဆက်လုပ်လို့ ရသွားတာမျိုး မကြာခဏ ကြုံရပါတယ်။ ဒါကြောင့် ဘလော့ဂ်တွေကို သံယောဇဉ် ရှိလာပါတယ်။ ကျွန်မလည်း အားတာနဲ့ ကိုယ်တိုင် ဘလော့ဂါတယောက် ဖြစ်အောင် ဘလော့ဂ်တခု ဖွင့်ဖို့ အချိန်ယူနေတာ အခုထိ အချိန်လုလို့ မရသေးလို့ မအောင်မြင်သေးဘူး။ ကျွန်မကို ဘလော့ဂ်ဂါ တယောက်မဟုတ်ပေမယ့် စာဖတ်သူတယောက်အနေနဲ့ အသိအမှတ်ပြုတာ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  20. ငါ့ အစ်ကို
    ငါ့ကို သတိတရ ရှိတဲ့အတွက်
    ကျေးဇူးတင်တယ်
    ReplyDelete
  21. အဟိ.... မှတ်တမ်းထဲမှာ များလည်းပါတယ်ဟ...။
    သူငယ်ချင်း မခင်ဦးမေတဲ့.... ခွိ
    sdl
    ReplyDelete
  22. အင်း ဝါသနာတူ ညီအကိုတွေမို့ အထွေ အထူးတော့ ပြောစရာ မရှိပါဖူး၊ ရင်ဘတ်မှတ်တမ်းကို ရင်ဘတ်နဲ့ပဲ စူးနစ်စွာ ဖတ်သွားပါတယ်။ အမြဲ ရောက်ဖြစ်တယ် ခြေရာမချမိတာပဲ ရှိတာပါ။ အခုဆို ကယ်လီဖိုးနီယားဆို တို့ အကိုကြီးအောင် ရှိတဲ့ နေရာပါလားတောင် တွဲမှတ်နေမိတာ။
    ReplyDelete
  23. လူမုန်းJuly 2, 2009 at 7:09 AM
    ((( Objection))) ((( Objection))) ((( Objection)))
    မိန်းခေး တွေနဲ့ ရင်ဘတ် ခြင်း လုံးဝ(လုံးဝ) မတူပါ..
    ((( ကန့်ကွက်ပါတယ်..)))
    ဟီး...နောက်တာ..ဘကြီး
    ReplyDelete
  24. ကိုကြီးငယ် ရဲ့  ရင်ထဲရှိတဲ့  မှတ်တမ်းထဲမှာ ထားပေးလို့ 
    ဝမ်းသာမိပါ၏ ။
    ကဗျာတွေ စာတွေ ဆက်ရေးပါ ကိုကြီးရေ ။
    မမြင်ဖူးပေမဲ့  မမြင်ရတဲ့  သံယောဇဉ်တွေနဲ့ 
    နှောင်ဖွဲ့ ထားတဲ့ ဒီ အသိုင်းအဝန်းလေး က
    တကယ် နွေးထွေးပါတယ်။
    ကြိုက်တာရေး ၊ ကြိုက်တာဖွဲ့  ၊ ကြိုက်တာ ဆို
    အားပေး နေမယ် ။
    နားမခံသာ အောင်တော့ အော်နဲ့ နော် ။
    ဟိဟိ။
    ကိကီ
    ReplyDelete
  25. အကိုရေ
    စိတ်အေးလက်အေး အာရုံရတိုင်းတော့
    စာရေးပါ...
    အကိုရေးတဲ့ ကဗျာလေးတွေက အရမ်းအသက်ဝင်ပါတယ်...
    အဆင်မပြေမှုဆိုတာကတော့
    ကိုယ်ဖြတ်သန်း ရမယ့်လမ်းတွေပေါ်က မီးပွိုင့်လေး လိုပါပဲ...
    ခဏပဲရပ်နေမှာပါ...
    အမြဲတမ်းလဲ မဖြစ်ပါဘူး....
    ရေးသမျှတင်သမျှ ပို့စ်တွေ အကုန်ဖတ်မယ်နော်...
    ReplyDelete
  26. အကိုအောင်သာ... “ရှစ်ကြိမ်မြောက်တမ်းတခြင်း” နှင်းကဗျာကို ခဏခဏ လာဖတ်ဖြစ်ရင်း၊ ဒီပိုစ့်လေးကို သတိထားမိသွားတာ..။
    (တယောက်နဲ့ တယောက် စကားကောင်းကောင်း မပြောဖူးခဲ့ပေမယ့်)
    ခင်မင်ကြောင်း မှတ်တမ်းတင်ခံရတဲ့ ထဲ ညီမ နာမည်လည်း ပါလာလို့ တကယ် ၀မ်းသာပါတယ်။
    နောက်များလည်း စိတ်နှလုံးသားချင်း ရင်းနှီး ခင်မင်ရတဲ့ ဘလော့ရေးသူ၊ဖတ်သူတွေ တိုးပွားလာဦးမှာ မို့လို့.... အကို့ မှတ်တမ်းကတော့ မကြာခင် ထပ်ချဲ့ ထွင် မှတ်တမ်းတင်ဖို့ လိုလာဦးမယ် ထင်ပါတယ်။း)
    ReplyDelete
  27. အဟမ်း ...အဟမ်း.. နောက်ကျမှရောက်လာရလို့...လူတွေသတိထားမိအောင်
    ချောင်းဆိုပြရတာပါ..အစ်ကို မစ်စတာ ဂျူနီယာအောင်သာရေ...
    လိုအပ်နေတယ်ဆိုတဲ့မေတ္တာတွေလုံလောက်ပြီထင်ရဲ့နော်..။
    အားလုံးက နွေးထွေးလှိုက်လှဲစွာရှိနေဆဲ..။
    ပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ အသစ်၊အသစ်တွေကို မျှော်နေဆဲ...နော့အစ်ကို.။
    အစစ အဆင်ပြေပါစေ..။
    ReplyDelete
  28. အကို့မှတ်တမ်းထဲပါလို့ ၀မ်းသာနေတာ..၀င်လို့မရလို့ အခုမှပဲ..။ အကိုရေးချင်တာသာ ရေးပါ။ ကဗျာဖြစ်ဖြစ်..စာပဲဖြစ်ဖြစ်..သီချင်းလေးတွေကလည်း ကိုယ့်အကြိုက်တွေပဲ ဆိုတော့ ဒီမှာ နားထောင်လို့မရလည်း esnips မှာ သွားနားထောင်ဖြစ်ပါတယ်။ ဒီလို ဘလော့ဂ်မိသားစုလေး ဖြစ်လာကြတာကို တွေးပြီး ၀မ်းသာနေတာ..။ အရင်ကလည်း မသိခဲ့..နောက်အပြင်မှာတွေ့ဖြစ်ဖို့ မသေချာပေမယ့် စာတွေဖတ်ပြီး ရင်ဘတ်ချင်းတူတာ ခံစားမိတော့ ဘာမျှော်လင့်ချက်မှ မပါတဲ့ ခင်မင်မှုလေးတွေအတွက် အကို့ဘလော့ဂ်လေး ဆက်လက် ရှင်သန်နေပါစေလို့ ဆုတောင်းနေပါတယ်။
    ReplyDelete
  29. စာလာဖတ်သွားပါတယ်..
    ReplyDelete
  30. ကိုအောင် သင်းကွဲဝံပုလွေတွေက သူတို့အချင်းချင်းခံစားချက်ကိုနားလည် ခံစားသဘောပေါက်တယ်၊ ရင်ထဲကအသံတွေ ခံစားချက်တွေကို အမြဲရထားဖြစ်နေပါတယ်လို့....။
    ReplyDelete
  31. ကိုကြီးရေ
    "ရင်ထဲရှိတဲ့မှတ်တမ်း" ထဲကိုဝင်ကြည့်လိုက်တော့မှ ကျနော်ဟာ ကိုကြီးဖန်တီးလိုက်တဲ့ ဘလော့ဂ်ဂါ ကမ္ဘာလေးထဲက ရင်ဘတ်တူ ကမ္ဘာသား တစ်ယောက်ဖြစ် နေတယ်ဆိုတာ သိလိုက်တယ်။ ကိုကြီးရဲ့ ဘလော့ဂါ ကမ္ဘာလေး ထဲမှာ ကိုယ့်နာမည်ကို ဘလော့ဂါမောင်နှမတွေ နဲ့အတူ အခုလို အတူဖော်ပြခံရတော့ နွေးထွေးမှုဆိုတဲ့ အရသာကို ခံစားရတယ်။
    ကျနော်လည်း ဒီလိုပါဘဲ။ ရေးစရာတွေကတော့ ရင်ဘတ်ထဲမှာအပြည်ပေါ့။ ဒါပေမယ့် အခုတလော ပို့စ်တွေ သိပ်ပြီးမတင်ဖြစ်ဘူး။ ကိုကြီးရေးနေတာတွေကို စောင့်ဖတ်နေပါတယ်။
    ညီငယ်
    ကျော်သိင်္ခ
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...