Jul 4, 2009

ကဗျာဆရာအား အင်တာဗျူးခြင်း












ကောင်းကင်ပေါ်မှာ ပျံသန်းနေရင်းနဲ့
မြေခသွားရရှာတဲ့ ငှက်တကောင်
သူ့အတောင်မှာ
ဘာလက်ဆောင်တွေ သိမ်းဝှက်လာပါလိမ့်...

ညင်ညင်သာသာ စီးဆင်းရင်းနဲ့
ခမ်းခြောက်ခဲ့ရရှာတဲ့ မြစ်တစင်း
သူ့ချစ်ခြင်းမှာ
ဘယ်လိုအလင်းတွေ သိုမှီးထားပါလိမ့်...

လေပြည်ထဲမှာ ပွင့်လန်းရင်းနဲ့
ညှိုးနွမ်းသွားရရှာတဲ့ နှင်းဆီဖြူ
သူ့ပွင့်ချပ်ထူကို
ဘယ်လိုလူတွေ ချေမွခဲ့ပါလိမ့်...

ပင်လယ်ပြာကို ဖြတ်သန်းရင်းနဲ့
နစ်ဆင်းသွားရရှာတဲ့ လှေတစီး
သူ့ခရီးရှည်မှာ
ဘယ်လိုကြမ္မာတွေ ပျော်ဝင်နေခဲ့ပါလိမ့်...

ပဟေဠိတွေကို
အဖြေသိပါရစေ ကဗျာဆရာ...


ကျနော့် မီးအိမ်လေး ထွန်းညှိပြီးတဲ့အခါ...
ကျနော့် အိပ်ယာလေး ပြင်ဆင်ပြီးတဲ့အခါ...
ကျနော့် တောင်ယာလေး စိုက်ပျိုးပြီးတဲ့အခါ...
ကျနော့် လမင်းလေး ၀င်းပပြီးတဲ့အခါ...
ကျနော့် နှင်းပွင့်လေး အေးမြပြီးတဲ့အခါ...
ကျနော့် မြက်ခင်းလေး စိမ်းလန်းပြီးတဲ့အခါ...
ကျနော့် မြေလမ်းလေး ဖြောင့်တန်းပြီးတဲ့အခါ...
ကျနော့် ငှက်ကလေး တေးဆိုပြီးတဲ့အခါ...
ကျနော့် ကြယ်ကလေး လင်းလက်ပြီးတဲ့အခါ...
ကျနော့် ကဗျာလေး အဆုံးသပ်ပြီးတဲ့အခါ...
ကျနော့် နှလုံးသား ရပ်နားပြီးတဲ့အခါ...
ကျနော့် ကိုယ်စား
ကမ္ဘာမြေ ဖြေကြားပါလိမ့်မယ်...


ATN

9 comments:

  1. ကျနော့် နှလုံးသား ရပ်နားပြီးတဲ့အခါ...
    ကျနော့် ကိုယ်စား
    ကမ္ဘာမြေ ဖြေကြားပါလိမ့်မယ်...

    သိပ်မှန်တာပဲ..သိပ်ကောင်းတယ်အကိုရေ

    ReplyDelete
  2. အိန္ဒြာJuly 4, 2009 at 7:54 AM

    ကျနော့် မီးအိမ်လေး ထွန်းညှိပြီးတဲ့အခါ...
    ကျနော့် အိပ်ယာလေး ပြင်ဆင်ပြီးတဲ့အခါ...
    ကျနော့် တောင်ယာလေး စိုက်ပျိုးပြီးတဲ့အခါ...
    ကျနော့် လမင်းလေး ၀င်းပပြီးတဲ့အခါ...
    ကျနော့် နှင်းပွင့်လေး အေးမြပြီးတဲ့အခါ...
    ကျနော့် မြက်ခင်းလေး စိမ်းလန်းပြီးတဲ့အခါ...
    ကျနော့် မြေလမ်းလေး ဖြောင့်တန်းပြီးတဲ့အခါ...
    ကျနော့် ငှက်ကလေး တေးဆိုပြီးတဲ့အခါ...
    ကျနော့် ကြယ်ကလေး လက်ပပြီးတဲ့အခါ...
    ကျနော့် ကဗျာလေး အဆုံးသပ်ပြီးတဲ့အခါ...
    ကျနော့် နှလုံးသား ရပ်နားပြီးတဲ့အခါ...
    ကျနော့် ကိုယ်စား
    ကမ္ဘာမြေ ဖြေကြားပါလိမ့်မယ်...

    လှလိုက်တာ အကိုရာ ကဗျာနဲ့ပန်းချီရောပြထားလိုက်တာ

    ReplyDelete
  3. အစ အဆုံး ထပ်ထပ်သုံးထားတဲ့ ကဗျာဆရာရဲ့  အဖြေလေးကို ကြိုက်လွန်းလှပါတယ်။

    ReplyDelete
  4. ဘာလို့မှန်းမသိ
    ကျနော့် နှလုံးသား ရပ်နားပြီးတဲ့အခါ...
    ဆိုတော့... စိတ်ထဲမကောင်းဘူး။ ဒီကဗျာဖတ်ပြီး ရတဲ့ ရသကိုပြောတာပါ ကို ATN

    ReplyDelete
  5. မိုက်ကယ်ဂျက်ဆင်ကို အင်တာဗျူးခြင်း...

းဝ)

    ReplyDelete
  6. မိုက်ကယ် အောင်ဂျလိုပါဗျာ....း)

    ReplyDelete
  7. ကျနော့် မီးအိမ်လေး ထွန်းညှိပြီးတဲ့အခါ...
    ကျနော့် အိပ်ယာလေး ပြင်ဆင်ပြီးတဲ့အခါ...
    ကျနော့် တောင်ယာလေး စိုက်ပျိုးပြီးတဲ့အခါ...
    ကျနော့် မြေလမ်းလေး ဖြောင့်တန်းပြီးတဲ့အခါ...
    ကျနော့် ကဗျာလေး အဆုံးသပ်ပြီးတဲ့အခါ...

    ကဗျာဆရာရဲ့ ဆန္ဒတွေ ပြည့်ဝစေချင်ပါတယ်ဗျာ။

    ကျနော့် နှလုံးသား ရပ်နားပြီးတဲ့အခါ...
    ကျနော့် ကိုယ်စား
    ကမ္ဘာမြေ ဖြေကြားပါလိမ့်မယ်...

    ကျနော်ကတော့ ကဗျာဆရာ့နှလုံးသား မရပ်နားခင် ကမ္ဘာမြေ ဖြေကြားနိုင်ဖို့ ဆုတောင်းပေးပါတယ်..။ စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒတွေ ပြည့်ဝလာနိုင်ပါစေ..
    ချစ်ခင်စွာဖြင့်...

    ReplyDelete
  8. ဒီကဗျာလေးကြိုက်တယ်.....

    mie nge

    ReplyDelete
  9. ကိုအောင် ..နောက်ပိုင်းကဗျာတွေမှာ ခံစားမူနမိတ်ပုံရိပ်တွေက အရမ်းထိလွန်းလှပါလား၊ ဒီကဗျာဖတ်နေတဲ့ အချိန် ပြတင်းပေါက်ကနေ ထွန်းလင်းတောက်ပနေတဲ့ လရောင်ကြောင့် ကဗျှာကပိုအသက်ဝင်လာသလို ခံစားရတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...