Jul 28, 2009

သစ်တပင်၏လွင်ပြင်အလွမ်း










တကယ်က
နေရာမှားနေကြတာပါကွယ့်...
လူသားအားလုံးရဲ့ ကမ္ဘာမြေဟာ
သစ်တပင်ဖို့တော့ ဟုတ်ပုံမရလေဘူး...
စနေဂြိုဟ်သာ...

တကယ်က
သစ်ပင်ဖြစ်နေရတာ
ဝဋ်ခံနေရတာပါကွယ့်...
ငါဟာ ငါ့ရဲ့ကြေကွဲရမှုတွေထဲက
ထွက်ပြေးလို့ကို မရ...

တကယ်က
တောင်တန်းတခုဖြစ်ရတာလည်း
လွဲမှားမှုပါကွယ့်...
တည်ငြိမ်ရဲ့လို့
တချို့က အဓိပ္ပါယ်ကောက်လွဲ...
တောင်တန်းတွေ လှုပ်ခါနေရတာ
သူတို့ခမျာဘယ်သိလိမ့်...

တကယ်က
လတလုံးက ငါ့ပုခုံးမှာ မေးတင်လို့
လွင်ပြင်လေးကို ငေးကြည့်နေ...
တောင်တန်းပေါ်က သစ်တပင်ကတော့
ညကို ပြုံးပြနိုင်ရုံ...

တကယ်က
ဒါဟာ ကဗျာ မဟုတ်ဘူးကွယ့်...
အလွမ်းတွေ
ပြိုကျနေခြင်းသာ...

ATN

9 comments:

  1. တကယ်က
    လတလုံးက ငါ့ပုခုံးမှာ မေးတင်လို့
    လွင်ပြင်လေးကို ငေးကြည့်နေ...

    ဒီအဖွဲ့လေးက လှလိုက်တာ

    အလွမ်းတွေပြိုကျခြင်းမှ ကင်းဝေးနိုင်ပါစေ

    ခင်မင်စွာဖြင့်
    (mama)

    ReplyDelete
  2. အလွမ်း..သမား..တစ်ယောက်အတွက်..
    အလွမ်းကဗျာက..မျက်ရည်ဝဲတယ်..ရှင်
    (၃၆..နာရီ..လောက် ...့ခွဲနေရလို့ ).

    ReplyDelete
  3. အိန္ဒြာJuly 29, 2009 at 6:17 AM

    ကဗျာမဟုတ်တဲ့
    စာလုံးတွေနဲ့
    အလွမ်းတွေ ကဗျာဆန်ဆန်ပြိုကျနေပုံက...
    ကဗျာဖြစ်နေလိုက်တာ......အကိုရေ..

    ReplyDelete
  4. ကဗျာမဟုတ်ဘူးတဲ့လား
    အလွမ်းတွေ ပြိုကျနေတာကပဲ
    လှပနူးညံ့တဲ့ကဗျားလေးတွေဖြစ်နေပုံက
    အနုပညာပြည့်ဝလိုက်တာ ငါ့အကိုရေ

    ReplyDelete
  5. အကိုကြီးအောင်သာငယ်ရေ

    အလွမ်းတွေ ပြိုကျနေတဲ့ ကဗျာလေးကို ဖတ်ပြီး လွမ်းသွားတယ်ဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  6. အလွမ်းတွေပြိုကျလာတယ်တဲ့လားးးးးးးးးးး

    ReplyDelete
  7. တကွဲ့ကွဲ့နဲ့ရေးတဲ့စာ
    လာဖတ်ရင်း ကြေကွဲရတယ်
    ဒါကော်မင့်မဟုတ်ဘူးကွဲ့
    စကားလုံးတွေ အန်ထုတ်ခြင်းသာ...

းဝ)

    ReplyDelete
  8. ဒါ ဟာ အလွမ်းတွေ ပြိုကျနေခြင်း
    မဟုတ်ဘူးကွဲ့ ...
    ကဗျာတစ်ပုဒ်သာ :)

    ReplyDelete
  9. တကယ်က
    ဘလော့ဂါတစ်ယောက်ဖြစ်ရတဲ့ဘ၀ဟာ
    တယ်အိပ်ရေးပျက်သကိုးကွယ့်။ အဟီး။

    ကိုလူထွေးပြောသလိုပဲဗျာ။ ဒါဟာ ကွန်းမန့်မဟုတ်ပါဘူး။
    ကဗျာမဟုတ်ဘူးကွဲ့
    အလွမ်းတွေ ပြိုကျနေခြင်းသာ လို့ ဆိုသလိုပေါ့။
    ရင်ဘတ်ထဲက ခံစားလိုက်ရမှုတွေ ချပြခဲ့ရုံသာ။


    အတော်ကို ကောင်းတယ်ဗျာ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...