Jul 27, 2009

ချဉ်ခြင်း













ဘ၀ကြီးတခုလုံးကို
စာတန်နဲ့ အလောင်းအစား လုပ်ပြီးပြီ...
လာ့စ်ဗီးဂတ်စ် သွားစရာမလို...
ကာစီနိုမှာ ဖဲချပ်တွေ ဆွဲစရာမလို...

နံနက်ခင်းတွေကို
ညနေခင်းတခုအတွက် လှဲကျင်းထားတယ်...
ပရေရီ မြက်ခင်း သွားစရာမလို...
လုမ္ဗနီဥယာဉ် သွားစရာမလို...

ဘ၀ချောက်ကမ်းပါးထဲ
ရဲရဲရင့်ရင့် ခုန်ချခဲ့ပြီးပါပြီ...
နိုင်ရာဂရာ ရေတံခွန် သွားစရာမလို...
ဂရဲင်းကင်ညွန် သွားစရာမလို...

အဖြူနဲ့အမဲကို
ဆွဲဆက်ကြည့်ဖူးတယ်...
ဘဂ္ဂဒက် သွားစရာမလို...
တိဘက်သွားစရာ မလို...

နေ့နဲ့ညရှိနေသရွေ့
အချိန်ကာလကို မေ့နေမယ်...
စကြ၀ဠာထဲသွားစရာမလို...
တွင်းနက်ထဲ ပြိုကျစရာမလို...

မလိုအပ်တာတွေက
များလွန်းလှတယ်...

တကယ် လိုအပ်တာကတော့
မင့် ချစ်ခြင်းနဲ့
လွတ်လပ်ရေး...

ATN
ဇူလိုင် ၁၀၊ ၂၀၀၉

အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ရောက် မြန်မာပြည်သားများ စုပေါင်းထုတ်ဝေသော ဖူးပွင့်ဝေ စာစုံမဂ္ဂဇင်း အမှတ် (၁) တွင် ဖော်ပြခဲ့သော ကဗျာ

11 comments:

  1. တကယ် လိုအပ်တာကတော့
    မင့် ချစ်ခြင်းနဲ့
    လွတ်လပ်ရေး...တဲ့။

    ကောင်းလိုက်တာ..။
    ဒါနဲ့ ချစ်ခြင်းလဲ လိုအပ်နေသေးတာလား ငါ့အကိုရဲ့။

    ReplyDelete
  2. ကဗျာလေးက ကောင်းပါတယ်..
    အပေါ်က မိုးချိုသင်းရဲ့ comment ဖတ်ပြီးတော့ ပြုံးသွားပါတယ်..း)

    ခင်မင်စွာဖြင့်
    (mama)

    ReplyDelete
  3. တကယ်လိုအပ်တာက
    အမိုးသမီးကြီးပေးမယ့်
    တောင်ပံတစုံကိုပေါ့

    ReplyDelete
  4. အမိုးသမီးလေးများကြောင့် မိုးမိနေသူများပေါ့
    ကိုဇော်ကြီးရယ်... ။ (ခင်ဗျားလဲ ပါတယ်...းD )

    ReplyDelete
  5. မလိုအပ်တာတွေက
    များလွန်းလှတယ်...

    တကယ် လိုအပ်တာကတော့
    မင့် ချစ်ခြင်းနဲ့
    လွတ်လပ်ရေး.../

    ဒါလေးဖတ်အပြီးမှာ ပြုံးသွားတယ်း)
    ရောက်တယ် ကိုအောင်သာငယ်။

    ReplyDelete
  6. ဟုတ်ပ အကိုရေ.....
    တကယ်လိုအပ်တာကတော့
    အဲဒါပါပဲ...........

    ReplyDelete
  7. ဒီချဉ်ခြင်းလေးက လှလိုက်တာ...

    ReplyDelete
  8. မလိုအပ်တာတွေ အများကြီးထဲက တကယ်လိုအပ်တာက နှစ်ခုတည်းလား ?

    mie nge

    ReplyDelete
  9. ကဗျာလေး ဖတ်လို့ကောင်းလိုက်တာဗျ။ ကျွန်တော်တို့အားလုံးလဲ အဲဒီချဉ်ခြင်းကို တပ်မက်ကြပါတယ်။

    ReplyDelete
  10. Bruce Almighty ထဲက ဘုရားသခင်ဘ၀ တစ်ခဏရခဲ့ရင် ကိုအောင်သာငယ်ရေ… “လိုသောဆု ပြည့်စေ” လို့ ကမ္ဘာသားအားလုံးအတွက်ပါ ပေးလိုက်ချင်ရဲ့ … ။

    ReplyDelete
  11. ချဉ်ခြင်းတပ်တယ် ချဉ်ခြင်းတတ်တယ်ဆိုပြီး အချဉ်တွေ အရမ်းစားနေသလား ငါ့အကို...

းဝ)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...