Aug 13, 2009

ငှက်တကောင်... သို့

















သူရခဲ့တဲ့ အတောင်ပံတစုံနဲ့
သူ့ကိုယ်သူ လုံအောင်ခြုံခဲ့သလို
ကောင်းကင်ကို သူ အပိုင်စားခဲ့ပြီပဲ...

သို့သော်လည်း
လေပြည်ထက်မှာ
မျက်ရည်စက်များတွဲခိုစီးလို့...

ပျံနှင့်ဦးပေါ့ ငှက်ရေ့
မနက်ဖန်မှ ဆုံကြမယ်...

ATN

14 comments:

  1. မနက်ဖြန်တွေ ရှည်ပါစေဦး အကိုကြီးရယ်...
    ပြောကာမှ လန့်ထာ...

းဝ)

    ReplyDelete
  2. သူ့ကောင်းကင်က စကားလုံးမရှိဘူး..
    မရှိဆို စကားလုံးတွေလဲ သိပ်မှ မလိုတာ...

းဝ)

    ReplyDelete
  3. အဲ ငှက်ကလေး ပြန်ရချင်တယ်....

    mie nge

    ReplyDelete
  4. ပြန်နှင့်ဦးပေါ့မှော်ဆရာ
    ကိုယ့်ကိုယ်ကိုသိမ်းမှုတ်သွားခဲ့တဲ့ကမ္ဘာမှာ
    မနက်ဖြန်တေးတွေလည်း ဆွံ့အနေခဲ့ပေါ့
    ခင်ဗျားမရှိတော့တဲ့ ရက်တွေမှာ........
    .........ကြယ်မစုံနိုင်တော့ဘူး....

    ReplyDelete
  5. ကိုငှက်ကိုတကယ်လွမ်းပါတယ်။

    ReplyDelete
  6. အကိုရေ ကိုငှက်ကို သတိတရ ရှိနေကြဆဲပါ။
    သူတို့ ဂီတသမားစစ်စစ်အတွက် ဂုဏ်ယူစရာတွေ အမြဲ ကျန်နေတာပါ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. နှမြောစရာပါနော်...
    ဒါပေမဲ့ လူပင်သေသော်လည်း အမည်မသေသူ့အတွက် ဂုဏ်ယူမိတယ်....

    ReplyDelete
  8. ကိုငှက်ရဲ့  အမေ့အိမ် သီချင်းလေး နားထောင်တိုင်း မျက်ရည်ဝဲရတယ် ....
    ဘဝအကြောင်း ၊ အချစ်အကြောင်း ဘာကိုပဲ ဖြစ်ဖြစ် ပေါ်လွင်အောင် ရေးဆို နိုင်တာ ပါရမီ ရှင်တဦးပါ ။
    သူ့ လို အနုပညာရှင်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားလိုက်ကြတဲ့ မနက်ဖန်တွေ များစွာကို ကျန်ရစ်ခဲ့တဲ့ သူတွေက လွမ်းမဆုံး တတ်ကြဘူးနော် ။

    အဲ့ဒီ ငှက်လေး တကောင်တော့ ချစ်တဲ့ကောင်းကင်ကျယ်ကြီးထဲ လွတ်လပ်စွာ ပျံသန်းနေနှင့် ပြီ ....

    ReplyDelete
  9. ( ဟေ .. ညီလေးရေ ယုံကြည်ချက်နဲ့ အသက်ရှင်ခြင်းဟာ အကောင်းဆုံးပါ...) ကြားတိုင်းကိုယ့်ကိုဆုံးမနေတယ့် အကိုတစ်ယောက်ရှိတယ်လို့ ခံစားရတုန်း...

    ReplyDelete
  10. ဒီနေ့..ငှက် အလွမ်းတွေ လိုက်ရှာတာ..ဒီမှာ မှ..တွေ့သွား..ထိသွား တော့တယ်။

    ReplyDelete
  11. သူ့ ကို အမြဲရှင်သန်ပျံသန်းနေတဲ့ ငှက်ကလေးတကောင်လို့  ခုထိထင်မိနေတုန်း…

    ReplyDelete
  12. တကယ်အမှတ်ရနေတဲ့
    အမှတ်တရကဗျာလေးပါပဲ....
    နှမျောတသစွာနဲ့လွမ်းနေကြပါတယ်.....

    ReplyDelete
  13. အကိုကြီးရေ

    လူသေသော်လည်း နာမည်မသေ
    စကားလုံးတွေ မသေတဲ့
    ကိုငှက်ကြီး
    ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှင်သန်နေဆဲပါဗျာ
    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...