Sep 1, 2009

မျက်ရည်ငှက်များနားစေသတည်း

သီချင်းဟောင်းတွေ ပြန်နားထောင်ရင်း ခုတလော ကျော်ဟိန်း သီချင်း အဟောင်းတွေကို နားထောင်ဖြစ်နေတယ်။ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ကို အကြိုက်ဆုံးပါ။ သီချင်းတွေရဲ့ စာသားတွေကို တော်တော် ကြိုက်တာပါ။ နားထောင်ဖြစ်နေတဲ့ သီချင်းတွေထဲက ခေါင်းစီး သီချင်းဖြစ်တဲ့ “မျက်ရည်ငှက်များနားစေသတည်း” ကို ကျနော် တော်တော် ကြိုက်ပါတယ်။ နားမထောင်ဖူးသေးသူများ နားထောင်ကြရအောင် တင်ပေးရင်းနဲ့ ဆားချက်လိုက်ပါတယ်။ (သီချင်းက အရမ်းအေးလို့ ပျင်းစရာကောင်းရင်လည်း ဆောရီးပါ...း)

မျက်ရည်ငှက်များနားစေသတည်း

မျက်ရည်လွယ်သောသူလေးနဲ့... မျက်ရည်လွယ်သော ကျနော်နဲ့ပေါ့လေ...
လောကထောင့်ကျဉ်း တနေရာမှာဆုံတယ်...
ချစ်နေရင်း... ချစ်နေရင်း... ဘာကြောင့်အားငယ်လဲ ပြောစမ်းပါ...
နင် မငိုပါနဲ့... မင်းငိုရင်... ငါ ငိုမယ်...

ငါ့ရင်ခွင်ထဲ ဖက်ထားမယ်... ငါ့ကိုပြန်ပြီး... (ငါ့ကိုပြန်ပြီး...) ဖက်ထား... အတင်းပဲနော်...
မျက်စေ့မှိတ်ပြီး နေချင်တယ်... (ချစ်ချစ်ရယ်...)
အသွေးတွေထဲ စွဲအောင်လည်း... ငြိမ့်သောအနမ်းလေးနဲ့... နမ်းရင်းလေ...
နင် မငိုရဘူး... မင်းငိုရင်... ငိုချင်တယ်...

တုန်ရီလှိုက်မော... အချစ်ကိုပြောဦးမယ်...
ရင်ခုန်သံလေး မြန်နေတယ်... (ဟူး... ဟူး...)
တုန်ရီလှိုက်မော... ချွေရင်ကြွေနွမ်းရော့မယ်...
ကိုယ့်စိတ်ကို ဖမ်းထားတဲ့ သည်ပန်းပွင့်လေး... (ငါ မခူးတော့ဘူး...)

ချစ်နေရင်း... ချစ်နေရင်း... ဘာကြောင့်အားငယ်လဲ ပြောစမ်းပါ...
နင် မငိုရဘူး... မင်းငိုရင်... ငိုချင်တယ်...
ငါ့အတွက် မငိုနဲ့... မင်းအတွက် မငိုဘူး... (ဟူ... ဟူး...)

Get this widget | Track details | eSnips Social DNA

9 comments:

  1. အစ်ကို အောင်သာငယ်ရေ.....
    ငိုတော့ မငိုချင်ဘူး အရမ်းတော့ ရယ်ရတယ်
    ဟိ....( စတာနော် အစ်ကို)
    အစ်ကို ကိုယ်တိုင်ဆိုတဲ့ သီချင်း
    တောင်းဆိုလိုက်တယ်နော်....။
    ကျော်ဟိန်းကြီးနဲ့တော့ ခုလို မနှိပ်စက်ပါနဲ့...။ဟိးP
    ခင်မင်လေးစားလျှက်
    နှင်းဟေမာ

    ReplyDelete
  2. ဟုတ်တယ် သီချင်းစာသားကို ဖတ်ကြည့်တော့ သီချင်းကလည်း နုလိုက်တာ လို့ ထင်နေတယ်။ ဒါပေမယ့် သီချင်းကို နားထောင်လိုက်တော့ နုတာ ရင့်တာတောင် မသိတော့ဘူး။ အဟုတ်ပဲ။

    ReplyDelete
  3. အကိုကြီးရေ...ဘီယာဘဲ သောက်ချင်သောက်
    မျက်ရည်တော့ မကျလိုက်နဲ့....

    mie nge

    ReplyDelete
  4. ကိုကြီးရေ

    ဒီည သန်းခေါင်းယံမှာ ဒီသီချင်းလေးကို ဘီယာသောက်ရင်း ခံစားလိုက်တယ်။ ဒါပေမယ့် ချစ်သူ ငိုရင် ကျနော်မငိုချင်ဘူး။ အားပေးနှစ်သိမ့်တဲ့သူပဲ ဖြစ်ချင်တယ်။ ချစ်သူရယ်ရင်တော့ သူရယ်တာထက် နှစ်ဆပိုပြီး ရယ်ချင်သူပါ။ ဘာလို့လဲဆိုတော့ သူပျော်တာမြင်ရင် သူ့ထက်ပိုပြီးပျော်မယ့်သူဖြစ်နေလို့ပါ။

    ReplyDelete
  5. စာသား ဖတ်လိုက်တော့ အရမ်းကြိုက်သွားတယ် ဒါနဲ့ သီချင်းနားထောင်လိုက်တော့ အီလည်လည်ကြီးဖြစ်သွားတယ် ဒါနဲ့ ပဲ
    သီချင်းကို အီလည်လည်ကြီးကြိုက်ပြီးပြန်သွားရပါတယ်း)))

    ReplyDelete
  6. လွှမ်းမိုးသီချင်းမှန်းသိယုံမက လွှမ်းမိုးကြီးကို လမ်းထဲမှာတောင် ခဏခဏတွေ့နေရသေး...
    သီချင်းအကြိုက်ခြင်းတူရင် ပိုရင်းနှီးတတ်တယ်ဆိုတာ ဟုတ်မယ်ဗျို့ ...

    mie nge

    ReplyDelete
  7. အပေါ်က ကွန်မန့်က ကိုဘွိုင်းဇ် ဆီမှာရေးနေတုန်း ခလေးလာလုပ်သွားတာနဲ့ အကိုအောင်သာငယ် ဘလော့က ကွန်မန့်ပါ ဖွင့်ထားပြီးသားဖြစ်နေလို့ နှိပ်ပြီးမှ သိတယ်...
    ဆောရီးပါခင်ဗျ...ကိုဘွိုင်းဇ်ကြီး ဒီမှာဘဲလာဖတ်
    လိုက်တော့ဗျို့း)း)

    ReplyDelete
  8. အစ်ကိုရေ Scorpion သီးချင်းလေး ပျက်ဆီး သွားသလိုဘဲ

    ReplyDelete
  9. Freddie Mercury က ထိုင်ငိုမှာအသေအချာဘဲ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...