Sep 27, 2009

စွန်းထင်းမှု (၁၂)

“လရောင်”

အမှောင်ကို
ချောင်ထဲရောက်အောင် ခဏဖြစ်ဖြစ်
ပို့ပစ်လိုက်တယ်...
ပြီးတော့
ဂစ်တာတလက် ထိုးပေးပြီး
ချစ်သူ့ မျက်နှာလေး ငါ့ကို မြင်ခိုင်းတယ်..
စိတ်ရိုင်းတွေတောင်
သူ့ အကျဉ်းထောင်ထဲမှာ ပျော်ပါး
တသက်တကျွန်းများတောင် ပြုံးပြုံးကြီး ကျချင်နေ...


ATN

2 comments:

  1. ကြည်နူးဖွယ်ရာလေးပါလား

    လရောင်က ပဉ္စလက်ဆန်စွာ
    လှည့်စားတတ်တာတော့ အမှန်

    ခင်မင်သော
    (mama)

    ReplyDelete
  2. ဟူးးးးးးးး လရောက်က သိပ်စွမ်းတာပဲနော်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...