Oct 6, 2009

စွန်းထင်းမှု (၁၇)

ဗလာစာအုပ်

ဘာမှမရှိတဲ့ အဖြူရောင်မျက်နှာပြင်ပေါ်မှာ
ရေးချင်တဲ့သူ ရေးချင်ရာကိုရေး...
ကြည်ဖြူစွာ ခွင့်ပေးထားတယ်...
ဆွဲချင်တဲ့ ပုံတွေကိုဆွဲ...
သူကလည်း ဆဲရေးတိုင်းထွာမှုတွေ
လုပ်မှာကို မဟုတ်ဘူး...
သူ့ရင်ကို ထက်ခြမ်းခွဲ
စာရွက်တွေကို ဆုတ်ဖြဲပစ်လိုက်သည့်တိုင်
သူ့ဝဋ်ကြွေးတွေကို သူခံနေနိုင်တုန်းပါပဲ...


(အောင်သာငယ်)

3 comments:

  1. အကို့ ရဲ့  ဗလာစာအုပ်က စာမျက်နှာ ဘယ်လောက်ပါလဲ ဟင် ....အခုရေးတဲ့ ကဗျာ ၃ ပုဒ်လုံး
    ကြိုက်တယ်...

    mie nge

    ReplyDelete
  2. ဗလာစာအုပ်လေးဟာ ဗလာအတိုင်းလည်း လှနေတာပါပဲ။

    ReplyDelete
  3. သူကတော့ မပြောပေမယ့် ခံရခက်နေ၊ ခါးသီးနေရှာမယ်နော်။
    ဗလာစာအုပ်လေးကို ဗလာအတိုင်းပဲ ထားလိုက်ပါတယ်။ အားနာလာလို့ ။ အဟဲ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...