Oct 6, 2009

စွန်းထင်းမှု (၁၈)

မနက်ခင်း

အသစ်တခုကို
မွေးဖွားခြင်းဖြစ်တယ်။
ပြီးတော့လည်း
အလင်းကို
ယူဆောင်လာခဲ့သေးတယ်။
ငါ ၀မ်းနည်းနေမိတာ
တခုပါပဲကွယ်...
သူ့ကို ထာဝရ
ငါ သိမ်းထားလို့ မရနိုင်တာလေးပါပဲ...


ATN

5 comments:

  1. သိမ်းမထားနိုင်ပေမယ့် နေ့တိုင်းနေ့တိုင်းမှာ ပထမဆုံး ပြန်ပေါ်လာတယ်မဟုတ်လား။ ၀မ်းမနည်းပါနဲ့လေ။
    နံနက်ခင်းဆိုတာ ငေးမောခံစားဖို့သာ။

    ReplyDelete
  2. ဘယ်တန်ခိုးရှင်မှသိမ်းမထားနိုင်ပါဘူးရှင် ဒါပေမဲ့နေ့သစ်တိုင်းမှာ တော့အမြဲထာဝရရှိနေမှာပါ ဝမ်းမနည်းပါနဲ့နော်

    ReplyDelete
  3. ထာဝရ သိမ်းမထားချင်ပါနဲ့ဗျာ။ နေ့တိုင်းတွေ့ရမှာပဲ။ လောဘမကြီးပါနဲ့။ တော်ကြာ မအိပ်ရပဲ နေလိမ့်မယ်။

    ReplyDelete
  4. ထာဝရ သိမ်းထားလို့ မရတဲ့ မနက်ခင်း အလင်းသစ်တွေကို နံနက်တိုင်းတော့ ရနေသေးတယ်
    ဟုတ်...

    mie nge

    ReplyDelete
  5. အကိုရေ....... ၀မ်းနည်းမနေပါနဲ့ဗျာ။
    မနက်တိုင်း အသစ် အသစ်နဲ့ မနက်ခင်းသစ်လေး ခံစားတာ ပိုမိုက်တယ်ဗျ။
    စဉ်းစားကြည့်လေ.....
    နင်ဟာ ငါ့ရဲ့ မနက်ခင်းသစ်လေးမှာ သာယာမှုတွေ ပေးစွမ်းနိုင်တဲ့ သဘာဝအလှတရားတစ်ခု။ ဆိုပါတော့။
    သိမ်းထားလို့ရတဲ့ မနက်ခင်းဆို ဟောင်းနွမ်းသွားမယ်လေ။
    ငါ့မနက်ခင်းဟောင်းနွမ်းလေး အတွက် လာစိမ်းစိုလှည့်ပါ။ အဟားးးးးးးး
    ပေါက်ကရ လာပေါသွားတယ်ဗျာ.......

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...