Oct 10, 2009

စွန်းထင်းမှု (၂၂) (ခ)

ကျနော့်ရဲ့ ပေကျံသွားတဲ့ ဆေးစက်တွေထဲမှာ ထပ်မံအားဖြည့် စွန်းထင်းလာတဲ့ နောက်တယောက်ကတော့ ကျနော့် အချစ်ဆုံး ညီလေး အမွှာပူး ညီငယ် မောင်ဖုန်းမြင့်ပါ။ သူကလည်း ညီမငယ် မကေကို အားကျမခံပေါ့ဗျာ။ သူ့ စွန်းထင်းမှုကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

သူ့ကိုယ်သူ ဦးခေါင်းဖျားကစပြီး
မီးရှို့ချလိုက်တယ်
သူ့ရဲ့ကျွမ်းလောင်မှုဟာ
မဟူရာ အမိုက်မှောင်မှ
အနဲငယ်သော လရောင်
သူ့ပျော်ဝင်မှု ပွက်အန်အပြီးမှာ
ကောင်းချီးမင်္ဂလာ မရှိတော့ဘူး
သူကတော့အချိုမြိန်ဆုံး လောင်ကျွမ်းခဲ့တယ် ။


(မောင်ဖုန်းမြင့်)

5 comments:

  1. နူးနူးညံ့ ညံ့ ညင်ညင်သာသာ..ကဗျာဆန်ဆန်..အကောင်းမြင် လေးပေါ့..
    ကြည့်ရတာ.. ၂၂ (က) ကို အမြင်ကပ်သွားပုံရတယ်...း)

    ReplyDelete
  2. ညစ်ပတ်ပေရေမှု ၂၂ , ၂၂ (က) နှင့် ၂၂(ခ) ..ကိုအမြင်ကပ်ပါသဖြင့်...
    ၂၂(အ) ကို..ကဝိရှင် ကိုယ်တိုင်ရေးသားလိုက်ပါကြောင်း....
    ဖယောင်းတိုင်
    တတိုင်ကိုတရာပေးတာတောင်
    ကောင်းကောင်းမလောင်
    ဟိုခွေသည်ခေါက်နဲ့
    ပျော့တီးပျော့ယောင်
    လေမတိုက်တာတောင်
    တခြမ်းစောင်းလောင်
    ဒီလောက်တောင်ဖြစ်လှ
    သွားတော့ဟဲ့...ကောင်
    ဒေါက်............(လွှင့်ပစ်သံ)
    ညီငယ်များနဲ့ နှမ မကေ ကို ချစ်လို့စတာ..စိတ်မဆိုးကြေးနော်....စိန်ကောင်းကျောက်ကောင်းကြား
    ထဲ..တခါတလေ တော့လည်း ဂဲညပ်ကြည့်တာ...း)))

    ReplyDelete
  3. ဒီတယောက်က အကောင်းမြင်သမား...
    ဒါလည်းကောင်းတာပဲ...

းဝ)

    ReplyDelete
  4. ကိုကျောက်ခဲရဲ့ ဖယောင်းတိုင်ကိုလဲ စွန်းထင်းမှုထဲမှာ ထည့်ပေးပါ...

    ရယ်ရတယ်...

းဝ)

    ReplyDelete
  5. ဟဟားးးးးးး
    ဒါလဲကောင်းတာပဲ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...