Oct 9, 2009

စွန်းထင်းမှု (၂၂) (က)

ကျနော့်ရဲ့ ပေကျံသွားတဲ့ ဆေးစက်တွေထဲမှာ ကျနော် တယောက်ထဲ မဟုတ်ရပါလားဗျာ...။ ညီအကို မောင်နှမတွေလည်း ပါနေမှန်း ခုမှ သိတယ်။ ပထမတခါတုန်းကတော့ ကျနော်နဲ့ အတူ ၀ိုင်းဝန်း စွန်းထင်းသွားတာကတော့ ကိုလူထွေးပေါ့။
ခုတော့ ကျနော့် စွန်းထင်းမှုတွေထဲမှာ အားဖြည့်စွန်းထင်းသွားတာက ကျနော့် အချစ်ဆုံး ညီမလေး ကျောက်ခဲကလေး မကေပါ။
သူ့ စွန်းထင်းမှုကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

သူ့ကိုသူ..
မေတ္တာရှင်လို့ထင်
လောင်မြိုက်….. ပျော်ဝင်
လှိုက်ကုန် ….. ယိုစီး
တတိတိ..... တအိအိ..
နောက်ဆုံး..
သူ - ငတုံး ဆိုတာ တောင်..
မသိ နိုင်အောင်..
အတုံးအရုံး


(ကေသွယ်)

4 comments:

  1. ဟာ....
    တို့အကို ကို ပြောသွားလိုက်တာများ

    "ငတုံးးးးးးးးး" တဲ့...

းD

    ReplyDelete
  2. ဟုတ်ပါ့... ပြောရက်လိုက်တာ ကိုအောင်ငယ်ကြီးကို
    ငတုံး တဲ့ ဟိဟိ။
    ဘာတဲ့ ငတုံး တဲ့လား။ အဟားးးးးးးးးးး

    ReplyDelete
  3. ဖယောင်းတိုင်ဆိုတာ သူ့ ကိုယ်သူ လောင်မြိုက်ခံပြီး သူများကို အလင်းပေးသူပါ။
    ဖယောင်းလို့ပြောရင် ပင်ကိုယ်သဘောမဆောင်ဘူး ပုံသွင်းလိုက်တဲ့တိုင်း သဏ္ဍန်ပြောင်းတတ်တယ်ဆိုပြီး ပျော့ညံ့တယ်လို့ဆိုတတ်ကြတယ်။
    တကယ်တော့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေတတ်တာ ကိုယ့်သဘောဆန္ဒတွေကို မြိုသိတ်တတ်တာ စွန့် လွတ် အနှစ်နာခံတတ်တာပါ မကေရယ် ငတုံးမဟုတ်ပါဘူး။

    မအယ်

    ReplyDelete
  4. အဲ..မှားပါဒယ်..
    ငတုံးဆိုတာ..ဖယောင်းတိုင် ရဲ့ တုံး-တုံး သွားခြင်း သဘော ကို .. စွဲစွဲထင်ထင် ဖြစ်အောင်..ဆိုလိုက်တာပါ.. အဘယ်သူ ကိုမှ..ပြောတာ မဟုတ်ရပါ.. :D

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...