Oct 9, 2009

စွန်းထင်းမှု (၂၂)

ဖယောင်းတိုင်

အူ ဆိုလို့
တချောင်းပဲ ပါလာနိုင်တယ်။
သည်အူတိုင်က သူ့နှလုံးသားပါပဲ။
သူတပါးကို အလင်းပေးဖို့
သူကိုယ်တိုင် မီးထိုးကျွေးခဲ့တာပေါ့။
ခုတော့
သူ့ခန္ဓာကိုယ်ပါ လောင်မြိုက်
အရည်ပျော်ကျသွားလိုက်တယ်။
မိုက်ရူးရဲသူတော့ မဟုတ်ပေဘူး။


ATN

3 comments:

  1. ကိုအောင်သာငယ် က..ဖယောင်းတိုင် ကို အဲဒီလို မြင်ပေမဲ့.. နောက်အမြင်တမျိုး ပေးလိုက်အုံးမယ်..

    "ဖယောင်းတိုင်"
    သူ့ကိုသူ..မေတ္တာရှင်လို့ထင်
    လောင်မြိုက်….. ပျော်ဝင်
    လှိုက်ကုန် ….. ယိုစီး
    တတိတိ..... တအိအိ..
    နောက်ဆုံး..သူ - ငတုံး ဆိုတာ တောင်..မသိ နိုင်အောင်..အတုန်းအရုန်း

    ( ခပ်ကြမ်းကြမ်း ဗာရှင်း..) :D

    ReplyDelete
  2. သနားပါတယ် ဖယောင်းအူလေး။ အဲလေ....
    ဖယောင်းတိုင်လေး။။

    ReplyDelete
  3. ဖယောင်းတိုင်

    ဒီကောင်
    အူမ မတောင့်ပေမယ့်
    သီလတော့စောင့်ရှာတယ်...
    သူ့ကိုထွန်းသမျှ
    လင်းပြတာချည်းပဲ...

    (ကိုလူထွေး)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...