Dec 3, 2009

အမည်မပေးလိုသော... ... ...

Merry X'Mas & Happy New Year!!!!!
ဘလော့ရေးခြင်း တလ၊ နှစ်လခန့် နားရပါမည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက်
ညီအကို မောင်နှမများ အားလုံးကို
ကြိုတင် နှုတ်ဆက်လိုက်ပါသည်။

ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ဖြစ်ပါစေ။
အစစ အရာရာ အားလုံး အဆင်ပြေကြပါစေ။
ဒီဇင်ဘာအတွက် ကဗျာတပုဒ် ရေးခဲ့ပါသည်။




အမည်မပေးလိုသော
... ... ...

ပတ်ပတ်လည်မှာ
နွေရာသီအထပ်ထပ်နဲ့...
လေးထောင့်စပ်စပ် အံစာတတုံး...

အလယ်ခေါင်မှာ...
အသေအချာ စီစဉ်ထားသည့်
ဘုရားသခင်၏ နာရီတလုံး...

အောက်ခြေမှာ...
စာတန် တပ်ဆင်ထားခဲ့
အလစ်ချောင်းနေတဲ့ ချိန်ကိုက်ဗုံး...

ရင်ထဲမှာ...
အပြာရောင် အလင်းတန်းနဲ့
လောင်ကျွမ်းနေတဲ့ ပန်းသီး တလုံး...

ဟိုး... ... အရှေ့မှာ...
အနက်ရောင် အရိပ်နဲ့
အိပ်စက်နေတဲ့ ... ... ... ...

ATN

10 comments:

  1. ပျော်ရွှင်စရာ နှစ်ကူးလေးဖြစ်ပါစေဗျာ

    ReplyDelete
  2. ပျော်ရွှင်စရာ ဒီဇင်ဘာ ဖြစ်ပါစေ အစ်ကို အောင်သာငယ်- တောက်ရှောက်နားတာ မဟုတ်ပဲ ကြုံရင်တော့ ၀င်ရေးပေါ့။ ခရီးသွားရင်လည်း ခရီးအတွေ့အကြုံလေးတွေ။ အနားယူရင်လည်း အနားယူချိန်မှာ ကြုံရတာလေးတွေ ရေးပြီး တင်လို့ရသားပဲ။

    ReplyDelete
  3. happy X'mas and prosperous new year !!
    manorhary

    ReplyDelete
  4. အတွေးလေးတစ်ခုရသွားပါတယ်။

    ReplyDelete
  5. Happy holidays and New Year to you too!

    ReplyDelete
  6. Happy holiday Ko ATN! Wishing you a merry Christmas and a happy and prosperous new year too!

    ReplyDelete
  7. ဟိုးအရှေ့မှာ
    အပြာရောင်ကောင်းကင်နဲ့
    ပွင့်သစ်စနေလုံးကြီးရှိပါတယ်...

    အနက်ရောင်ကို ခွင်းလို့
    အလင်းကို ဆောင်ကြပါစို့ရဲ့...

    ထလော့....

းဝ)

    ReplyDelete
  8. ကိုအောင်သာကြီး လည်း ...

    ပျော်ရွှင်နှစ်သက်ဖွယ်ရာ

    ခရစ်စမတ် နဲ့ နှစ်သစ် ကို

    မိသားစု နဲ့ အတူ ဖြတ်သန်း နိုင် ပါစေ ....


    mie nge

    ReplyDelete
  9. နှစ်ကူးမှာ မိသားစုနဲ့ တူတူ ပျော်ရွှင်နိုင်ပါစေဗျာ

    ReplyDelete
  10. ဥာဏ်မှီသလောက်လေး စဉ်းစား ကြည့်ပြီး ကြိုက်တဲ့အကြောင်းလေး ပြောမလို့ပါ..။
း)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...