Dec 14, 2009

ချစ်သူ့နယ်မြေ

ချစ်သူ့နယ်မြေ
(ရေး-ကိုလေးညွန့်/ဆို-မာမာအေး)

သံသရာ... ဆွဲ... ဆန့်လို့... ဘယ်လောက်ပင် ရှည်ရှည်...
ချစ်သူ့ရင်ခွင်ကြား... နားနားနေနေ...
ရေမြေအလိုက်... စိုက်စိုက်ပါလို့... မျောလိုလည်း... မျောပါစေ...
ချစ်သူ့နယ်မြေသည်သာ... ငြိမ်းချမ်းနယ်မြေ...
သစ္စာတရား... ထွန်းကားရာ... ငြိမ်းချမ်းသာယာသောနယ်မြေ...
ငြိမ်းချမ်းသာယာသောနယ်မြေ...

(ချစ်သူရေ... ကွေကွင်းရခြင်း... ဆိုတဲ့... ဝေါဟာရတွေ...
တလုံး...တပါဒမျှ... မကြားလို... မနာလို...
ငိုလည်း... မခွဲ... ရီလည်း... မခွာ... ချစ်သူနဲ့သာ... ဆိုရင်လေ... )၂
လေဟာပြင်... ခရီး... ဖြတ်စီးပြီးသကာလ...
ဘယ်လ... ဘယ်ကမ္ဘာ... သွားရ... သွားရ...
အတူ... မေတ္တာဆက်ဂဟေ... မိုးမြေဘယ်မှာ... ဆုံးပါစေ...
လှောင်ချိုင့်စံဘ၀... လွတ်မြောက်လာရ... ငှက်ငယ်ငယ်လို...
တောင်ပံရိုက်ခတ်... ရွှင်မြူးနေ...
ချစ်သူ့နယ်မြေသည်သာ... ငြိမ်းချမ်းနယ်မြေ...
သစ္စာတရား... ထွန်းကားရာ... ငြိမ်းချမ်းသာယာသောနယ်မြေ...
ငြိမ်းချမ်းသာယာသောနယ်မြေ...

Get this widget | Track details | eSnips Social DNA


ဒေါင်းချင်ရင် သည်မှာ ဒေါင်းပါ။

8 comments:

  1. သီချင်းလေးနားထောင်သွားပါတယ်

    ReplyDelete
  2. အစ်ကိုအောင်သာငယ်ရေ ဒီသီချင်းကိုတော့ သမုဒယဆိုပေမယ့် သိပ်ကိုကြိုက်တယ်။ ကျွန်မ အစ်မကြီး ကျွန်မတို့ ငယ်ငယ်က အမြဲဆိုတဲ့သီချင်းမို့ အစ်မကိုလည်း သိပ်သတိရသွားသလို ရွာကိုလည်း သတိရသွားတယ်။ ကျွန်မက ကျွန်မတို့ ခေတ်ကပေါ်တဲ့ မေဆွိတို့ ဟေမာနေ၀င်းတို့ ကော်နီတို့ သီချင်းတွေထက် အစ်မတို့ခေတ်က ပေါ်တဲ့ မာမာအေးတို့ ချိုပြုံးတို့ သီချင်းတွေကို ပိုပြီး စွဲလန်းတယ်။ သီချင်းကို နားလည်းထောင်သွားတယ် ဖတ်လည်းဖတ်သွားတယ်။ မျက်စိရော နားရော အေးနေတာပဲ သိပ်ကြိုက်တယ်။

    ReplyDelete
  3. လင့်မှာ ချစ်သူ့နယ်မြေ လို့ ပို့စ်ခေါင်းစဉ် ပေါ်တာမြင်တော့ ဒီသီချင်းက ခေါင်းထဲရောက်လာတယ်။

    တကယ်တော့ သီချင်းခေါင်းစဉ်က ချစ်သူ့နယ်မြေ လို့ မသိဘူး....။
    နားထောင်နေတယ်၊ ကြိုက်တယ်ဗျ ။

    ReplyDelete
  4. သီချင်းကို ကြားဖူးတယ်။
    ကောင်းလိုက်တာ
    အဲ့လိုဆိုတတ်ချင်တာ.. ဟိဟိ
    အန်တီမာမာအေးကြီး မြန်မာသံပိုင်ပုံနဲ့ အသံအတက်အကျကတော့
    ဘယ်သူမှလိုက်လို့မှီမယ်မထင်။

    ReplyDelete
  5. အဲ .. မေ့နေလို့
    သားဆီမှာ လောလောဆယ်လာယူမယ်ဆို မှီဦးမယ် .. အန်တီမာမာအေးရဲ့ အနားမှာနေပါ အယ်လ်ဘမ်လင့်ခ်ရှိတယ်.. ကြိုက်ရင် လာယူ ဦးငယ်။ ရှိပြီးသားဆိုလည်း ပြီးရေား)

    ReplyDelete
  6. အဲဒီသီချင်းကြားရရင် ငိုချင်တယ်...
    နားဆင်သွားတယ် အစ်ကိုး)
    စကားမစပ် မွေးနေ့က မရောက်သေးဘူးလေ
    ခစ် ခစ် မွေးနေ့ဆုတောင်းက အစ်ကို အရင်ဆုံးဖြစ်သွားပြီ ....းD

    ReplyDelete
  7. ချစ်သူနယ်မြေသီချင်းကို၊မြန်မာ့အသံကလွှင်
့တော့ ကျမရဲ့အမက သေသေချာချာနားထောင်တယ်။
    ကျမကတော့ ဘာမှနားမလည်ခဲ့ဘူး။အမကနားထောင်ပြီးတိုင်းမျက်ရည်လည်နေတာဘဲတွေ့ခဲ့ရပါတယ်။
    ခုချိန်မှာ ကျမ အနေနဲ့နားထောင်ပြီးတိုင်းရင်မှာ
    နာကျင်လာအောင်ခံစားရပါတယ်။မျက်ရည်လဲ
    လည်နေတာပါဘဲ။
    ဒါပေမဲ့ကျမအမကခု ချိန်မှာ၊ ဒိသီချင်းကိုသူမကြားးဘူး၊နားမထောင်ဘူးခဲ့သလိုဘဲတည်ငြိမ်နေတယ်။ကျမရဲ့အမအသက်ကခု (55 )နှစ်ရှိပြီ။
    ကိုယ်ချင်းစာတတ်ခဲ့ပါပြီ။ကျေးဇူးတင်ပါတယ်။
    ခင်မိုးညို

    ReplyDelete
  8. ခင်မိုးညိုJanuary 30, 2013 at 12:15 AM

    နှစ်သက်တယ်။သစ္စာတရားထွန်းကားရင်
    ဘယ်နေရာမှာဖြစ်ဖြစ်ငြိမ်းချမ်းနေမှာပါ။
    ၇င်ကိုထိရောက်လွန်းတော့ နာပြီးကျင်ရတဲ့နာကျင်ခြင်းဝေဒနာ ကိုခံစားရပါတယ်။
    ဒီနွေဦးရာသီလေးမှာဒီသီချင်းသံကိုကြားရရင်
    ပိုပြီးခံစားရပါတယ်။
    ကျေးဇူးပါဘဲနော်
    ခင်မိုးညို

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...