Apr 11, 2010
ငြိမ်းချမ်းရေးညစာ
http://www.kaungkin.com/index.php?option=com_content&view=article&id=239:2010-04-10-09-24-43&catid=49:2009-06-09-00-08-30&Itemid=82 မှ ကူးယူ ဖော်ပြပါသည်။
ကဗျာဆရာ အကိုအောင်ပွင့် (ကိုလတ်) နှင့် ကောင်းကင် မဂ္ဂဇင်းအား ကျေးဇူး အထူး တင်ရှိပါသည်။
မဂ္ဂဇင်းလင့်ခ်ကိုပေးသော ညီမငယ် မကေ အားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း...
ATN
ငြိမ်းချမ်းရေးညစာ
“ ကိုယ်ကျိုးစွန့်လွှတ်ကြရလွန်းလို့
သူတို့ဇနီးမောင်နှံမျက်နှာကို
စေ့စေ့မကြည့်ရက်ဘူး”
မန္တလေးမြို့ ရဲ့ မနက်ခင်းကဗျာဆရာ
တစ်ခါက ပြောဘူးတာပါ။
သမဂ္ဂမှန်စတွေ ကွဲကြေတဲ့အထဲ
သူတို့အမြတ်တနိုး မင်္ဂလာဦးပစ္စည်းတွေ ပါသွား
ပြည်သူတွေနဲ့အတူ နာကျင်တဲ့နှလုံး
ပြည်သူတွေနဲ့အတူ ကံကြမ္မာတွေ တူလို့မဆုံး။
ခါးခါးသည်းသည်း ခံစားခဲ့ရ
ခါးသည်းသထက် ခါးသည်းနေရ
ကိုယ်စိတ်နှစ်ပါးအတွက် နာကျင်ကျန်ရ
တန်ဖိုး အနဂ္ဃ ထိုက်တန်လှ
“ချို”တဲ့ရက်ကလေး ရောက်ချင်ပေါ့တဲ့
သူသေဆုံးခြင်းဟာ တန်ဖိုးအနဂ္ဃ ထိုက်ရဲ့ 
လွမ်းကျန်နေသူတို့ရဲ့ မျက်ရည်တစ်စက်ဟာ
တန်ဘိုး အနဂ္ဃ ထိုက်ပါ့။ ။
မောင်အောင်ပွင့်
၁၅.၂.၂၀၁၀
၂၀၁၀ခုနှစ် ဧပြီ်လ (၁၁)ရက် (တနင်္ဂနွေနေ့)တွင် ပြုလုပ်မည့်
ဒေါ်ခင်မာအေး ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရ အခမ်းအနားသို့
ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေရာ
၈၄၅ ၊ ရွာလယ်လမ်း၊ ဆ/ခ ရပ်ကွက်
သင်္ကန်းကျွန်းမြို့ နယ် ၊ (ဆရာကြီး ရှိန်း အိမ်ရှေ့ )
၂၀၃၊ ၄၁၊ ၃၉(အ၀ါ) စီးပါ၊ ဂိတ်ဟောင်းမှတ်တိုင် ဆင်း၍ မြ၀တ်ရည်လမ်းမှဝင်ပါ။
“အမေ မသေဘူး”
ကျနော်က
အသုံးမကျတဲ့ သားတယောက်ပါ... အမေ..
အမေ...
ရင်နာနေမလား...
ဘ၀ဆိုတာ
တိုတိုလေး...
ချိုအောင်နေကြ...တဲ့...
အမေ့ဘ၀ကတော့
ခါးသီးခဲ့လှပေါ့...
ဒါပေမယ့်
သမဂ္ဂရဲ့ သမီးတယောက်မှာ
တောက်ပခဲ့တဲ့ စိန်စ စိန်မှုန်တွေ
ဘယ်တော့မှ မကုန် ပါဘူး... အမေ...
အမေ မသေခဲ့ပါဘူး...
အမေ ဘယ်တော့မှ မသေဘူး...
ATN
This comment has been removed by the author.
ReplyDeleteသင်္ခါရတရားဆိုတာ
ReplyDeleteဘယ်သူမှ မလွန်ဆန်နိုင်သောအရာ
သူမ ဟာ ဂုဏ်သရေရှိစွာနဲ့
နောင်တမလွန်ကို ထွက်သွားခဲ့
သူ့ဘ၀ရဲ့ တန်ဖိုးရှိသောအရာများ
အစွမ်းကုန်ပေးဆပ်ခဲ့
သူချန်ထားခဲ့တဲ့အရာတွေ အများကြီးကျန်ခဲ့
နှောင်းလူတွေအတွက်
စွန့်လွှတ်ခြင်း
အနစ်နာခံခြင်း
ပေးဆပ်ခြင်း
သည်းခံခြင်း
အမှန်တရားအတွက် သတ္တိ ရှိခြင်း
ကျမတို့ဘာကို နှမြောတသနေအုံးမလဲ
သူ အလင်းပြခဲ့တဲ့ လမ်း
တန်းတန်းမတ်မတ် ဆက်လျှောက်ကြရုံ
တကယ်တော့ ထွက်ခွာနှင့်သူနဲ့
ကျန်နေတဲ့သူများ (မထွက်ခွာ မီ အချိန်ထိပေါ့လေ)
နှလုံးသားတွေနီးစပ်နေသရွေ့
ဘယ်တော့မှ မဝေးကြဘူး
သူမခင်းပြခဲ့တဲ့လမ်းပေါ်က
ရင်နှစ်သည်းချာတွေအတွက်
သူမ ကျေနပ်ခဲ့မှာ အမှန်..
သူမ ထွက်ခွာသွား တဲ့အတွက်
ကျမတို့ မငိုပဲ ဂုဏ်ယူမယ်...။
အကို
ကြီးကြီး ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အတွက်ပါ
ညီမ - မမသီရိ
ဘ၀ ဆို တာ တိုတို လေး ချို အောင် နေ ကြ ... ဆိုတဲ့ အကိုအောင်သာ့ အမေ ပြောခဲ့တာ လေး သိပ်ကြိုက်တယ် ... အကို့ အမေ ဘယ်တော့ မှ မသေ ပါဘူး.....
ReplyDeletemie nge
ဘာပြောရမှန်းတောင်မသိပါဘူး အကိုအောင်သာငယ်။
ReplyDeleteဘ၀ ဆို တာ တိုတို လေး ချို အောင် နေ ကြ ...
ReplyDeleteအဲဒီစကားလေး သေသေချာချာ မှတ်သွားပါတယ် အကို...