Apr 23, 2010

မြက်ခင်းပေါ်က ကျား


















နှစ်အတန်ကြာ
ဒဏ်ရာတွေ အထပ်ထပ်နဲ့
ဆာလောင် ငတ်မွတ်နေတဲ့ ကျားတကောင်
အမှောင်ထဲမှာ ဖျားနာရင်း
မြက်ခင်းပေါ်မှာ လဲလျောင်းနေ
သေတော့မှာပါလေ... ...

အဲသည်ကျားဟာ
နွားတကောင် ဖြစ်ချင်နေမလား -
တချို့က စဉ်းစားနေ...

အဲသည် ကျားကတော့
နွား မဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူနေ... ...

ATN
4-23-2010
14:30

4 comments:

  1. ကြိုက်တယ်အကိုရေ။ လို့ချင်လို့ ခွင့်ပြုပါလား အကိုအောင်သာငယ်။

    ReplyDelete
  2. လက်ရေးက..မှင်ထူနက် လှ သလို..ကဗျာ ကလည်း..မာန်တွေ ထန်နေပါလား...

    ကျား ဆိုတာ..နာနေရင်တောင်..မာန်မလျော့လေတော့..နွားတော့ ဖြစ်ချင်နေမည် မဟုတ်တာ သေချာသည်လေ..

    ကျားနာခဲ ဆိုတဲ့ စကားတောင် ရှိသေးသည်ကိုး...း)

    ReplyDelete
  3. အကို...ကျားတကောင်ရဲ့ ဖြစ်တည်မှုအတွက် မာနတွေ....:)

    ReplyDelete
  4. အဲဒါပြောတာပေါ့...
    “ကျားသနားမှ နွားချမ်းသာ” ဆိုတာ။

    ကျားမစားလို့ ကျန်တဲ့မြက်
    နွားဆယ်သက်စာ ဖူလုံပြီလေ...

းဝ)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...