Jul 5, 2010

မျှော်လင့်ခြင်းကွင်းပြင်

သည်ကွင်းပြင်ကြီးကို... တို့ဖြတ်ဖူးတယ်...
သည် မြက်ပင်များအပေါ်... တို့နှစ်ယောက်အတူ... လျှောက်ဖူးတယ်...
သည်ကွင်းပြင်ကြီးထဲ... မိုးတိမ်တွေ... အမြဲပျံသန်း...
ကြည်နူးစရာဘ၀ပေါ့... မင်းလေးနဲ့... ဟိုးတချိန်က...
တို့နှစ်ဦးသား... အချစ်ကို... တန်ဖိုးထားကြတယ်...

သည်ကွင်းပြင်ကြီးဟာ... အခုဆို လွမ်းစရာ...
သည်မြက်ပင်စိမ်းတွေ... ခြောက်သွေ့ကာ... ညိုမည်းနေ...
သည်ကွင်းပြင်ကြီးလည်း... ဟိုးအရင်လို... မလှတော့ဘူး...
ရင်ထဲမှာ... အဆွေးများ... မင်း... ထားပစ်ကာ... ထွက်သွား...
တို့နှစ်ဦးသားဘ၀ဟာ... ကမ္ဘာကြီး... ခြားထားသလို... ...

တို့... မသိနိုင်ဘူး... ကံတရားရဲ့... အင်အားကို...
အဝေးဆုံးချစ်သူတိုင်းပဲ... ပြန်နီးဖို့... မျှော်လင့်နေ...
အချစ်ဆုံး... ချစ်သူတိုင်း... အို... အလွမ်းဆုံး... ဘ၀ရှိမယ်...
အချစ်ဟာ... ကြည်နူးစရာ... အို... လွမ်းစရာ... တခါဖြစ်မြဲ...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်... ရ... အောင်...

5 comments:

  1. အရမ်း..အရမ်းကြိုက်တဲ့ သီချင်း...

    sdl

    ReplyDelete
  2. အပှောကပုံနဲ့ အောက်က green field နဲ့ တွဲပြီး ခံစားသွားတယ်။ ကိုကြီးငဲကို အရမ်းကြိုက်တယ်

    ReplyDelete
  3. အကြိုက်ဆုံးသီချင်းထဲမှာပါတယ် အစ်ကိုရေ... ဒီသီချင်းနားထောင်ရင် လူလည်း လွင့် လွင့် သွားတာပဲ..:)

    ReplyDelete
  4. I am praying for your good outcome for everything. Keep your head up high.Pls don't give up so easily for your little birds. Fight back.

    Yee Mon

    ReplyDelete
  5. မီးမီးJuly 8, 2010 at 5:12 AM

    ငယ်ကတဲကအရမ်းကြီးနဲ့အမြဲတမ်းညီးတွားအော်ဟစ်ခဲ့တဲ့သီချင်းကလေးပေါ့

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...