May 1, 2011

မသေသေးတာဆိုလို့ အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...























နေ့တွေ သေတယ်...
ညတွေ သေတယ်...
ချစ်တဲ့သူတွေ သေတယ်...
မုန်းတဲ့သူတွေ သေတယ်...

နောက်ဆုံး
နှိုင်းရတရားတွေ သေတယ်...

ဗုဒ္ဒဘာသာလည်း သေတယ်....
အစိပ်စိပ်အမွှာမွှာကိုသေတာ....
ဟိနယန... မဟာယန...
ထေရ၀ါဒ... ဇင်... တာအို...
ဘာဂိုဏ်း... ညာဂိုဏ်း...

ခရစ်ယာန်တွေလည်း သေတာပဲ...
ရိုမန်ကက်သလစ်...
ပရိုတက်စတင့်...
အင်ဂလီကန်... ဘက်ပတစ်စ်...
အိုး... ယူ... နိမ်းမစ်...
ဆန်းဒေး တူ မန်းဒေး အသင်းများ....

ကွန်မြူနစ်တွေလည်း သေတာပဲ...
ဆိုဗီယက်မှာသေတယ်...
ဘာလင်တံတိုင်းမှာသေတယ်...
တရုပ်-ဗီယက်နမ် နယ်စပ်မှာသေတယ်...
ကျူးဘားမှာသေတယ်...
ယူနန်-မြန်မာနယ်စပ်မှာသေတယ်...

သေကြ... သေကြ...
အားလုံး သေကြတာ ကောင်းတယ်...

ကမ္ဘာမြေမှာ
အားလုံး သေကြ...

မသေသေးတာဆိုလို့...
အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...

ATN

4 comments:

  1. အကိုရေ..
    ဘယ်တော့မှ မသေဆုံးနိုင်မှာကတော့ ချစ်ခြင်းမေတ္တာပါ။ တနေ့နေ့ တချိန်ချိန်မှာ သေဆုံးရမယ့် မိညီမတို့တွေကတော့ အဲဒီချစ်ခြင်းမေတ္တာကိုပဲ
    အယောင်ဆောင်ခြင်းမရှိတဲ့ စစ်မှန်တဲ့စိတ်လေးနဲ့ ကိုင်ထားကြရအောင်..။
    ချစ်တဲ့
    မိညီမ..

    ReplyDelete
  2. အဲဒီလိုပဲ အမြဲရှင်သန်နိုင်ပါစေဗျာ။

    ReplyDelete
  3. သေခြင်းတရား
    May 2, 2011

    အိုစမာဘင်လာဒင် သေတယ်
    စိုင်းဘာဘာ သေတယ်
    ကဒါဖီ တကောင် သေတယ်
    ကိုကြီးကျောက် လဲ သေတယ်..

    ဂျပန်မှာ လည်း သေတယ်
    တာလေ မှာလည်း သေတယ်
    နာဂစ် မှာ လည်း သေတယ်
    အီဂျစ်မှာ လည်း သေတယ်

    စစ်တိုက်တဲ့ သူတွေ သေတယ်
    အိမ်ထဲမှာ နေတဲ့ သူတွေလဲ သေတယ်..

    သာမန်လူတွေ သေတယ်
    သာမန်ထက် လွန်တဲ့ လူတွေလဲ သေတယ်...

    လူကောင်းတွေ သေတယ်
    လူယုတ်တွေ လဲ သေတယ်
    ( ဒါပေမဲ့ တော့..အချိုးအစား မမျှဘူးပေါ့)

    ပြီးတော့..
    ချစ်တတ်သူ တွေ သေသလို
    အချစ်တွေ လဲ သေတယ်...

    ချောင်းလေးတချောင်းက သံဝေဂ ရတယ်
    Men may come and men may go
    But I go on forever.

    ဒေါ်အောင်ဆန်းစုကြည် က လဲ သံသယ ပြတယ်
    Love comes and goes
    But kindness remains.
    .
    .
    So .. where shall we go.

    K
    Monday 2 May 2011, 12:08 pm.

    ReplyDelete
  4. ကဗျာထဲမှာလည်းသေကြတယ်
    သေချင်သူတွေ သေရမယ်
    ဒေါ်အောင်ဆန်းစုကြည်ကိုတော့
    ဆွဲထည့် တိုင်တည်မနေပါနဲ့ 

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...