Dec 16, 2008

ကယ်ကြပါဦးဗျို့

အခု... ကျနော့် ပို့စ်တွေတိုင်းမှာ... အောက်ဆုံးက link to this post ရဲ့ အောက်မှာ... သူငယ်ချင်းတွေရဲ့ ပို့စ်တွေ... အလို အလျောက်... ပေါ်လာနေပါတယ်...။ ကျနော့်... ပို့စ်တွေနဲ့... သူတို့... ပို့စ်တွေက... ဘယ်လို နည်းနဲ့မှ... အဆက်အစပ်... မရှိ... ဖြစ်နေတော့... တခုခု... မှားနေပြီလို့... ထင်တာနဲ့... အဲ Link တွေကို... ပြန်ပြီး... ဖျက်ချပစ်လိုက်တယ်...။ ဖျက်ချပြီးတော့လည်း... နောက်တခါ... ပြန်ဖွင့်ကြည့်ရင်... နောက်ထပ်... သူငယ်ချင်းတွေရဲ့... ပို့စ်တွေ... ထပ်ပြီး... ရောက်နေပြန်ရော...။ ဒါနဲ့... Kaspersky ကို... မေးကြည့်တော့... အောက်ပါ အတိုင်း... ပေါ်လာပါတယ်...။

FireFox : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... FireFox နဲ့ပဲ... တခြား သူငယ်ချင်းတွေရဲ့... ဘလော့တွေကို... သွားကြည့်တယ်...။ ဘာမှ... မဖြစ်ဘူး...။ ဘာမှလည်း... မတွေ့ဘူး...။ ကျနော့်... ဘလော့ကို... သွားလိုက်တာနဲ့... အဲလို... ဖြစ်နေတော့တာပဲ...။ ကျနော့်... ဘလော့မှာပဲ... ဖြစ်နေတာ...။

ခုတော့ ကျနော့် ဘလော့ မှာ Trogan တခု... မိနေပြီ...။
Kaspersky ကလည်း... မရှင်းပေးနိုင်ဘူး... ဆိုပဲ...။


ဒါနဲ့... FireFox ကို မသုံးတော့ဘူး... ဆိုပြီး... Google Chrome ကို... ဒေါင်းလုပ်ချပြီး... သုံးကြည့်တယ်...။ ဒီအတိုင်းပဲ... ဘာမှ မပြောင်းလဲဘူး...။ အောက်ပါအတိုင်း... တွေ့ရတယ်...။ FireFox နဲ့ Google Chrome ပဲ... ကွာသွားတယ်...။



Google Chrome : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... Opera ကို... ဒေါင်းလုပ်ဆွဲပြီး... ဖွင့်ကြည့်တယ်...။ သူလည်း... ထိုနည်းလည်းကောင်းပဲ...။ ဒီလိုပဲ... ထပ်ပြီး ပေါ်လာတယ်...။



Opera Internet Browser : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... Microsoft Internet Explorer ကို... သုံးကြည့်တော့... ပထမတော့... ဘာမှ မဖြစ်ဘူး...။ ဒါပေသည့်... ကျနော့် ဘလော့ရော... သူငယ်ချင်းတွေ... ဘလော့တွေကိုရော... လေးထောင့်အတုံးတွေပဲ... မြင်နေရတော့ တယ်...။ ကောင်းရော...။ ဒါနဲ့... ဘလော့တော့... ရေးလို့ရမှာပဲဆိုပြီး... ဖွင့်ကြည့်တော့... ဒီလို... ထပ်ပြီး... ပေါ်လာပြန်ရော...။



Internet Explorer : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... နောက်ဆုံး... တခုတည်းကျန်တော့တဲ့... Apple က... Safari ကို.... စမ်းကြည့်ဦးမယ်... ဆိုပြီး... ဒေါင်းလုပ် ဆွဲပြီး... အင်စတောလ်... လုပ်လိုက်တယ်...။ Safari... ကို... ဖွင့်ကြည့်တော့လည်း... ထူးမခြားနား... ဖြစ်နေ တယ်...။ ထူးတာလေး... တခုပဲ... ရှိတယ်... Safari မှာတော့... detected ... လို့... မပြဘူး...။ denied... တဲ့...။



Safari Web Browser : Loading object http://error.000webhost.com/npt_found.html, containing Torjan program Exploit.JS.XMLPars.a. Denied.

(ဒါမဲ့... အကျိုးအမြတ်တခုတော့... ရှိသွားတယ်...။ ရှိရှိသမျှ... Web Browser တွေကို... သုံးမိဖူးသွားပြီ...။ အဲအထဲမှာ... Apple ရဲ့... Safari ကတော့... ဘလော့ပေါ်က... စာတွေကို... ဖတ်ဖို့... အကောင်းဆုံးပဲ...။ အတော်... သပ်ရပ်... လှပနေတာပဲ...။ ကျနော့ဘလော့ကို... မြင်ရတာ... ပုံနှိပ်ထားတဲ့... စာရွက်ကလေးတွေကို... မြင်နေရသလိုပဲ... ဗမာစာလေးတွေဆို... သပ်သပ်ရပ်ရပ်နဲ့... ထူထူထဲထဲနဲ့... လှလို့... ပလို့... ဗျား...)

လိုရင်း... ပြန်ပြောရရင်...
ကျိန်းသေတာ... ကျနော့်ဘလော့က... တခုခု... ဖြစ်နေပြီ...။
ဘာလုပ်ရမှန်း... မသိဘူး... ဖြစ်နေတယ်...။
Technology ကလည်း... savvy မဖြစ်တော့...
- ကယ်ကြပါဦး - လို့ပဲ.... အော်လိုက်တော့တယ်...။
သယ်ရင်းတွေ... ကယ်ကြပါဦး...ဗျို့...

22 comments:

  1. အန်ကယ့် တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူးထင်တယ်ဗျ မနေ့ က ကိုညိမ်းညို ဘလော့နဲ့ ကိုဝင်းဇော် ဘလော့မှာ ကော့မန့်ေ၇းတော့ ကျနော့်ပို့စ်လင့်က အဲ့မှာ Link to this post ဆိုပြီးပေါ်နေတယ် ။ အယ်...ဒါဆို FF ကြီးက ပြဿနာရှာပြီလားမသိ အနော်လည်းတက်ဘူးးးး)

    ReplyDelete
  2. ကျွန်ုပ်လည်း မကယ်နိုင် :(

    ReplyDelete
  3. ဟာ။ ကျွန်တော်လည်း အဲလို ဖြစ်နေတယ်ဗျ။ ကျွန်တော်က တစ်ယောက်ယောက် မှားပြီး လင့်ခ်လုပ်သွားတယ် ထင်နေတာဗျ။ ဟုတ်တယ်။ မဆိုင်ပဲနဲ့လင့်ဖြစ်နေတာတွေ အများကြီးဗျ။ ကျွန်တော်က ထရိုဂျန်မှန်းလည်း မသိဘူးဗျ။

    ReplyDelete
  4. ဒီလို အတွေ့အကြုံကောင်းတွေ ရှယ်ပေးလို့
    ကျေးဇူးပါ၊

    http://winzaw-mdy.blogspot.com

    ReplyDelete
  5. ကလူသစ်တင်ထားတဲ့ နောက်ဆုံးပို့စ်မှာလည်း ရေစစ်စစ်၊ချစ်ခြင်းရဲ့ လင့်ပေါ်နေတာကိုတွေ့ခဲ့ရပါတယ်။

    ReplyDelete
  6. ကျနော်သတိထားမိသလောက်ဆို ဒီဂိုလာ နဲ့ စိတ်ကူးတွေးသီမှာလည်း အကို့လိုဖြစ်နေတာ တွေ့ရတယ်ဗျ ။ သူတို့နဲ့ မေးလ် အဆက်အသွယ်ရှိရင် လှမ်းတိုင်ပင်ကြည့်ပါလား ။ တခြားဘလော့ဂ်တွေတော့ မသိသေးဘူး။ အဆင်ပြေသွားမှာပါ ။

    ReplyDelete
  7. Bro ရဲ့ ဆိုဒ်နဲ့ Republic ရဲ့ ဆိုဒ်တွေ ဖွင့်ဖွင့်ချင်းကို ကျွန်တော့်စက်ထဲက Kaspersky က ( http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.) ဆိုပြီး တက်တက်လာလို့ Deny လုပ်လုပ်ပစ်ရတယ်။
    ပိတ်ပြီး နောက်တစ်ခါ ထပ်ဖွင့်တယ်..ထပ်ပေါ်လာတယ်။ ထပ် Deny လုပ်ပစ်တယ်။ နောက်တစ်ခါ ပြန်စမ်းကြည့်တယ်။ ထပ်ပေါ်တယ်..ထပ်လုပ်တယ်။ နောက်တော့ လက်လျှော့ပြီး ဒီအတိုင်းပဲ ထားလိုက်တော့တယ်။

    ReplyDelete
  8. ကလူသစ်ဆီမှာလဲဖြစ်၏။ ထို့ကြောင့် ကလူသစ်ကဲ့သို့ နားခြင်းဖြင့် ဖြေရှင်းသင့်၏။

    ReplyDelete
  9. အခု ဒီဘလော့ကို ကြည့်ကြည့်တာ IE နဲ့  မှာ popup တစ်ခု ပေါ်တယ်။ ကျွန်မ IE က block လုပ်လိုက်တယ်။ Firefox မှာတော့ ဘာမှမပေါ်ဘူး။ Block လုပ်ပြီးသား ထင်တယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ကျွန်မလည်း အသေအချာမပြော။ တစ်ခုရှိတယ်။ အစ်ကို ဘလော့မှာ ထည့်ထားတဲ့ JavaScript Code တွေကို တစ်ခုချင်း remove လုပ်ပြီး စမ်းကြည့်ပါလား။ အရင်ဆုံး CBox အတွက် Code ကို remove လုပ်စမ်းကြည့်ပါ။ နောက်တစ်ခုချင်း ဖြုတ်စမ်းကြည့်ပါ။ ဒီလိုလုပ်ကြည့်ရင် ဘယ်က ဖြစ်နေတာလဲ သိနိုင်မယ် ထင်တယ်။ အချိန်ရတယ် ဆိုရင် ဘာကြောင့် ဖြစ်တယ်ဆိုတာ လိုက်ရှာဖတ် ကြည့်အုံးမယ်။ အခု ဒီပိုစ့်ဖတ်ပြီးပြီးချင်း လိုက်ရှာကြည့်တာတော့ ဘာမှ သေချာမတွေ့ သေးဘူး။

    ReplyDelete
  10. ကျမလဲ firefox နဲ့ဖတ်တာ ဘာမှမပေါ်ဘူး ။ ကလူသစ်ဘလော့လဲ မပေါ်၊ ညိမ်းညို တို့လဲ မပေါ်ဘူး။ ဒီတိုင်းပဲ ကောင်းနေတာပဲ ဘာဖြစ်လဲ မသိဘူးနော်။ နေနေတောင်မပြောတတ်တော့ ကျမဆိုဝေးရော... စိတ်မပျက်ပါနဲ့ အနာသိ ဆေးရှိလာလိမ့်မယ်။ ပညာရှင်တွေ ရောက်လာမှာ ...

    ReplyDelete
  11. 16 Dec 08, 20:39
    kom:ွှTZA ဆီမှာလည်းတွေ့တယ် တမင်ထဲ့ထားတယ် ထင်လို့လိုက်လုပ်ကြည့်သေးတယ်။ ဟိ
    16 Dec 08, 20:39
    kom: အကြံထုတ်ပြီးမှ ပြန်လာခဲ့မယ်။

    ReplyDelete
  12. 16 Dec 08, 20:57
    ayemin: ဘယ်လိုဖြစ်သတုန်း ကိုအောင်ရဲ့...ကျွန်တော်လည်း နည်းလမ်း ရှာကြည့်လိုက်ပါဦးမယ်။

    ReplyDelete
  13. 16 Dec 08, 21:05
    mtj: link to this post မှာ ဘာမှ မတွေ့ဖူးဗျ အားလုံးအိုကေနေတာပဲ။ စက်မှာ kaspersky တော့ မတင်ထားဘူး avast တော့ရှိတယ် :)

    ReplyDelete
  14. 17 Dec 08, 00:00
    သက်ဝေ: သက်ဝေဆီမှာလဲ Link To this Post ဆိုပြီး ပိုစ့်တွေလာ လာပေါ်နေတယ်...
    17 Dec 08, 00:00
    သက်ဝေ: သက်ဝေက ကိုယ့် ဘလော့ဂ်ရဲ့  Follower တွေရဲ့  ပိုစ့်အသစ်တွေ လာပေါ်နေတာ ထင်လို့ ။
    17 Dec 08, 00:00
    သက်ဝေ: တယ်လဲ တိုးတက်နေပါတကား... BlogSpot ရဲ့  Function အသစ်လို့ ထင်လိုက်တာ...
    17 Dec 08, 00:00
    သက်ဝေ: ဒါဆို တစ်ခုခုတော့ မှားနေတာပေါ့နော်...။
    17 Dec 08, 00:01
    သက်ဝေ: အခုလဲ Comment ရေးတာ မတက်လို့  ဒီမှာ ရေးလိုက်တာ...

    ReplyDelete
  15. 17 Dec 08, 00:06
    နောင်မွန်း: ကျွန်တော့် စက်က (kaspersky က) ပြောနေတယ်.. Trojan တွေ ဒီ ဆိုဒ်ထဲကနေ တွေ့နေရတယ်တဲ့။ "ကယ်ကြပါဦး ဗျို့ " ဆိုတဲ့ ပို့စ်အောက်မှာလဲ ( Links to this post mAunG mYo: ခလေးလေး နဲ့ ဦးဦး) ဆိုတာလဲတွေ့ရတယ်။

    ReplyDelete
  16. 17 Dec 08, 01:43
    သားထူး: bitdefender antivirus 2009 ကို သုံးကြည့်ပါလား ခင်ဗျား
    17 Dec 08, 01:43
    သားထူး: ကျွန်တော်စက်မှာတော့ သူ့ကိုသုံးကြည့်တာ အတော့်ကို အဆင်ပြေပါတယ်

    ReplyDelete
  17. 17 Dec 08, 09:33
    mirror: အစ်ကိုကြီးရေ့ ရောက်တယ်...ဒီကလဲ ဘာမှတတ်တာမဟုတ်တော့ မကယ်နိုင်တာတော့ စိတ်မကောင်းစရာ..

    ReplyDelete
  18. 17 Dec 08, 12:19
    ကိုအောင်: ကျနော်တော့ link to this post ကို ဖျောက်လိုက်ပြီး အကို
    17 Dec 08, 12:19
    ကိုအောင်: စိတ်ညစ်လို့ မလုပ်တတ်ဘူး
    17 Dec 08, 12:20
    ကိုအောင်: ကျနော်ဆီမှာလည်း ပေါ်နေတာ အခုဖျောက်လိုက်တော့ မပေါ်တော့ဘူး
    17 Dec 08, 12:27
    ကိုအောင်: အဲဒီ link to this post ကို အကိုဖျောက်တတ်တယ် မလား။ back link မှာ hide ကို ကလစ် ပေးတာလေ အကို

    ReplyDelete
  19. 17 Dec 08, 12:51
    ချိုသင်း: အင်း..မေးတော့လဲ ဖြေရမှာပေါ့။ ဟိုလို လုပ်လိုက်လေ အကို၊ မဟုတ်သေးဘူး ဒီလိုလုပ်ကြည့်ပါအုံး။ အဟီး..:)
    17 Dec 08, 12:51
    ချိုသင်း: ဒါ နောက်စရာလား လို့ မဆူပါနဲ့ အကိုရယ်။ ကြိုကန်ထားတာ။ :biggrin:

    ReplyDelete
  20. 17 Dec 08, 13:36
    တူးတူးသာ: ဟာ အဲဒါဆိုပြဿနာပေါ့ ညီမကလည်း လောကဓာတ်ပညာနဲ့တော်တော်ကို ဝေးတာ။ အစ်ကိုဂျီးရဲ့ပို့စ်ကိုတောင် ဆုံးအောင်မဖတ်တတ်ဘူး တခြားသူတွေကို ကယ်ခိုင်းနော်

    ReplyDelete
  21. တူမောင်မျိုး - ဟုတ်တယ်လေ... FF ကြောင့်လား... blogspot ကြောင့်လား...။
    ကိုရင်ညိန်း - မကယ်နိုင်ကြောင်း... ပြောသွားတာ.. ကျေးဇူး..း) just kidding. don't knid..:)
    ကောင်းကင်ကို - တကယ်တော့ Trojan နဲ့လည်း... မဆိုင်ဘူး...။
    ကိုဝင်းဇော် - အဲလို အတွေ့အကြုံကို... ကောင်းတယ် ထင်သပေါ့လေ...
    ယောနသံစင်ရော် - ဘလော့ အတော်များများမှာ... အဲလိုပဲ ဖြစ်နေတာလေ...။
    Anonymous - ဟုတ်ပါ့ဗျာ... အတော်များများ... အဲလိုပဲ...။ ခုထိတော့... အဆင် မပြေသေးပါဘူး...။
    နောင်မွန်း - ကျနော့်ဆီကတော့... Trojan တွေ မထုတ်တာ... အမှန်ပါ ဗျာ...။
    ကလူသစ် - နားရုံမျှဖြင့်... အရာအားလုံး... ပြေလည်မည်လော...။
    နေနေနိုင် - အကြံဥာဏ်... ပေးတဲ့အတွက်... ကျေးဇူးပါ ညီမရေ...။ အားလုံးတော့... စမ်းကြည့်တာပဲ... ဘာမှလည်း... မထူးခြား..။ ထင်နေတာတော့... blogspot ... ကြောင့်ပဲလားလို့...။
    မခင်မင်းဇော် - နှုတ်၏စောင်မခြင်းသည်လည်း... သူငယ်ချင်းကောင်းတို့၏... လက္ခဏာ... တပါး...။
    မခင်ဦးမေ - အကြံထုတ်တာ... ကြာလှချည်လားဗျ...း)
    ကိုအေးမင်း - နည်းလမ်း... ရရချင်း... ပြောပါ့... ကိုယ့်ဆရာ...။
    ကိုသဂျန် - တချို့ဘလော့တွေမှာတော့... အိုကေ နေတာပါပဲ...။
    သက်ဝေ - တခုခုကတော့.. ပိုက်ပိုက် မပေးရပဲနဲ့ကို... မှားနေသပေါ့ကွယ်...။
    ချစ်ညီကြီး သားထူး - စမ်းကြည့်မယ်လေ..။
    မှန်ကလေး - စိတ်မကောင်း မဖြစ်နဲ့လေ... ဒီလိုပေါ့... ။
    ညီ ကိုအောင် - back link ကို hide လုပ်လို့... ရမှန်းတော့... အကိုလည်း.. သိတယ်လေ... ဒါမဲ့ ... အဲဒါက... ပြသနာရဲ့ ... အဖြေမှ... မဟုတ်တာ...။ ဘာပဲဖြစ်ဖြစ်... ကူညီ... စဉ်းစားပေးတာ... ကျေးဇူး... ညီရေ့..။
    တူးတူးသာ - သူငယ်ချင်းဆိုတာ... ဂလိုလား...း)

    ReplyDelete
  22. ညီမချိုသင်း - မေ့ကျန်ခဲ့လို့...
    တယောက်တော့... ကျန်နေပါတယ်လို့... ထင်တာ... ပြန်ကြည့်တော့မှ... ငါ့ညီမ.. ဖြစ်နေတာ..
    ဆူစရာ.. ဘာအကြောင်းမှ မရှိ... ပျော်အောင်... ပြောသွားတဲ့အတွက်တောင်... ကျေးဇူးတင်နေသေး...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...