Dec 17, 2008

ပေါက်ကွဲတဲ့နေ့

link to this post မှာ... မဆိုင်တဲ့... ပို့စ်တွေ... လာချိတ်နေတာကစပြီး... စိတ် အနှောက်အယှက်... ဖြစ်လိုက် တာ... ခုထိပဲ...။ ခုတော့... ဘာကြောင့်ဖြစ်မှန်း... မသိသေးပေမယ့်... ကိုယ်တယောက်တည်း... ဖြစ်နေတာ... မဟုတ် မှန်း တော့... သိသွားပြီလေ..။ နည်းနည်းတော့... စိတ်အေးသွားတယ်...။ အကြံဥာဏ်... လာပေးကြတဲ့... ညီ အကို မောင်နှမတွေ... အားလုံးကို... တကယ်ပဲ... ကျေးဇူးတင်ပါတယ်။

ဒါမယ့်... အချိန်တွေတော့... အတော့ကို... ကုန်သွားတယ်...။ အဲဒါကိုလည်း... စိတ်တိုနေမိသေးတယ်...။ ဘာလို့ ဆို... စာရေးရမယ့်... အချိန်တွေမှာ... အဲတာနဲ့... အချိန်တွေ... ကုန်သွားလို့...။ နို့မို့ဆို... ပို့စ်... ၂ ခုလောက် တောင်... တင်ပြီး... သွားလောက်ပြီ။ ဒီကြားထဲ... အလုပ်က... ပြန်လာ တော့... ကား Dashboard မှာ... Brake Lamp -ဆိုတဲ့ Indicater က... ပေါ်နေတယ်...။ ကား Brake ကို နင်းတာနဲ့... လင်းလာရမယ့်... ဘရိတ်မီးက... မလင်းဘူးလေ...။ ကိုယ်... ဘရိတ်အုပ်နေမှန်း... မသိရင်... ဘရိတ် မီးကို... မမြင်ရရင်... နောက်ကားက... ကိုယ့်ကို... ၀င်ကျုံး နိုင်တယ်လေ...။ ဘာပဲဖြစ်ဖြစ်... မျက်စိ မှိတ်ပြီး... အိမ်ကို... ဒီအတိုင်းပဲ... ပြန်မောင်း လာတယ်...။ ကျုံးချင်တဲ့ ကောင်... ၀င်ကျုံးပေတော့... ဆိုပြီး။

အပါတ်မန့်ကို... ပြန်ရောက်တော့... ကားကို... ပတ်ကင်းမှာ ထိုးရင်းနဲ့... ကားခေါင်းကို... တွေ့လိုက်မိတော့... တယောက်ယောက်က... အကြွေစေ့... တခုခုနဲ့... (ဒါမှမဟုတ်... တခြား တခုခုနဲ့)... ကားခေါင်းပေါ်မှာ... စာရေး သွားတယ်...။ SINC ... ဆိုပဲ... ။ အကြီးကြီး...။ ဘောနက်ပေါ်မှာ... အောက်က ဆေးသားတွေတောင်.. ပေါ်နေ တယ်...။ ဘာ... အဓိပ္ပါယ် လည်းတော့... မသိ...။ ဒါမဲ့... ဒါဟာ Vandalism ပဲ...။ Hate Crime မှာ... Vandalism က ထိပ်ဆုံးကပဲ...။ ကိုယ့်ကို ဘယ်သူတွေက မုန်းနေပါလိ့မ့်မလဲ...။ စဉ်းစားလို့တော့... မရဘူး...။ ကိုယ်က.. အာရှသား ဖြစ်နေလို့လား...။ ဒါဆိုလဲ... အာရှသားတွေ... အများစု... နေနေတဲ့... ဒီ အပါတ်မန့်မှာ... ကိုယ့်ကို... ဘယ် အာရှသားက... မုန်းနေပါလိမ့်...။ ဦးနှောက် ခြောက်သွားတယ်...။

ဒါကြောင့်မို့လည်း... ဟိုးနေ့က... Apartment Management ဆိုပြီး... အိမ်တံခါးမှာ... စာတစောင်... လာကပ် သွားတာကိုး...။ There were some cars belongings to the residents of this apartment sufferred vandalism. If you have children please keep them away from any car that dosen't belong to their family. ... ဆိုပဲ...။

ကိုယ့်ကားခေါင်းပေါ်မှာ... အဲလို... စာမျိုးကို.. ဘယ်ကလေးကမှ... ရေးနိုင်လိမ့်မယ်.. မထင်ပါဘူး...။ လူကြီး တယောက်ပဲ... လက်လှမ်းမီနိုင်မယ့်... နေရာမှာ... ဘယ်လို... ကလေးမျိုးက... စာရေးနိုင်မလဲ... စဉ်းစား နေမိ တယ်...။ ဒေါသလည်း ထွက်တယ်...။ ဒေါသထွက်လို့မှ ... မဆုံးသေး... ကားနောက်ပိုင်းကို... ရောက်တော့... နောက်က... Defogger ကို... တယောက်ယောက်က... ချိုးထားပုံရတယ်... တွဲလောင်းကြီးကျလို့...။ အဲတာနဲ့... ပြန် မတင်ပြီး... နောက်မှန်ပေါ်ကို ... ဒီအတိုင်းပဲ... ပြန်တင်ခဲ့ရတယ်...။ စိတ်ထဲမှာတော့... နုံ့နုံ့ နုံ့နုံ့ ဖြစ်နေပြီ...။

အိမ်ပြန်ရောက်တော့... မဟေသီက... ထမင်း... မချက်ရသေးဘူး...။ လူက... ဆာလောင်နေပြီ...။ စိတ်... ထပ် တိုတယ်...။ ဒါနဲ့... ပေါက်ကွဲချင်နေတဲ့... စိတ်ကို... ထိန်းချုပ်ထားသေးတယ်...။ ဘာမှ မပြောဖြစ်ဘူး...။ အခန်းထဲ ၀င်ပြီး... ကွန်ပြူတာကို... ဖွင့်လိုက်မိတယ်...။ အိမ်ရောက်တာနဲ့... အင်တာနက်.. တန်းဖွင့်တော့တာပဲ.. ဆိုတဲ့... စကားကို... မကြားတကြား... ကြားလိုက်မိတဲ့... နောက်တော့... လေအပြည့်... ဖြစ်နေတဲ့... ပူဖေါင်းက... ပေါက်ကွဲ သွားပြီ...။

ဒါမဲ့... ဘယ်လို... ပေါက်ကွဲတာလဲ... ဆိုတော့... ဒီမှာ... သွားပေါက်ကွဲတာပါ...
http://www.hardradio.com/streaming/hardradio.asx ...။
အကျယ်နိုင်ဆုံး... Volume အကုန် တင်ပြီး... ဖွင့်ပစ်လိုက်တာ...။ တခန်းလုံးတော့... ဆူညံသွားတာပဲ...။
အော်ကြစမ်းကွာ... အကျယ်လောင်ဆုံး....။ ပေါက်ကွဲစမ်းကွာ... အပြင်း ထန်ဆုံး...။
Hard Rock တွေ...၊ Metal တွေ...၊ Acid ... တွေ။
ဖေါက်ခွဲ... ပေါက်ကွဲ... တိုက်စား... သွားကြစမ်းကွာ...။

တခါတခါ... ဘ၀ဆိုတာကြီးကို... ကျနော်... မုန်းတယ်...။


27 comments:

  1. အကိုကြီးရေ စိတ်လျှော့ စိတ်လျှော့..
    နေ့တိုင်း သောကြာနေ့ မဖြစ်ဘူးလေ။
    အကို့ကို မုန်းလို့ ကားပေါ်မှာ စာရေးတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ တချို့လူတွေက လက်ဆော့တတ်တယ်။ သတိတော့ ထားပေါ့။
    ကုန်သွားတဲ့ အချိန်တွေကို နှမြောပြီး ဒေါသထွက်ရင်း အချိန် ထပ်မကုန်ပါစေနဲ့နော်။

    ReplyDelete
  2. ကျိုင် ....ယင် ယင် အန်ကယ်ရေ့ မိတ်မီပဟာလေး) ဟားဟား ကျနော့်တစ်ယောက်တည်း ပေါက်ကွဲနေတာလားလို့ ခုတော့ အဖော်ရပြီး အားတက်သွားတယ်ဗျို့ ။

    ReplyDelete
  3. အိမ်ရောက်တာနဲ့ အင်တာနက် တန်းဖွင့်တော့တာပဲ.. ဆိုတဲ့ စကားကို... သက်ဝေလဲ မုန်းတယ်...။

    ReplyDelete
  4. ဒီနေ့ တော့ အစ်ကို့ အတွက် ပျော်ရွှင်သောနေ့ ၊ အဆင်ပြေသောနေ့ ဖြစ်ပါစေဗျာ။

    ReplyDelete
  5. စိတ်လျှော့..အကိုရေ

    ReplyDelete
  6. ပေါက်ကွဲ စရာတွေ ပေါက်ကွဲ လိုက်တော့လဲ ပြီးတာပဲ မို့လား..
    ရင်ထဲ သိမ်းထား တတ်သူတွေက ပို ပင်ပန်းတယ် လေ..
    ...
    ပေါက်ကွဲ ပုံလေး က မိုက်တယ်...း)..
    တစ်ခါ လောက် ပေါက် ကွဲ စမ်းကြည့် လိုက်ဦးမှ နဲ့
    တူတယ်...း)
    ....
    ဘ၀ ဆို တာကြီးကို တော့ မမုန်း လိုက်ပါနဲ့..
    ဘ၀ က ရောင်စုံ ပန်းခင်းလေး ပါ..
    ဆူးတွေနဲ့ပန်းလဲ ပါမယ်..
    မွှေးနေတဲ့ ပန်းလဲ ပါမယ်..
    မိုးရေ စက်တွေ..နဲ့
    နှင်းပေါက် လေးတွေ နဲ့
    ပြီးတော့..
    ခြောက်သွေ့ နေတဲ့..
    ကွဲပြား ခြားနားနေတဲ့ ရာသီတွေ ကိုတော့
    အလှည့်ကျ ဖြတ်သန်း ရမှာပေါ့.......
    ...............
    အမြဲ တမ်းပျော်နေရတာ..ပျင်းစရာကြီး..
    အမြဲတမ်း အဆင်ပြေနေရင်..လဲ.
    အင်း.... ပျင်းစရာကြီးပဲ နေမှာ....
    .....................
    (မိန်းမ ထမင်း မချက်ရသေးတော့လဲ...
    တစ်ခါ တစ်လေ ၀င် ချက် ကြည့် ပါလား...း)
    ........

    ReplyDelete
  7. အစ်ကိုကြီး..ဒေါတွေခီး....
    နှစ်ယောက်ရှိပီ..ပေါက်ပေါက်ပီးကွဲနေကြတာ...မောင်မျိုးရောပဲ...။
    စိတ်ကိုလျှော့ပါ...။ရေတစ်ဝကြီးမော့သောက်လိုက်ပါ...။

    ပေါက်ကွဲပုံလေးတော့ သဘောကျသား။

    ReplyDelete
  8. အာကိုဂျီး......
    စိတ်တိုနေလို့ တိတ်တိတ်ပြန်မလို့......
    ဒါနဲ့ အေကေကြီးက အာကိုဂျီးဆီမှာပဲရှိနေတာလားးးးး ငှင်

    ReplyDelete
  9. တရားလေးထိုင်ကြည့်ပါလား..

    ReplyDelete
  10. ထမင်းမရှိ ပေါင်မုန့်စားပါလား...
    ဒါလေးများ...ဟားဟား
    အိမ်ရောက်တာနဲ့ အင်တာနက် တန်းဖွင့်တာပဲ...:D
    ခင်မင်စွာဖြင့်
    ခင်မင်းဇော်

    ReplyDelete
  11. အေးလေ..ဟုတ်ပ..မခင်မင်းဇော်ရယ်..
    ( အဟဲ- စိတ်တိုပြီး.. ရော အော်ခံနေရအုံးမယ်..အသာနေမှ- ဘွာတေး )

    ReplyDelete
  12. စိတ်လေး ဘာလေးလျော့လေ...Bro! ... တခါတလေ ထင်တာနဲ့ မြင်တာ လွဲတယ်လို့မှတ် ... ဒီဘဒ္ဒကမ္ဘာ ပျော်စရာကြီးပေါ့....။

    ReplyDelete
  13. ဖြစ်တတ်ပါတယ်အကိုရေ..
    စိတ်တွေကိုအပေါ့ပါးဆုံးဖြစ်သွားအောင်ကြိုးစားလိုက်ပါ
    ဒါတွေဟာတင်္ဒဂတွေပါလားလို့သဘောထားလိုက်ရင်
    အားလုံးအဆင်ပြေသွားမှာပါ..
    ခင်မင်လျက်...

    ReplyDelete
  14. စိတ်လျှော့....:)
    ဟင်းချက်တာဟာလည်းအနုပညာတစ်မျိုးတဲ့
    စမ်းကြည့်ပါလား...
    :)

    ReplyDelete
  15. ဟဲဗီးမက်တယ်တွေ အကျယ်ကြီးဖွင့်ပြီးလိုက်အောင်ဆိုလိုက်တာ ကေကာင်းတယ် အစ်ကို.

    ReplyDelete
  16. အထူးလျှော့ဈေးဖြင့် ကားဆေးမှုတ်ပေးနေသည် မူလဆေးရောင်အတိုင်းဖြစ်စေရန် အာမခံသည် ခရစ်စမတ်ရာသီ နှစ်ထပ်လျှော့ဈေးဖြင့် ကားလျှပ်စစ်ကရိယာများကိုလဲ ပြုပြင်ပေးနိုင်ပါသည်။ အမြန်ဆုံးဆက်သွယ်ပါရန်။ Sorry, just kidding,wanted to cheer you up from your plight.

    ReplyDelete
  17. ၁ ကနေ ၁၀ ထိရေပစ်လိုက်ပေါ့
    မရရင် ၁ ကနေ ၁၀၀.. ဟိဟိ...
    တစ်ခါတစ်လေ အဲဒိဘ၀ဆိုတာကြီးက မုန်းပစ်တာပဲကောင်းတယ်...

    ReplyDelete
  18. ညကပြန်လာပြီး အင်တာနက် ချိတ်လို့ မရလို့ချစ်သူ ကို အထင်မှားမိသေးတယ်။ သူများလိုင်းဖြတ်ထားတယ်ဆိုပြီး။ ပြီးတော့မှ သူ့ဘာသာပြန်ကောင်းသွာယတယ်။ အဲ.ဒါလဲ ဒုတ်ခ.

    ReplyDelete
  19. ကိုအောင်...
    အဝေးကနေပြီး ဘာမှမကူညီိနိုင်တာ စိတ်မကောင်းဘူး...
    ကိုယ့်ထက်ဆိုးတဲ့ဘ၀တွေကိုတွေးပြီး စိတ်ဖြေလိုက်ပါ..။

    ReplyDelete
  20. ညီမချိုသင်း - စိတ်လျှော့လိုက်ပြီ...း)
    တူမောင်မျိုး - မိုက်မီပင်ဟာ... ချိုက်ဒီး...
    သက်ဝေ - ဟုတ်ပါ့... နော်...
    ကောင်းကင်ကို - ကျေးဇူး ညီရေ့...
    ကိုနေ - အေးပါညီရေ့...
    မမ - ထမင်းချက်တယ်... ဟင်းချက်တယ်... အ၀တ်လျှော်တယ်... ကြမ်းတိုက်တယ်... အိမ်သန့်ရှင်းရေးလည်း လုပ်တယ်... ဘာကျန်သေးလဲ...
    မစ်ရာ - စိတ်လျှော့လိုက်ပြီ... ရေတော့... အနားမှာ... မရှိတာနဲ့... အနားရှိတဲ့... ဘီယာပဲ သောက်လိုက်တယ်...း)
    စင်ဒန်လား - ခု စိတ်မတိုတော့ပါဘူးဗျာ...
    ကိုမောင်ရင် - တရားအားထုတ်တော့မယ်ဗျာ...း)
    မခင်မင်းဇော် - ထမင်း မရှိတော့... ခေါက်ဆွဲစားရတယ်လေ...း)
    မကေ - အော... မခင်မင်းဇော်နဲ့... အဖော်ရနေပေါ့....
    ဒုကဘာ - ဘာမှ မဟုတ်ပါဘူးဗျာ... ပြီးသွားပါပြီ...း)
    မနော် -စမ်းစရာမလိုဘူး... ကျနော်က... စားဖိုမှူးဗျ...း)
    တူးတူးသာ - Heavy Metal တွေ ကောင်းမှန်း... ခုမှပဲ... သိတော့တယ်...း)
    Anonymous - thanks you for cheering me up!
    ခေါင်ခေါင် - အဲအချိန်က... ၁ ကနေ ၂ အထိ... ရေဖို့တောင်... စိတ်တိုနေတယ်လေ...း)
    မခင်ဦးမေ - (ဒုက္ခ) လုပ်ပါဗျ... ဒုတ်ခ မဟုတ်ဘူး...း)
    ကိုသစ် - ကျေးဇူးပါဗျာ... ပြီးသွားပါပြီ...း)

    ReplyDelete
  21. မျှဝေ ပေါက်ကွဲသွားပါတယ်..

    ReplyDelete
  22. အဟား မိုက်တာကွ ငါတို့အစ်ကိုက၊ ခုရော အဆင်ပြေသွားပြီဟုတ်...

    http://winzaw-mdy.blogspot.com

    ReplyDelete
  23. သဘောကျသွားပြီ မဟေသီကို ထပေါက်ကွဲတယ် ထင်တာ ဒါလည်းကောင်းတာပဲ အကျိုးအမြတ်ကတော့ http://www.hardradio.com/streaming/hardradio.asx ဒီဟာတော့ မ သွားပါတယ်ရှင် ကျေးဇူး

    ReplyDelete
  24. စိတ်ကိုလျှော့ပါဆံရှည်ကိုယ်တော်။ အဆင်ပြေပါစေ အိမ်ရောက်တာနဲ့ အင်တာနက်တန်းဖွင့်တာဘဲလားး)

    ReplyDelete
  25. ဒီကလည်း အပြင်မှာ ဆိုရင်တော့ ဟန်တစ်လုံး ပန်တစ်လုံးနဲ့၊ အိမ်မှာတော့ ထစ်ကနဲဆို ပေါက်ကွဲပစ်လိုက်တာ တစ်ခါတစ်ခါလွတ်သွားတာများ ကိုယ့်ကိုကိုယ်တောင် မမှတ်မိဘူး ဟူးးး

    ReplyDelete
  26. လင်းဒီပ - ကျေးဇူး ညီရေ့...
    ကိုဝင်းဇော် - ခုတော့ အေးဆေး...း)
    Acacia - တခြား လင့်ခ်တွေလည်း ရှိသေးသဗျာ... ပေါက်ကွဲချင်ရင်...
    လင်း - ဘလော့ စွဲနေပြီလား မသိ ...း)
    sonata-cantana - ကျနော့်လိုပဲ စိတ်လျှော့လိုက်ပါဗျာ...း)

    ReplyDelete
  27. Hi Ko Aung,

    I like ur music st: link. if can, can give me other good st link.....

    with rgrds

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...