Dec 21, 2008

Canon in D

သူငယ်ချင်း တယောက်က... သီချင်း တပုဒ်လောက်... ထပ်တီးပါဆိုလို့... တွေ့တဲ့ သီချင်းတပုဒ်... ကောက်တီး လိုက်တာပါ...။ ဘယ်ဖက်... လက်ခလယ်က... ဟိုး... တနေ့က... ဓါး... ထိထားလို့... နည်းနည်းနာနေတယ်...။ အတတ်နိုင်ဆုံးတော့... ကောင်းအောင်... တီးထားပါတယ်...။ (ကိုသစ်ရေ့... တီးလိုက်ပြီနော...း)

ဒီသီချင်းက... အမှန်တော့... Chamber Music ပါ။ Johann Pachelbel... စပ်ဆို သီကုံးခဲ့တာ... ဖြစ်ပါတယ်။ ခု ကျနော် တီးထားတာကတော့... Classical Guitar Version ပါ...။ သီချင်းက ရှည်တော့... Vid ကလည်း... File Size ကြီးနေပါတယ်..။ 100 MB ထက် ကြီးနေရင်... Blogspot မှာ... တင်လို့ မရပါဘူး...။ ဒါနဲ့... တ၀က်လောက်... ဖြတ်ချပြီး... တီးထားတာပါ...။ Original Chamber Music ကို... နားထောင်ချင်ရင်တော့... ဒီမှာ... နားထောင်နိုင် ပါတယ်... ။ အကယ်၍... ဆူဆူညံညံလေးတွေ... နားထောင်ချင်တယ် ဆိုရင်တော့... New Version ဖြစ်တဲ့... Rock Style နဲ့... Canon Rock ကို... ကျနော့် ပို့စ်တခုမှာ... နားထောင်နိုင်ပါတယ်...။ ကျနော်... တီးထားတာတော့... မဟုတ်ပါ...း)

အောက်မှာ... စိတ်ဝင်စားလို့... ပြန်တီးချင်တဲ့သူတွေ... တီးနိုင်အောင်... ကျနော့် သီချင်း စာအုပ်ထဲက... စာမျက်နှာတွေကို... မျှဝေပေးလိုက်ပါတယ်...။

အပိုင်း (၁)























အပိုင်း (၂)























အပိုင်း (၃)





















13 comments:

  1. ကောင်းတယ် စတိုင်တမျိုးလေးဖြစ်သွားတာပေါ့ အားပေးတယ်ကျနော့်အတွက် ဂီတရဲဘော်ကြီးတွေတိုးတယ်။ဆက်လက်ပြီးကျနော်တို့တွေ လုပ်သွားကြတာပေါ့ဗျာ။

    ReplyDelete
  2. ပေါက်ကွဲ တဲ့ အရှိန်ကုန်သွားတော့သေချာနေပြီ..
    သီချင်း က လွမ်းစရာ လေး...
    .............
    လက်က ကြက်သွန်လှီး ရင်း ချတာလား...း)
    ...............
    လက်နာနေရက် နဲ့ သူငယ်ချင်း အတွက်
    စဉ်းစား တီးပေနိုင်သေး...
    ...
    အင်း.........
    မစွမ်းရင်းကလဲ ရှိ..
    ကန်စွန်းခင်းကလဲ ငြိ......(ခွိ)...း)
    သူငယ်ချင်းက အတော် အလိုက်သိ

    ReplyDelete
  3. နားထောင်သွားတယ်နော့.....
    သီချင်းဆိုသံပါ ပါရင်ပိုကောင်းမယ်။
    ဒါနဲ့ ဘယ်ဖက် လက်ခလယ် ဒါးထိတယ်ဆိုတော့ သေချာနေပါပြီ...ထမင်းတင်မက ဟင်းပါချက်ပစ်လိုက်တာလား....ခွိခွိ

    ReplyDelete
  4. ဟုတ်ပါ့ အစ်ကိုကြီးရေ..အစ်ကို့အသံနဲ့ သီချင်းတစ်ပုဒ်လောက် အဆင်ပြေရင်တင်ပါလားဗျာ..။
    အဲ့လိုတင်လို့ကတော့ ဒီလောက်မကောင်းတဲ့ကော်နက်ရှင်နဲ့ကိုပဲ ရအောင်ကိုနားထောင်လိုက်ဦးမယ်..တကယ်..။

    မျှော်နေမယ်နော်။

    ReplyDelete
  5. ကိုအောင်...
    လက်နာနေတဲ့ ကြားက ဂီတသံစဉ်တစ်ခုကို ဖန်တီးထားတဲ့ အတွက် ချီးကျုးပါတယ်...။
    ၈ီတရသဆိုတာ လူတော်တော်များများကို ဖမ်းစားနိုင်တဲ့ပညာပါ...။
    ထံတျာတေရှင်...ဒလု ဒလု ထုံး ဒျာန့်ဒျာန့်က အစ....
    မျိုးကြီးတို့ အထိ ...အကြိုက်ချင်းမတူနိုင်ကြပေမယ့်...
    သူ့ အကြိုက်နဲ့ သူတော့ ဂီတကို နှစ်သက်ကြတာပါဘဲ..။
    ကျနော့်အမြင်ဆိုရင်တော့ အဝေးရောက်မြန်မာတွေ ရဲ့ သီချင်းတွေနည်းနေတယ်ဗျာ...
    ကိုအောင်တို့ သီချင်းခွေတွေ လုပ်သင့်ပါတယ်...
    ကိုအောင်တို့ မှာ ဂီတဖန်တီးနိုင်မှုအစွမ်းရှိပါတယ်...
    ကျနော်...ကိုအောင်တို့ ရဲ့ အခွေကို မျှော်လင့်နေပါမယ်ဗျာ...။
    ကျေးဇူးတင်ပါတယ် ကိုအောင်..။

    ReplyDelete
  6. ကျွန်တော်လည်း Canon D ကို တော်တော်ကြိုက်တယ်...။ Electric Guitar နဲ့တီးထားတဲ့ သီချင်းကတော့ ရေလည် လန်ထွက်နေတာပဲ..။ သူတီးတာကိုကြည့်ပြီး ဂစ်တာကို တောင်ရိုက်ခွဲချင်စိတ်ပေါက်တယ် :( :P

    ReplyDelete
  7. အနော်ဂတော့.. မတီးတတ်၊ နားလည်းမလည်။း(
    အစ်ကိုကတော်လိုက်တာ..

    ReplyDelete
  8. အန်ကယ်ကလည်း သီချင်းပါဆိုပြပါဗျား) ခရစ္စမတ်ကျရင်ဆိုပြနော့် ။

    ReplyDelete
  9. ကောင်းကောင်း မကောင်းကောင်းဆိုပြပါ။

    နားထောင်သွားပါသည်။

    နောက်တစ်ခါ မိန်းမကို စိတ်ဆိုးရင်နဲး့ ကြက်သွန် မလှီးပါရန်။ (ကျွန်ုနုပ် လက်ကို ဒါးနဲ့လှီးမိလို့ ဆေးရုံရောက်သွားဘူးသည်။ )

    ReplyDelete
  10. အကိုတေးသံတွေကို ကျနော်လာ နားထောင်သွား
    တယ်။ အရမ်းကောင်းတယ်။ ကျနော်တော့ မတီးတတ်
    ဘူးအကိုရေ။ အားပေးလျက်ပါ။

    ReplyDelete
  11. ကိုဂင် - မြှောက်ပေးမယ့်လူက ကိုယ့်ဆရာပဲ ရှိတယ်...း)
    မမ - အင်း... အတော် သဘောကျနေပုံရတယ်...
    ဆင်ဒန်လား - အိုးတိုက် ပန်ကန်ဆေးတွေပါ အကုန်လုပ်ပစ်လိုက်တယ်ဗျ...း)
    ကိုသစ် - ပိုက်ပိုက်နဲ့ အချိန် လိုသဗျ... ပရိုဂျူဆာ လုပ်ပေးမလား...း)
    အိပ်မက်နက် - ဂစ်တာတော့ ရိုက်မခွဲပါနဲ့ ငါ့ညီရာ... အချိန်ပေး လေ့ကျင်ရင်... ရပါတယ်...
    Craton - နားထောင် သွားတာ ကျေးဇူးပါ...
    တူမောင်မျိုး - တခါ ဆိုပြပြီးပြီလေကွာ...
    မခင်ဦးမေ - အအေးမိလို့... အသံဝင်နေသဗျ...
    အခုတော့... ဓါးအကိုင်တော့ပါဘူး...
    ကိုအောင် - နားထောင်သွားတာ ကျေးဇူးပါ ညီရေ့...

    ReplyDelete
  12. Canon ကို သီချင်းလုပ် ဆိုတာတော့ မကြားဖူးပါ...။
    Choir Boy တွေ ဆိုတာတော့ ရှိတယ်...။ ၏
    နားထဲ မစွဲပါ။
    ပီယာနိုနဲ့ တီးတာကို အကြိုက်ဆုံးပါ။
    ကျွန်တော့်ဆီမှာ အင်တာနက်ကနေ ရတတ်သမျှ ဆွဲချထားတဲ့ Pachebel ရဲ့ Canon ဗားရှင်း မျိုးစုံ ရှိပါတယ်။
    တယောနဲ့ တီးတာ.. ထရမ်းပက်နဲ့ ဆက်ဆိုဖုန်းနဲ့ တွဲတီးတာ...၊ တယောကို ပီယာနိုန့ တီးတာ စသဖြင့်...။
    ခုလဲ နောက် ဗားရှင်းတစ်မျိုး နားထောင်ရပြန်ပြီပေါ့...။
    ဖြစ်နိုင်ပါက တစ်ပုဒ်လုံးကို အပြည့်အစုံ ပါဖက် တီးပေးနိုင်လျင် ကောင်းပါမည်...။

    ကျေးဇူးတင်ပါသည်။

    ReplyDelete
  13. Blog တစ်ခုကို အစအဆုံးပြန်ဖတ်ဖို့အစီအစဉ် အကို့ဆီက စပါမယ်။ Canon ကို သူ့မူရင်းအတိုင်း တယော၃လက်နဲ့ တီးထားတာ ပိုကြိုက်ပါတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...