Jun 23, 2008

Cannon Rock


ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော် ကြိုက်မိတဲ့ သီချင်းလေးတွေ တီးလုံးလေးတွေကို အားလုံးကို မျှဝေချင်တာလေးတခုပါပဲ။ အခု Cannon Rock ကတော့ မူရင်းက Johann Pachelbel ရဲ့ Chamber Music တခုဖြစ်တဲ့ Cannon in D ပါ။ အဲဒါကို ထိုင်ဝမ်က ဂစ်တာသမားတယောက်ဖြစ်တဲ့ Jerry C. က Rock ပုံစံနဲ့ ပြန်တီးထားတာပါ။ သူတီးတုန်းကတော့ လူတွေ သိပ်မသိကြပါဘူး။ နောက်တော့ YouTube မှာ FunTwo ဆိုတဲ့ ကိုရီးယားက ဂစ်တာသမားတယောက်က ပြန်တီးလိုက်တော့ YouTube မှာ လူအကြည့်ဆုံး Vid တခုဖြစ်သွားပြီးတော့ CNN က သတင်းမှာတောင် ပါခဲ့ဖူးပါတယ်။ သူ့ကို အမေရိကန်နိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံရုံးက ဧည့်ခံပွဲမှာတောင် ခေါ်တီးခိုင်းတဲ့ အထိ ထင်ပေါ်လို့ စင်တော်ပေါ်ရောက်ခဲ့သူ တဦးပါ။

ဒီ Vid ကတော့ Jerry C. ရဲ့ မူရင်း Cannon Rock ပါ။



ဒါကတော့ FunTwo ရဲ့ လက်သံပါ။ ယနေ့ထက်ထိ သူ့ Vid ကို YouTube မှာ တက်ကြည့်ခဲ့သူအားလုံးပေါင်း ၄၅ သန်းကျော်နေပါပြီ။ သူ့ လက်သံက Jerry C. ထက်လည်း ပိုပိရိသပ်ရပ်ပါတယ်။



ဒီ Vid ကတော့ ပြင်သစ်က ဂစ်တာသမားတယောက်ဖြစ်တဲ့ Mattrach လက်သံပါ။ သူလည်း ကောင်းတာပါပဲ။



ဒါကတော့ Mattrach ရဲ့ New Version of Cannon Rock ပါ။


YouTube ပေါ်မှာတော့ Cannon Rock ကို တီးခတ်ပြနေသူ ဂစ်တာသမားတွေ အများကြီးပါပဲ။ Version အသစ်တွေလည်း အများကြီးပါပဲ။ ကျနော့်အတွက်တော့ အပေါ်က ဂစ်တာသမား ၃ ယောက်က အကောင်းဆုံးတွေလို့ ခံစားမိပါတယ်။

ချမ်းမြေ့ကြပါစေ။

No comments: