Jun 23, 2008

Hotel California


ကျနော် ကြိုက်တဲ့ Rock Band တွေထဲမှာ Eagles ကတော့ အကြိုက်ဆုံးပါပဲ။ သူတို့ကတော့ သူတို့ကို California Rock လို့ပဲ ခေါ်ပါလို့ ပြောထားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ သီချင်းတွေက Classic Rock, Slow Rock, Country Rock, Soft Rock တွေပဲ များပါတယ်။ ကျနော်က အဲလိုမျိုး အပျော့စားရော့ခ်တွေကိုပဲ ကြိုက်လို့လားတော့ မသိပါဘူး။ Eagles ကတော့ ကျနော့်ရဲ့ Favorite Rock Band on This Earth ပါပဲ။ သူတို့ သီချင်းတွေထဲမှာ Hotel California ကတော့ ကျနော့် အသည်းစွဲပါ။ တကယ်ကတော့ ဒီသီချင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေး သီချင်းတပုဒ်ပါ။ စာသားတွေကို သေချာ ဖတ်ကြည့်ကြည့်ကြပါ။


စာသားထဲက တချို့စကားလုံးတွေကိုတော့ နည်းနည်းလောက် ရှင်းပြရမယ်လို့ ထင်ပါတယ်။

သီချင်းရဲ့ ပထမအပိုဒ်မှာပါတဲ့ Colitas ဆိုတာက California မြောက်ပိုင်းမှာ ပေါက်တဲ့ အပင်တမျိုးပါ။ California မှာ ဆေးခြောက်ပင်က အဖူးကို Colitas လို့လည်း ဗန်းစကားနဲ့ ခေါ်ကြတယ်။ ပူပူနွေးနွေး ဆေးခြောက်အနံ့လေးတွေ ရနေတယ်လို့ ပြောတာပါ။

ဒုတိယအပိုဒ်မှာပါတဲ့ tiffany-twisted ကတော့ ရှင်းပြရမှာ နည်းနည်း ရှည်ပါတယ်။ Tiffany & Co., ဆိုတဲ့ လက်ဝတ်ရတနာ ကုမ္ပဏီတခု ရှိပါတယ်။ ၁၉၈၀ ၀န်းကျင်က လူချမ်းသာတွေကြားထဲမှာ နံမည်ကြီးပေါ့။ ချမ်းသာတဲ့ သူတွေပဲ ၀ယ်ဝတ်နိုင် သုံးနိုင်တာပါ။ အဲလိုပဲ သိပ်ချောလှတဲ့ မိန်းကလေးတွေကို အဲဒီခေတ်တုန်းကလည်း tiffany လို့ ဗန်းစကားနဲ့ ခေါ်လေ့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ လူချမ်းသာတွေပဲ အနားကပ်နိုင်မှာ မို့လို့ပါ။ နောက်တခု captain ကတော့ အမေရိကားက bar တွေမှာ bartender ကို Doc, Chief, Captain စသည် ဖြင့် ခေါ်ကြလေ့ရှိပါတယ်။ အဓိပ္ပါယ် ကတော့ အတွေ့အကြုံရှိတဲ့လူကို ဗန်းစကားနဲ့ ပြောတာပါ။ အရက်တွေ အကြောင်းကို bartender က တခြားလူတွေထက် ပိုသိတယ် မဟုတ်လား။ spirit ကတော့ အဓိပ္ပါယ် ၂ မျိုးထွက်ပါတယ်။ တခုက အရက်ပါ၊ နောက်တခုကတော့ စိတ်ဓါတ်ပေါ့။ ၁၉၆၉ ကတည်းက စပြီး ဒီလို အရက်မျိုး မရတော့ဘူးလို့ ပြောတာ ဖြစ်နိုင်သလို ဒီလိုမျိုး စိတ်အနေအထားလည်း မရတော့ဘူးလို့လည်း ပြောတာ ဖြစ်နိုင်ပါတယ်။

တတိယပိုဒ်မှာပါတဲ့ the feast ဆိုတာကတော့ မူးယစ်ဆေးဝါးတွေကို အတူတကွ သောက်သုံးကြ၊ ထိုးကြတာကို ပြောတာပါ။ steely knives ဆိုတာကတော့ ဆေးထိုးအပ်တွေကို ပြောတာပါ။ the beast ကတော့ အားလုံးလည်း ခန့်မှန်းမိကြမှာပါ - ဘိန်းဖြူကို ပြောနေတာပါ။

သီချင်းတပုဒ်လုံးရဲ့ အချုပ်ကတော့ သူ့ ဘ၀ကြီးကို ကန္တာရ လမ်းမကြီးပေါ်မှာ မောင်းနှင် နေရသလိုမျိုး ခြောက်သွေ့ နေတယ်လို့ ထင်နေတဲ့ ငတိတကောင်က ဟိုတယ်လို့ တင်စားထားတဲ့ နေရာတခုမှာ မူးယစ်ဆေးဝါးတွေ သွားသုံးစွဲပြီး စိုပြေသွားလိမ့်မယ်လို့ သူ ထင်နေခဲ့တာတွေကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ အကြောင်းပါ။



On a dark desert highway, cool wind in my hair
Warm smell of Colitas, rising up through the air
Up ahead in the distance, I saw a shimmering light
My head grew heavy and my sight grew dim
I had to stop for the night
There she stood in the doorway;
I heard the mission bell
And I was thinking to myself,
’this could be heaven or this could be hell’
Then she lit up a candle and she showed me the way
There were voices down the corridor,
I thought I heard them say...

Welcome to the Hotel California
Such a lovely place
Such a lovely face
Plenty of room at the Hotel California
Any time of year, you can find it here

Her mind is Tiffany-twisted, she got the Mercedes Benz
She got a lot of pretty, pretty boys, that she calls friends
How they dance in the courtyard, sweet summer sweat.
Some dance to remember, some dance to forget
So I called up the Captain,
’please bring me my wine’
He said, ’we haven’t had that spirit here since nineteen sixty nine’
And still those voices are calling from far away,
Wake you up in the middle of the night
Just to hear them say...

Welcome to the Hotel California
Such a lovely place
Such a lovely face
They livin’ it up at the Hotel California
What a nice surprise, bring your alibis

Mirrors on the ceiling,
The pink champagne on ice
And she said ’we are all just prisoners here, of our own device’
And in the master’s chambers,
They gathered for the feast
The stab it with their steely knives,
But they just can’t kill the beast

Last thing I remember, I was
Running for the door
I had to find the passage back
To the place I was before
’Relax,’ said the night man,
We are programmed to receive.
You can checkout any time you like,
But you can never leave!

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။

2 comments:

pandora said...

You can checkout any time you like,
But you can never leave!

အရမ်းကြိုက်တဲ့ သီချင်းပေါ့
ရှင်းပြတာကျေးဇူးပဲ။ အဲဒီလောက် အသေးစိတ် သိမထားဘူးဗျ။

Anonymous said...

Great work.