Feb 14, 2009
ကောင်းကြသေးရဲ့လား...
ကောင်းကင်ကို ဘလော့မှာ သူ့ကဗျာကို တစုံတယောက်က ခိုးပြီး ဖော်ပြထားတဲ့ အကြောင်း ပို့စ် ကို ဖတ်ပြီးလို့ ကွန်မန့် ပေးပြီး ပြန်လာတုန်းပဲ ရှိသေးတယ် - သူပြောသလို ကိုယ့်စာတွေ ဘယ်သူက ပြန်ယူပြီး တင်ထားသလဲ သိအောင် Google မှာ ခုလို ရိုက်ထည့် ကြည့်လိုက်ပါတယ်... ဟိုက်... ဆိုပြီး အော်မိသွားသဗျာ... ။
ကိုယ်ရံတော်-ဆိုသူရဲ့ဘလော့မှာ ကျနော့်ကဗျာကို တင်ထားတာ သွားတွေ့ပါ တော့သဗျား... ကိုယ့်ဘာသာ ကိုယ်တောင် ပြုံးနေမိတယ်။ ဘာလင် တံတိုင်းနေ့ကျမှ ကိုယ့် အချစ် ဆိုသည်မှာ ကဗျာကို သူများ ဘလော့မှာ မရှင်း မရှင်းနဲ့ တင်ထားတာ သွားတွေ့နေမိလို့ပါ...း)
ဒီမှာတော့ - ကိုယ်ရံတော်(http://koyandaw.blogspot.com)က သူ့ဘလော့မှာ တင်ထား တဲ့ ကျနော့် ကဗျာပါ။
http://koyandaw.blogspot.com/2008/12/blog-post_19.html
ဒီမှာ ကျနော် အောက်တိုဘာ ၈၊ ၂၀၀၈ က ရေးခဲ့ပြီး ခင်မင်ရာ သူငယ်ချင်းတွေကို Tag ခဲ့တဲ့ ကဗျာပါ။
http://aungthange.blogspot.com/2008/10/blog-post_08.html
ကိုယ်ရံတော်ကတော့ ဘာမှ ပြောထားတာ မတွေ့တော့ Forward mail ကရလို့ တင်ထား တာလည်း ဖြစ်နိုင်ပါတယ်။
ခုတော့ သူ့ ပို့စ်မှာ ကွန်မန့် ရေးခဲ့တယ်။ ဆီပုံးမှာလည်း သွားတော့ အော်ခဲ့တယ်။ မေးလ်လည်းပို့ ထားပါတယ်။ နောက်ဆုံး ဘယ်လိုနည်းနဲ့မှ အဆက်အသွယ်လုပ် အသိ ပေးလို့ မရတော့ရင်တော့ ... .... .... ....
ခုကတော့ ကောင်းကင်ကိုနဲ့ ကျနော့် ဖြစ်ပုံက တထပ်တည်း၊ ကဗျာကလည်း နံမည် တခုတည်း ဆိုတော့ ကောင်းကြသေးရဲ့လားလို့ပဲ... ငြည်းချင်ပါတော့တယ်... ဒါတောင် သူ့ကဗျာနဲ့ ကျနော့်ကဗျာက နံမည်တူမို့လို့ ရှာကြည့်မိတာ... တခြား ကဗျာတွေကိုလည်း ရှာကြည့် ရမလိုဖြစ်နေပြီ...
42 comments:
  1. မကောင်းပါဘူး..ကောင်းကြသေးရဲ့လားလို့မေးလို့ပါ..း)
    ကိုယ့်ကဗျာစာသားလေးပဲဖြစ်ဖြစ်ခေါင်းစဉ်ပဲဖြစ်ဖြစ်
    search engine ထဲရိုက်ထည့်ပြီးသာရှာလိုက်
    ခိုးမခံထားရဘူးဆိုတဲ့သူဟာ ကံကြီးသူပဲ...
    ReplyDelete
  2. ဟုတ်တယ် အစ်ကိုရ။ ရှေးရှေးတုန်းက ကျွန်တော် ဖတ်ဖူးတဲ့ ကဗျာတွေလည်း တခြားနာမည်တွေနဲ့ တချို့ website တွေ မှာ ကော magazine တွေမှာပါ တွေ့ ဖူးတယ်။ ဒါမျိုးတွေကို မညှာတာတမ်း တိုက်ပစ်ဖို့ အချိန်ရောက်ပြီဗျ။ mail က ရတာဆိုရင်လည်း mail က ရတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ရေးသင့်တာပေါ့ဗျာ။ အဲဒီ့ လူက။
    နောက်ထပ် ဒါနဲ့ ပတ်သတ်တဲ့ ပို့ စ်တွေ ရေးဦးမယ် အစ်ကိုရာ
    ReplyDelete
  3. ဟုတ်တယ်နော်... ကျွန်တော့် သူငယ်ချင်း တစ်ယောက်လည်း အဲဒီလို ဖြစ်ဖူးတယ်... နောက်တော့လည်း.. ပြေလည်သွားကြတယ်ဗျ
    ReplyDelete
  4. စိတ်မကောင်းပါ ကိုယ်ချင်းစာပါသည်။ ကျွန်တော်လဲ "သတိ ခါးပိုက်နှိုက်တတ်သည်" ဆိုတာလေးလဲ Google မှာ ရေးပြီးကထဲက ရှာကြည့်တာ ဟိုမှာဒီမှာတွေ့လိုက်ရပါကြောင်း။ ဟိုးအရင်ကထဲကလဲ တခြားနာမည်ကြီးတွေရဲ့ ပို့စ်တွေလဲ ဒီလိုဘဲ အသစ်ကလေးတွေက အီးမေးကရလို့ဘဲဖြစ်ဖြစ် ရည်ရွယ်ချက်နဲ့ဖြစ်ဖြစ်ကူးကြလေတော့ မပြောတော့ပါဘူး။
    ReplyDelete
  5. မွေးနေ့က မတ်လ ၁၇ရက်လား။ ကေပို (စပ်စု) လုပ်ကြည့်တယ်။
    ReplyDelete
  6. ဟိုင်း ဟိုင်း ကိုကို ဒီဘီ..နေကောင်းတယ်နော်။ မတွေ့တာ ကြာပြီ.
    ReplyDelete
  7. နောက်ဆုံး ဘယ်လိုနည်းနဲ့မှ အဆက်အသွယ်လုပ် အသိ ပေးလို့ မရတော့ရင်တော့ ... .... ..... ????? :)
    ကြောက်ချာကြီး ကျနော့်အန်ကယ်က ဟို မိုးခိုးထွက်တဲ့ ဟာကြီးပစ်ဖူးတယ်နော့် :P
    ReplyDelete
  8. ကောင်းကျသေးရဲလားဆိုတော့ဘာများဖြစ်လဲဆိုပြီးပြေး
    လာတာလက်သတ်စက်တော့ဒီလိုကိုး...ဟီးအဲဒီလိုလဲရှိတာပဲနော်..ကျွန်တော်လဲရှာကြည့်မှ
    ReplyDelete
  9. ကောင်းမှကောင်းပေါ့ဗျာ
    ကျနော်လည်း ရေးလိုက်ပါတယ်။
    http://pandora-and-pandora.blogspot.com/2009/02/blog-post_15.html
    ReplyDelete
  10. နာမည်ကြီးတွေမို့ပါ။ ကိုယ်လိုလူရဲ့ ပေါက်ကရစာတွေကို ဘယ်သူမှမကူးဘူး။ စိတ်ချလက်ရပဲ။
    mm
    ReplyDelete
  11. ဖတ်ပြီး ခေါင်းခါသွားတယ် အစ်ကိုရေ..
    ReplyDelete
  12. ဟင်း... နာမည်ကြီးပြန်တော့လည်းခက်သားကလား..
    ဒါ့အပြင် ကဗျာတစ်ပုဒ်စီတိုင်းကိုသာ အခိုးခံရ၊ မခံရ သိအောင်လိုက်ရှာရရင် အချိန်ကုန် စိတ်ပင်ပန်းမယ် ဘယ်လို လုပ်မလဲနော်..။
    ReplyDelete
  13. ကဗျာကို ပြင်မပစ်တာတော့ (ကို) ကောင်းကင်ကိုထက် ကံကောင်းတယ် ပြောရမှာပဲ ။ သူတို့က လူ့လောက ကိုဖြစ်သလိုရောက်လာပြီး ဖြစ်သလိုနေထိုင်ကြတာကိုး
    နင့်နေအောင် ခံစားဖန်တီးရတဲ့သူကတော့ နင့်နေအောင်ခံစား ရတာပါပဲ ။ အဆိုးဆုံးကတော့
    အဲဒါက ကဗျာ ဖြစ်နေလို့ပဲ ။
    ReplyDelete
  14. သူခိုးတွေ သောင်းကျန်းတာ တော်တော်လွန်လာပြီ...။ တင်းလာပြီ..။
    ReplyDelete
  15. Anonymous said...
    နာမည်ကြီးတွေမို့ပါ။ ကိုယ်လိုလူရဲ့ ပေါက်ကရစာတွေကို ဘယ်သူမှမကူးဘူး။ စိတ်ချလက်ရပဲ။
    mm
    mm ပြောတာဟုတ်တယ်။ တို့လဲ ရှာကြည့်သေးတယ်။ kom ပိုစ်တွေ ..တွေ့ပါဘူး...။
    ReplyDelete
  16. ကောင်းတယ် ကောင်းတယ်။ များများသာ ကောင်းကောင်းရေ။ ကောင်းကောင်း ခိုးခံရမယ်။ ကောင်းကောင်း ခိုးခံရတော့ ကောင်းကောင်း လူသိတယ်။ ကောင်းတယ် ကောင်းတယ် ဟဲ :)
    ReplyDelete
  17. စိတ်ညစ်စရာ ကောင်းလိုက်တာ..
    အစက ကိုယ့်ဘာသာ ကိုယ်နေ အကောင်းသား..
    ကိုယ်ရေးချင်တာလေး ရေး ထား...
    တစ်ခါ တစ်ခါ အပျင်းပြေ ပြန်သွား ဖတ်..
    ဘလောံဂါဖြစ်ချင်ခဲ့ တာလဲ မဟုတ်...
    ...
    အစ်ကိုလေး ကပြောတော့..
    ဘလော့ဂိုစဖီယားထဲ ထွက်လည်ရင်
    သူငယ်ချင်းတွေ ရလာလိမ့်မယ်..ပျော်စရာကြီး ဆို...
    ခုတော့....
    ဟက် ခံရတာတွေနဲ့..
    ခိုးခံရတာတွေနဲ့...
    သူခိုး တွေ ဓါးပြတွေ ဆိုတာ..အပြင်မှာတင်မဟုတ်..
    ဘလော့ဂ် လောက ထဲ လဲ ရှိနေတာကိုး..
    ကြောက်လာပြီ..
    ကိုယ့်အိမ် လေး ကိုယ် ပြန်သော့ခတ်ပြီး..
    စိတ်ချရ တဲ့ သူငယ်ချင်းတွေ ပဲ ၀င်ခွင့်ပေးရင် ကောင်းမလား မသိဘူး..
    ReplyDelete
  18. မကောင်းကြပါဘူး
    ReplyDelete
  19. အစ်ကို သူအဲဒီပို့စ်ကိုဖျက်လိုက်လားမသိဘူး။ ဖွင့်လို့မရတော့ဘူး။ သူ့နာမည်ကြီးပဲဆိုရင် ဘလော့ကပွင့်တယ်။ အဲဒီပို့စ်ကမပွင့်တော့ဘူး။
    ReplyDelete
  20. ဘုရားရေ- အိပ်ယာကနိုးလို့..ပြတင်းပေါက်တွေဖွင့်မှ..သူခိုးဇတ်လမ်းတွေ ပွတ်လောရိုက်နေပါလား။ ကြည့်ရတာ..သူခိုးတွေက..အချစ်ပဲ လိုက်ခိုးတာထင်တယ်။ ဒါဆို အချစ်သမားတွေ သတိထားကြ။
    ReplyDelete
  21. မြန်မာပြည်ကို အုပ်ချုပ်နေသူတွေကကော လူကောင်းတွေလား၊ သူခိုးတွေလား။ အစိုးရကိုယ်တိုင်က ခိုးနေမယ်ဆိုရင် အဲဒီတိုင်းပြည်က လူအများစုကလည်း ဘယ်လိုတွေးမလဲ။
    ReplyDelete
  22. မေးခွန်း - ကောင်းကြသေးရဲ့လား...
    အဖြေ - မကောင်းကြပါဘူး...
    (အမေးရှိလို့ အဖြေရှိတာပါ... မေးသမျှသာ ဖြေနိုင်မယ်ဆိုရင် လုပ်စားတာထက် ကြီးပွားမယ် လို့ ဆရာမ မကြည်အေးက ပြောခဲ့တယ်...)
    မနေ့ကပဲ Valentine... ဒီနေ့ကျတော့ အချစ်တွေ အခိုးခံရတယ် ဆိုတော့...
    အင်း... အချစ်သမားတွေ သတိထားကြရမှာပေါ့...။
    ReplyDelete
  23. အံမယ်မင်းရယ်တဲ့မှ ပြောရတော့မယ် ။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့
    မကောင်းကြတော့ပါဘူး ကိုအောင်သာငယ်ရဲ့
    ကိုင်း .. အစ်ကို့ အေကေ ကြီးဘယ်ရောက်နေတုန်း
    (လုပ်လေ) အဟေးဟေး
    ReplyDelete
  24. ကောင်းတယ် အစ်ကိုရေ ...
    နာမည်ကြီးတယ်ဆိုတာ ... အဲဒီလို အခိုးခံရမှ ... ပြည့်စုံတာလို့ ... post-modern cyber philosophy က သတ်မှတ်တယ် :)
    ... ဘယ် ... တွေ့ ကရာကဗျာဘယ်ခိုးပါ့မလဲ ...။ ကဗျာက ကောင်းလဲကောင်းပြီးတော့ ... သဘောကောင်းပုံရတဲ့ blogger ဆီကပဲ ခိုးမှာပေါ့ ...ဟားဟား ..။ blog ကြော်ငြာကို အလကား out source လုပ်ပေးနေတာနေမှာပါ ကိုအောင်သာငယ်ရေ ...။ ခက်တာက ကဗျာချစ်တဲ့သူတွေက ကဗျာရေးတဲ့သူတွေနဲ့ ကဗျာတွေကို တွဲပြီးမှတ်မိနေတော့ တစ်နေ့မဟုတ်တစ်နေ့ မိမှာပါပဲ ...။ အနုပညာပစ္စည်းလေးတွေကို သူခိုးဈေးထဲရောက်ရောက်နေတာ ရယ်ချင်ပါတယ် ....။ သူခိုးဆိုတော့လည်းဈေးမဖြတ်တတ်ဘူး ...၊
    ... ကဗျာကို ခိုးတယ်ဆိုတော့လည်း အဆင့်မြင့်တဲ့သူခိုးပေါ့ ...။ အနုပညာကို နားလည်ဖို့ကြိုးစားနေတဲ့သူခိုးများလား ????
    သူခိုးများကို ကဗျာလှူရသော အကျိုးအားကြောင့် ... ကိုအောင်သာငယ် လည်း ... ကုသိုလ်အများကြီး မတောင်းဘဲနဲ့ကို ပြည့်နေမှာပါ ...။ :)
    ReplyDelete
  25. မကောင်းဘူး၊ သူများဘလော့ဂ်ဂင်းလို့ လိုက်ဂင်းချင်တာနဲ့ အလာကားရတယ်ဆိုပြီး ဘလော့ဂ်တွေလုပ် ပြီးတော့ သူတပါးရေးထားတာတွေ လိုက်ကူးပြီးတင်သူတွေ အများသား၊ တင်ချင်ရင်တောင် ဘာဘဲဖြစ်ဖြစ် cerdit ပေးသင့်တာပေါ့၊ ဘလော့ဂ်ဟာ စာနယ်ဇင်း မီဒီယာလို့မသတ်မှတ်ပေမယ့် ဘလော့ဂ်ဂါတွေရဲ့ ကျင့်ဝတ်စည်းကမ်းဆိုတာ ရှိတာမို့ ဘလော့ဂ်ဂါတွေအားလုံး ဘလော့ဂ်စည်းကမ်းလေးတော့ သိအောင် ဖတ်၊မှတထားသင့်တယ်၊ ခံစားချက်ကိုနားလည်တယ်ဗျာ၊ ကိုယ့်သားသမီးကို သူများတကာက သူ့သားအမီးအယောင်ဆောင် မွေးထားသလိုဖြစ်နေတယ်ဆိုတာ ခိုးကူးနေသူတွေသိစေချင်တယ်။ ဒီကိစ္စကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချတယ်။
    ReplyDelete
  26. အဟီး..ဟီး..အကိုကြီးရေ...
    ကျနော့်ဟာလဲ ခိုးခံလိုက်ရတယ်ဗျ http://www.mysuboo.com/component/option,com_blog/name,spooky/m,200711/fonts/index.php?option=com_blog&name=badguys&task=view&pid=13426
    အမှာသာ ကြည့်ပေတော့ ... စုဗူး ထဲမှာ သူခိုးတွေ စုနေတယ် ထင်တယ် ...။
    ReplyDelete
  27. ကို ATN မေးခွန်းကိုဖြေရရင်တော့ မကောင်းပါဘူး။
    ရေးထားတဲ့ ကဗျာတွေ စာတွေကို ကြိုက်လို့ ကိုယ့်ဘလော့မှာ တင်ချင်ရင်လည်း ကိုယ်ပိုင်မဟုတ်ကြောင်း ရေးသင့်တယ်လို့ထင်ပါတယ်။ copyright ရှိကြောင်းရေးထားလိုက်ပါလား။
    ReplyDelete
  28. ကိုအောင်သာငယ်ရေ ..
    ဖော်ဝေါ့ဒ်မေးလ်အတွက်ရော ကွန်မန့်အတွက်ပါ ကျေးဇူးတင်ကြောင်း လာပြောတာပါ။
    အဲဒီဘလော့ရဲ့ စီဘောက်မှာ ကိုအောင်သာငယ် ၀င်ပြောပေးထားတာ ကျမတွေ့ပါတယ်။ အဲဒီတုန်းက သူယူထားတဲ့ ပို့စ်ကို မဖြုတ်ရသေးဘူး။ ကိုအောင်သာငယ်လည်း အဲဒီပို့စ် ဖတ်မိမယ် ထင်တာပဲ။ ဘာမပြောညာမပြော ဖြုတ်လိုက်တာကို ကျမက အံ့သြမိတာပါ။ အခုလို မေးလ်ပို့တာက မဆိုးပါဘူး။ ဒါပေမဲ့ သူ့မေးလ်ကို ကျမလည်း သိပ်နားမလည်ဘူး။
    အခု အဲဒီလို ကိစ္စတွေ များလာတာ ဘလော့ လောကအတွက် မကောင်းလှဘူး။ အပေါ်မှာ ရေးကြသလို ဘလော့ စည်းကမ်းလေးတော့ ရှိသင့်ပါတယ်။ တချို့ကလည်း မသိလို့ လုပ်တာ။ တချို့ကလည်း သိရက်နဲ့လုပ်တာ။
    ဒါမျိုးဟာ မလုပ်သင့်ဘူးဆိုတဲ့ အမြင် ရှိဖို့ တတ်နိုင်သလောက် ၀ိုင်းဝန်း ရေးသားကြရင် ကြာတော့ ပျောက်သွားမလား မပြောတတ်ပါဘူးရှင်။
    ReplyDelete
  29. ရင်နဲ့ ဖန်တီးထားတာကို ဦးနှောက်ဖောက်စားကြပုံများ ကိုယ့်ဟာနဲ့ကိုယ် မလုပ်နိုင်ကြလို့လား ဖြတ်လမ်းနည်းလိုက်ခြင်တာလား
    ReplyDelete
  30. အစ်ကိုရေ သူခိုးဘလော့ဝင်တာမရဘူးဗျ ပိတ်သွားပြီ
    ReplyDelete
  31. မကောင်းဘူး မကောင်းဘူး မကောင်းဘူး..
    ReplyDelete
  32. 15 Feb 09, 06:04
    ချာချာ: ဦးလေး ကဗျာ အခိုးခံရတာ စိတ်မကောင်းပါ သတိထားဦးလေးမိန်းမ ကို သေချာစောင့် ရှောက်အုံး :P
    ReplyDelete
  33. မနော် - အမှန်ပဲဗျာ... အားလုံး ကံမထူးသူတွေ ဖြစ်နေပြီ...
    ကောင်းကင်ကို - မရှင်းမရှင်းတွေတင် မဟုတ်ဘူး ညီရေ့... ရှင်းရှင်းလင်းလင်းတွေပါ ခိုးနေတာ...
    သက်ပိုင်သူ - ခုတော့ အဲလိုဖြစ်နေတဲ့သူတွေ အတော် များနေပြီ...
    မခင်ဦးမေ - မကောင်းတာလည်း ဟုတ်တယ်... ဟိုဟာလည်း ဟုတ်တယ်...း)
    ကိုဒီဘီအေ - ခုတော့ ဘာပြောရမှန်းကို မသိတော့ပါဘူး...
    တူမောင်မျိုး - မရတော့ရင်တော့... မရတော့ဘူးလို့ မှတ်လိုက်တော့လေကွယ်...း(
    ဒေါင်းမင်း - ဂလိုတွေ လူတိုင်းကို ဖြစ်နေသလား မသိပါဘူးဗျာ...
    မပန် - သူတို့အတွက်တော့ ကောင်းမှ ကောင်းပေါ့လေ...း(
    အိုင်လွယ်ပန် - ဆိုးပါတယ်ဆိုးမှကွယ်...
    ကိုရင်နော်ခင်လေးငယ် - သည်မှာလည်း ခေါင်းရမ်းရလွန်းလို့ ခေါင်းတောင် မူးသွားပြီ...း(
    မှူးဒါရီ - ခုတော့ လိုက်မရှာတော့ပါဘူး... ထပ် စိတ်မညစ်ချင်တော့လို့...
    BlackDream - ဘ၀တူတွေ မနည်းပါဘူးကွာ...း(
    ကလူသစ် - ကိုယ့်ဘာသာလည်း ပြန်ကြည့်ကြည့်ဦး ကလူသစ်စာတွေကို အလ္လာပ သလ္လာပ ဘလော့မှာ တွေ့လိုက်သလိုပဲ... အဟဲ...း)
    မမသီရိ - မသိတော့ဘူး...း(
    ဆင်ဒဏ်လား - တွေ့လိုက်မှဖြင့် မကောင်းတာတွေချည်းပါပဲလားကွယ်...း(
    မေ့သမီး - ဖျက်လိုက်တယ်လို့ ဆီပုံးမှာ ပြောထားတယ်
    မကေ - အချစ်သမားတွေခမျာ မှားနေပါပေါ့လား... မှားပါတယ်...း(
    ကိုသက်ဦး - ခိုးလို့ ကောင်းလိုက်တာလို့ တွေးကြလေသလားဗျာ...း(
    သက်ဝေ - ယနေ့မှ စ၍ ကြီးပွားပါပေပြီ...
    ကိုရင်ညိန်း - အရေးထဲ အလုပ် မရှိလို့ အေကေ အပေါင်ဆိုင် ရောက်နေလို့ပေါ့ကွာ... ပြန်ရွေးပြီးရင်တော့လား... အဟေးဟေး...
    Anonymous - အင်း... ခုတော့... သာဓု ခေါ်ရ ကောင်းမလား... အမျှ ဝေရ ကောင်းမလား... စဉ်းစားနေတယ်...း)
    ကမာနီလာ - တချို့ကလည်း စည်းကမ်းဆိုတာ မသိဘူး ထင်ပါရဲ့...း(
    ဖုန်းမြင့် -ငါ့ညီကြီးလည်း ခိုးခံရပြီကိုး... ထင်နေသားပဲ... ကဗျာတွေက ရွှေရောင် တလက်လက်နဲ့ သူခိုး လက်ချက်တော့ မိတော့မှာပဲလို့...း)
    မီယာ - ခုတော့ CopyGator လက်ထဲ အပ်ထားတယ်ဗျာ...
    မေဓါဝီ - ၀ိုင်းဝန်းပြီး Campaign တခုလို လူတိုင်းက ရေးလိုက်ရင်တော့ မပြောတတ်ဘူးဗျာ... တဦးချင်းစီ ရေးနေတော့ မကျယ်ပြန့်ဘူး ဖြစ်နေလား မသိပါဘူး...
    ကိုမျိုးဝင်းဇော် - တချို့ကလည်း ဖောဝါ့ဒ် မေးတွေက ရတာ ဖြစ်နိုင်ပါတယ်... ဘလော့ကိုတော့ မပိတ်ထားပါဘူး... ကျနော့် ကဗျာပါတဲ့ ပို့စ်ကိုပဲ ဖျက်လိုက်တာပါ... ဖျက်လိုက်ကြောင်းလည်း ဆီပုံးမှာတော့ ပြောထားသဗျ... သို့သော်လည်း ခပ်မာမာပါပဲ...
    မိုးချိုသင်း - ညီမရေ့ မကောင်းတာကတော့ အတော့ကို မကောင်း ဖြစ်နေပြီ... ခိုးခံရတဲ့လူတွေ မနည်းဘူးလေ... ခုတင် ကောင်းကင်ကို၊ မပန်၊ မမေဓါဝီ၊ မောင်ဖုန်းမြင့်၊ မနော် .... ကဲ ... ကောင်းကြသေးရဲ့လား...
    ချာချာ - အလစ်မှာ ခိုးသွားတာကိုးကွယ်... ဘာတတ်နိုင်မလဲ...း(
    ReplyDelete
  34. ကောင်းပါတယ်... ရေးထားတာပြောတာပါ...
    ခိုးတာကတော့လား.. ပြောမပြောချင်ပါ... စာကောင်းလို့ဖြစ်မှာပါ... ဆက်သာရေး...
    တတ်နိုင်သလောက် ညီညီညွတ်ညွတ် တိုက်ဖျက်သွားတာပေါ့ဗျာ...
    ReplyDelete
  35. မေဓါဝီ
    နင်နေရာတကာ ဆရာကြီးဝင်မလုပ်နဲ့
    ဟားစရာကြီးနော်..
    နင်တို့ တင်ထားတဲ့ ပို့စ်တွေ ကဗျာတွေက နင်တို့
    ရေးပါတယ်လို့ ဘယ်မှာမူပိုင်ခွင့်တင်ခဲ့လဲ..
    ဒါပထမ အချက်နင်တို့အမှား
    ဘာအထောက်အထားမှမရှိဘဲ ပိုင်စိုးပိုင်နင်းနဲ့
    ဖျက်ခိုင်းတာ..သူခိုးလို့ပြောတာ တရားနည်းလမ်းမကျဘူး..
    ဒါဒုတိယအမှား
    နင်တို့ပြောပြောနေတဲ့ ကိုယ်ဖန်တီးထားတဲ့ အနုပညာ..ဆိုတာဘာလဲ..
    အနုပညာဆိုတာ လူတိုင်းခံစားဖို့လေ..
    အားလုံးကိုပေးဆပ်ဖို့အတွက် ဖန်တီးကြတာ
    အားလုံးကခံစားနေကြရင် ဖန်တီးတဲ့ အနုပညာရှင်က ဘယ်လောက်ပီတိဖြစ်လဲ...
    ဥပမာ..မြို့မငြိမ်း က သင်္ကြန်သီချင်းတွေကို သူတယောက်တည်း ခံစားဖို့ ဖန်တီးခဲ့တာမဟုတ်ဘူး..
    မူးလို့ဘဲဆိုဆို..ပျော်လို့ဘဲဆိုဆို..
    သူ့သီချင်းတွေကို ဆိုနေရင်သူဖန်တီးခဲ့တဲ့ အနုပညာပညာအတွက် ကျေနပ်နေမှာလေ
    အေးပေါ့..သူကတော့ အနုပညာသမားစစ်စစ်ကိုး....
    ဒါဆိုနင်တို့က ဘာလဲ ..နင်တို့ပြောနေတဲ့ အနုပညာကကော..ဘာလဲ..
    ပေးစပ်ချင်စိတ်မရှိဘဲ ကိုယ်ရေးတာလူသိဖို့ လိုက်ပြီးအော်နေရင်တော့ အနုပညာဆိုတာကို ခုတုံးမလုပ်ပါနဲ့
    သိပ်နာမည်ကြီးချင်ရင် လကမ္ဘာကိုရောက်အောင်သွား...
    သူများကိုခိုးတယ်ပြောရဲရင် နင်တို့ရေးထားတာတွေကရော...
    ငါသိတယ်နော်..ပြန်စစ်အုံး
    နင်တို့ကလိုက်ပြောလို့ ဖျက်လိုက်တယ်ဆိုတာကို မအံ့သြနဲ့
    နင်တို့စိတ်ဓာတ်တွေကို သေချာသိသွားလို့
    သူတို့အရင်ခံစားထားတဲ့နင်တို့စာတွေကိုပါ
    နင်တို့စိတ်ဓာတ်တွေအဖြစ်မြင်သွားတာ..
    နင်ကနေရာတကာဆရာဝင်ဝင်လုပ်လို့ နင်ကို ဦးတည်ပြီးရှင်းပြတာ..
    နင်သေချာနားလည်မှ နင်နောက်ကလိုက်နေသူတွေကို ဆရာသေချာလုပ်နိုင်မှာ..
    သွားပြီးတော့မဟုတ်ကဟုတ်က..
    မတောက်တခေါက်အတွေးနဲ ကမ်းပိန်းတွေလုပ်ဖို့တို့ ဘာတို့လောဆော်နေရင် အဆော်အရင်ခံသွားရမယ်...
    ဒီစာကို အတွေးလေးတွေမှန်ပါစေလို့
    နာမည်ပေးထားတယ်
    ကြိုက်တဲ့နေရာမှာသုံးနိုင်တယ်
    ဘာဘောင် ဘာစည်းမှမခြားထားဘူး
    ၂၂ ရာစုကိုလိုက်ချင်ရင်တော့ အများအတွက်
    ဆိုတာကိုတွေး..င့ါဟာ ငါ့ဟာဆိုရင်တော့ လစ်တော့..နေရစ်တော့..ကျန်ခဲ့ပြီ အိုင်ဒီယာတွေ..
    နင်တုံ့ပြန်မှုတွေကိုပြန်မြင်ချင်တယ်....
    .......................
    အောင်သာငယ် ရေ..
    မေဓာဝီကိုတော့ ကို့အတွေးလေးပေးခဲ့တယ်
    မင်းပြောတဲ့ ဘလောက်တော့ဝင်မကြည့်ဖြစ်ဘူး
    ဒါပေမဲ့ မင်းပြောတဲ့စကားတွေတော့ နားလည်လို့..အတွေးလေးတခုရလို့ပို့လိုက်တယ်
    ReplyDelete
  36. ဘာပြောရမှန်းတော့ မသိတော့ဘူး။ အခုပဲ မပန်ဆီကပို့ စ်ဖတ်ပြီး ဒီဘက်ကိုရောက်လာတာ ။ တွေ့ ပြန်ပြီ နောက်တမျိုး။ စိတ်ကုန်လိုက်တာ
    မကောင်းဘူး လုံးဝမကောင်းဘူး
    ReplyDelete
  37. Anonymous ဆိုသော ပုဂ္ဂိုလ်ရေ ... ငါရေးတဲ့စာကို သေချာဖတ်ပါဦး
    (ကိုယ်ရံတော်ကတော့ ဘာမှ ပြောထားတာ မတွေ့တော့ Forward mail ကရလို့ တင်ထား တာလည်း ဖြစ်နိုင်ပါတယ်။)
    ငါ ဒီိလိုရေးခဲ့တာပါ... တခြားဘာမှ မစွပ်စွဲထားဘူး။
    ပြီးတော့ အဲဘလော့မှာလည်း ကောင်းကောင်းမွန်မွန်ပဲ ငါ သွားပြောထားတာ။
    ငါ ရေးနေတာအားလုံးဟာ အားလုံးဖတ်ဖို့ရေးတာပဲ။ ပြီးတော့ ရေးချင်လို့ ရေးနေတာ နံမည်ကြီးဖို့ ရေးနေတာ မဟုတ်။ ပိုက်ဆံရလို့ စာမူခ ရလို့ ရေးနေတာမဟုတ်။
    ငါတို့ ပြောနေတာ ရေးသူနံမည် မသိရင်တောင် မသိဘူး- ဒါမှ မဟုတ် ဘယ်က ရတယ်ဆိုတာ ပြောစေချင်တာ ဒါပါပဲ...
    နောက်တခုက ကိုယ်မရေးတဲ့စာကို ကိုယ့်နံမည် မတပ်နဲ့လေ... ဒါပါပဲ...
    ဒီလောက်ကို ရိုးရှင်းပါတယ်။
    မင်းပြောနေသလိုဆိုရင် ငါလည်း မင်းကို ပြန်ပြောပါရစေဦး...
    မင်းကိုယ်တိုင် anonymous.blogspot.com ဆိုပြီး ဘလော့ တခုလုပ်လိုက်လေ။ အလကားရတာပဲာ စမ်းပြီး လုပ်ကြည့်ပေါ့။ ပြီးတော့ အနုပညာရှင်တွေက အားလုံး ခံစားဖို့ ဖန်တီးတာပဲဆိုပြီး - ဆရာကြီး သခင်ကိုယ်တော်မှိုင်းလေးချိုါ်ကြီးတွေကို မင်းနံမည်နဲ့ မင်းဘလော့မှာ တင်ကြည့်ပါလား၊ ဒါမှ မဟုတ် ဆရာ ဒဂုန်တာရာရဲ့ ဆောင်းပါးတွေကို မင်းနံမည်နဲ့ တင်ကြည့်ပါလား။ ဒါမှ မဟုတ် ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဝတ္ထုတွေကို မင်းဘာသာပြန်ပါတယ်လို့ ဆိုပြီး တင်ကြည့်ပါလား။ ဒါမှ မဟုတ် ဆရာမ ဂျူးရဲ့ ၀တ္ထုတွေကို ကိုယ့်နံမည်တပ်ပြီး ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်တွေပ်ဆိုပြီး ဘလော့ပေါ်မှာ တင်ကြည့်ပါလား။
    ပြီးရင် မင်းဘလော့မှာ C-box လည်းတပ်ထား... comment မှာလည်း လူတကာကို လွတ်လွတ်လပ်လပ် comment ပေးပါစေ။
    ခု ငါ့ ဘလော့မှာ လုပ်ထားသလိုပေါ့ကွာ။
    အဲကျရင် မင်းဘလော့ကို ဖတ်တဲ့ သူတွေက ဘာလာပြောမလဲ.. ဘာလာရေးကြမလဲ ဆိုတာ စောင့်ကြည့်လိုက်ပေါ့။ စမ်းကြည့်ပါ။ ငါလည်း မင်းလို အတွေး တခု အဲလို ရလိုက်လို့ပါ။
    ဒါလောက်ပဲ ပြောမယ်ကွာ။
    ငါတို့က ကိုယ့်နံမည်နဲ့ ကိုယ်ရေးတဲ့ စာတွေကို တာဝန်ခံနေတာပါ။
    ReplyDelete
  38. ကိုပီတိ - အားပေးသွားတာ ကျေးဇူးပါ။
    လင်း - စိတ်ကုန်စရာပါပဲ။
    ReplyDelete
  39. မင်းကိုယ်တိုင် anonymous.blogspot.com ဆိုပြီး ဘလော့ တခုလုပ်လိုက်လေ။ အလကားရတာပဲာ စမ်းပြီး လုပ်ကြည့်ပေါ့။ ပြီးတော့ အနုပညာရှင်တွေက အားလုံး ခံစားဖို့ ဖန်တီးတာပဲဆိုပြီး - ဆရာကြီး သခင်ကိုယ်တော်မှိုင်းလေးချိုါ်ကြီးတွေကို မင်းနံမည်နဲ့ မင်းဘလော့မှာ တင်ကြည့်ပါလား၊ ဒါမှ မဟုတ် ဆရာ ဒဂုန်တာရာရဲ့ ဆောင်းပါးတွေကို မင်းနံမည်နဲ့ တင်ကြည့်ပါလား။ ဒါမှ မဟုတ် ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဝတ္ထုတွေကို မင်းဘာသာပြန်ပါတယ်လို့ ဆိုပြီး တင်ကြည့်ပါလား။ ဒါမှ မဟုတ် ဆရာမ ဂျူးရဲ့ ၀တ္ထုတွေကို ကိုယ့်နံမည်တပ်ပြီး ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်တွေပ်ဆိုပြီး ဘလော့ပေါ်မှာ တင်ကြည့်ပါလား။
    ပြီးရင် မင်းဘလော့မှာ C-box လည်းတပ်ထား... comment မှာလည်း လူတကာကို လွတ်လွတ်လပ်လပ် comment ပေးပါစေ။
    ခု ငါ့ ဘလော့မှာ လုပ်ထားသလိုပေါ့ကွာ။
    အဲကျရင် မင်းဘလော့ကို ဖတ်တဲ့ သူတွေက ဘာလာပြောမလဲ.. ဘာလာရေးကြမလဲ ဆိုတာ စောင့်ကြည့်လိုက်ပေါ့။ စမ်းကြည့်ပါ။ ငါလည်း မင်းလို အတွေး တခု အဲလို ရလိုက်လို့ပါ။
    အစ်ကိုပြောသွားတာ ကြိုက်တယ်ဗျာ။ ကျွန်တော်တို့ မူပိုင်ခွင့် တမင်တပ်မထားတာက စီးပွါးရေး လုပ်နေတာ မဟုတ်လို့ ။ ကြိုက်သလို သုံးစေချင်လို့ ပေါ့။ ဒါပေမယ့် နာမည်သိရင် ခရက်ဒစ် တော့ ပေးရမှာပေါ့။ မသိရင် တစ်နည်းနည်းနဲ့ ကိုယ်ရေးတာ မဟုတ်ကြောင်း ဝန်ခံရမယ်။ သတိမေ့သွားခဲ့တာ၊ အမှတ်တမဲ့ နေမိခဲ့တာ ဆိုရင် တစ်ယောက်ယောက်က လာပြောတဲ့ အခါ နာမည်တပ်ပေးလိုက်ရုံပဲ။ ဒီလောက်ရှင်းနေတာကိုဗျာ။ အခု မရှင်းလို့ နောက်တစ်ချိန် ကာလကြာသွားလို့ ကိုယ်နှသုံးသွေးနဲ့ ရေးတဲ့စာကို တစ်ယောက်ယောက်က ကိုယ်ခိုးထားတာလို့ စွပ်စွဲခံရရင် ဘယ်လိုနေမလဲ။ အစ်ကိုပြောသလို ပေါ့၊ ဆရာ ဒဂုန်တာရာရဲ့ စာတွေကို ကြိုက်သလို ပြင်၊ အောက်က ကြိုက်တဲ့နာမည်တပ်ကြေး ဆိုရင် ဆရာကြီးရဲ့ စာတွေ ဘယ်လိုတည်တံ့စရာ အကြောင်းရှိမလဲနော်။ စည်းမဲ့ကမ်းမဲ့ နဲ့ ဖြစ်ချင်တိုင်းဖြစ်သွားမယ်။ ကျွန်တော်တော့ ရိုးသားစွာနဲ့ အမှတ်တမဲ့ နာမည် မတပ်မိတဲ့သူ၊(တစ်ချို့ က သူတို့ ဘလော့ ကို private လုပ်မထားပေမယ့် မှတ်စုစာအုပ်လေးလိုပဲ သဘောထားတယ် ဆိုတာ နားလည်လို့ ပါ) ဘယ်က ရတယ်ဆိုတာ အမှတ်တမဲ့ မဖော်ပြမိသူတွေကို နားလည်ပေးနိုင်ပေမယ့် ကိုယ့်အနုပညာ ပစ္စည်းကို ကိုယ်ကာကွယ်တဲ့ဟာ၊ ကိုယ်ကိုယ်တိုင်က လေးစားတဲ့ဟာ၊ ကိုယ်ဖန်တီးထားတာမို့ ကိုယ်ဖန်တီးတယ်လို့ ပြောတဲ့ဟာကို ပြသနာလိုက်ရှာနေတဲ့သူတွေကိုတော့ အံ့သြမိတယ်ဗျာ။
    ReplyDelete
  40. တဆင့်မျှဝေတဲ့သူမှာလည်း နာမည်မသိပေမယ့် နှစ်သက်ရင် တင်ခွင့်ရှိသလို သိသွားတဲ့ အချိန်မှာ အနုပညာရှင်မှာလည်း ကိုယ့်သားသမီးဖြစ်ကြောင်း အသိပေးခွင့်တော့ ရှိရမှာပေါ့ဗျာ။
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...