Apr 11, 2009

မရှိတော့ပြီဖြစ်သော ကျေးဇူးရှင် မိခင်သို့

အမေရင်မှာ ကြီးပျင်းခဲ့ဖို့ သားလေးတယောက်ကို ဖန်ဆင်းထား
အိပ်မက်အလား ရီသံတွေမှာ သွေးစက်များနဲ့ နီရဲသွား
တမ်းတမိတယ် အို မေမေရေ တမ်းတမိတယ်

ရာသီတွေ မိုးလင်း မိုးချုပ်မီးရထားကြီးကြောင့်အိုမင်းသွား
ဘယ်နေရာ ဘယ်ဘူတာမှာ ခရီးဆုံးမလဲလို့ ကြိုစဉ်းစား
တမ်းတမိတယ် အိုမေမေရေ တမ်းတမိတယ်

နာရီတွေ ရည်ရွယ်ချက်များ ပြီးမြောက်ဖို့အတွက် စောင့်ဆိုင်းဦး
ပြီးရင် ဟို အဝေး အမေသွားတဲ့ လမ်းက စောင့်လို့ ခေါ်ပြီးသွား
တမ်းတမိတယ် အို မေမေရေ တမ်းတမိတယ်
အို မေမေရေ ကြေကွဲပါတယ် ခရီးသည်ပီပီ သားလာနေတယ်

------------
အမေ့အတွက် အမှတ်တရ သီချင်းတပုဒ် ဆိုမိတာပါ။
မောင်သစ်မင်း ရေးပြီး ကျော်ဟိန်း ဆိုခဲ့တဲ့ သီချင်းပါ။

19 comments:

  1.ွအမေကို သိပ်ချစ်တဲ့ အကို ...
    လေးစားစွာနားထောင်သွားပါတယ် ...

    Z

    ReplyDelete
  2. အမေ ကိုလွမ်း၊ ဆုံးသွားတဲ့မောင်လေးကို လွမ်းနေတဲ့ အချိန်မှာ အကို သီချင်းလေးကို ခံစားချက်အပြည့်နဲ့ နားထောင်သွားတယ်နော်

    ReplyDelete
  3. အမေတမ်းချင်း သီချင်းကို နားထောင်သွားပါတယ်ဗျာ။

    ReplyDelete
  4. နားထောင်သွားပါသည်။

ီdust in the wind

    မျက်မှန်ကလေးကိုချွတ်။

    မုတ်ဆိတ်ကိုရိတ်။

    နောက်ဆုံ့းမျက်စေ့ကို ပိတ် နားထောင်လိုက်တာ အကောင်းဆုံးဖြစ်သွားပါတယ်။

    ReplyDelete
  5. ဒီလိုပဲပေါ့ဗျာ။ တချိန်မဟုတ် တချိန်ခွဲရမှာပဲဟာ ။ ဘယ်တတ်နိုင်မလဲ။

    ReplyDelete
  6. ကိုအောင်သာငယ် တော်တော် တီးတတ်တာပဲ။ အမေကို လွမ်းတဲ့ သားတယောက်ရဲ့ ခံစားချက်ကို နားထောင်သွားပါတယ်။

    ReplyDelete
  7. ကိုကြီးရေ၊

    အမေ့ကို သတိရတယ်ဗျာ။

    ReplyDelete
  8. ကိုကြီးရေ၊

    အမေ့ကို သတိရတယ်ဗျာ။

    ReplyDelete
  9. တို့အစ်ကိုကြိးက အဆိုကောင်းရုပ်ချောပဲနော။်
    mm

    ReplyDelete
  10. ၂ ခွက်လောက် ထပ်ကစ်ပါဦးဗျ cheer!!
    သဘောကျတယ် ကိုကိုအောင်သာငယ်ရယ်...
    ကျနော်လည်း ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတွေ youtube မှာ မြင်ရတာ အားကျနေဒါ။ ဟဲဟဲ

    ReplyDelete
  11. ဒီသီချင်းကို ပထမဆုံးအကြိမ်ကြားဖူးတာပဲ။ ဒါပေမယ့် ဒီသံစဉ်ကိုတော့ သိနေတယ်။

    ReplyDelete
  12. အမေနဲ့ ခွဲနေရတာ10စုနှစ် တခုကျော် သွားချိန်မှာ
    မစောင့်နိုင်တော့တဲ့အမေက သားဆိုး လေးကိုစောင့်ရှောက်ဖို့ မနှစ်က နှစ်ဆန်းတရက်နေ့မှာ ကောင်းကင်ဘုံကိုထွက်ခွါသွားတယ်လေ
    ခုကောင်းကင်ဘုံ မှာအမေ ရှိနေတယ်

    ထပ်တူထပ်မျှခံစားသွားတယ် အကို

    ReplyDelete
  13. နားထောင်သွားတယ် အစ်ကိုရေ

    ReplyDelete
  14. မြင့်မြတ်တဲ့ ကောင်းကင်ဘုံ တနေရာက
    အမေ ကြားနိုင်ပါစေ...

    ReplyDelete
  15. ကိုအောင်သာငယ်ရေ ... blog ကို link ချင်လို့ ခွင့်တောင်းပါတယ် ...။

    ReplyDelete
  16. အကိုကြီးအောင်သာ...

    မျက်ရည်ဝဲမိတယ်..

    လေးစားခင်မင် ချစ်ခြင်းအားဖြင့်

    ReplyDelete
  17. အမေသီချင်းတွေ ကြားရင် ခံစားထိရှလွယ်တဲ့အထဲမှာ ကျနော်လဲ အပါအ၀င်မို့ ဒီသီချင်းကို နားဆင်လို့လဲ ရတယ်၊ ခံစားလို့လဲ ရပါတယ် အကို။

    အကိုက ဘယ်သံနဲ့ ဆိုထားတာထင်တယ်။ ကျနော်က ဘေးကနေ ညာသံနဲ့ လိုက်ဆိုကြည့်ချင်သား။

    ReplyDelete
  18. I gave grade 5 to this post.
    Nice song
    Good singing with full feeling

    ReplyDelete
  19. I respect you for singing this song. God Bless You. May our mothers rest in Peace.

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...