Apr 12, 2009

ဖားတကောင်သို့မေတ္တာစာ

မင့်ကိုယ်မင်းတော့
အမှန်တရားတခုလို့
မင်းထင်သွားမှာပေါ့...
မင့်အနားမှာ လူတွေအများကြီးကိုး...

ဒါကိုလည်း
ငါ မငြင်းပါဘူး...
မင်းကို သနားလို့....

အားလုံးမှန်တယ်...
အဲသည်အထဲကမှ
အမှန်ဆုံးတွေသာ
သမိုင်းမှာ ကျန်ခဲ့တယ်ဆိုတာပဲ
မင့်ကို ပြောလိုက်ပါရဲ့...

တကယ်တော့
မင့်ကို သနားနေတဲ့
သန်းပေါင်းများစွာ
ရှိနေပါသေး....

မင်းဟာ
မင်းပဲ
ဆိုခရေးတီး မဟုတ်
အာခီးမီးဒီးစ် မဟုတ်
ကော့ပါးနီးကပ်စ် မဟုတ်
တကယ်တော့
မင်းဟာ
ဘာဆို ဘာမှ မဟုတ်ပါဘူး....

အကျယ်ကြီး မအော်နဲ့
အသံတွေ ကုန်မယ်...
မင့်အော်သံကို
ဘယ်သူမှ ကြားလိမ့်မယ် မဟုတ်ဘူး...

ငါးတွေက ကူးတယ်
ဖားတွေက ရူးတယ်...။
ဖားကို ငါးထင်သူတွေနဲ့
မင့်အနားမှာ
ခစားနေသူတွေသာ ကြားမယ်။
ငါးမဟုတ်တဲ့
ဖားတကောင်ကို
ငါ သနားတောင် သနားမိနေရဲ့...။

ATN

(အသံကုန်အော်နေသော ဖားတကောင်သို့)

15 comments:

  1. ဟုတ်တယ်..

    ငါးမဟုတ်တဲ့
    ဖားးးးပြုတ်ကြီးက
    တယ်သနားဖို့ ကောင်းနေပြီ...

    အုံအွမ်သံကလဲ မပီသချင်တော့ဘူး...
    တကယ့်ကို "ဝူးဝူးဝါးဝါး" နဲ့  ပလုံးပထွေးဖြစ်နေပြီ...

    ကျွန်တော်တို့ ဝိုင်းပြီး အမျှဝေပေးလိုက်ကြတာပေါ့...

    ReplyDelete
  2. ဘယ်ဖားကိုပြောတာလဲဟင်။ မသိလို့။ :P

    ReplyDelete
  3. I visited your village. I will come again. Carry on.

    Bino.

    ReplyDelete
  4. ဖားတပိုင်းငါတပိုင်းဖြစ်မယ်...သနာလိုက်တာ အုံအွမ်... အုံအွမ်.... အုံအွမ်....

    ReplyDelete
  5. လူက မျောက်ကဆင်းသက်သလို ဖားကလည်း မျောက်က ဆင်းသက်တာတဲ့။ ဆရာ ကံချွန် ရေးထားတာပါ။
    ဘာလို့ လဲဆိုတော့ ဖားတွေမှာ လူတွေရဲ့ အကျင့်ရှိ တယ်
    ရာသီဥတု သာရင် သူ့ အသံချည်းပဲမို့ တဲ့။

    ဒါပေမဲ့ အစ်ကိုရာ ဖားဆိုတာ မြွေလာရင်တော့ ပြေးရတာပဲ မဟုတ်လား။ ဒါ့ကြောင့် နည်းနည်းတော့ သနားပါတယ်လေ။

    အယ်ဇီ

    ReplyDelete
  6. ကိုကြီးအောင်သာ..

    ဖားတွေဘဝ ရင်လေးစွး(

    လေးစားခင်မင် ချစ်ခြင်းအားဖြင့်

    ReplyDelete
  7. ဖါးက တကောင်ထဲတော့ ဟုတ်ဟန်မတူဘူး ....
    အမြဲအော်နေကျဖါးအပြင် တခါတလေမှ ၀င်ဝင်အော်တတ်တဲ့ဖါးတွေလဲ ရှိပါသေးတယ် ....

    သူတို့လဲ ဝါသနာအရ အော်ရမှ နေသာထိုင်သာ ရှိသွားတယ်ထင်ပါရဲ့ ...

    ReplyDelete
  8. ကိုအောင်သာာငယ် ဘာကြောင့် ဒီကဗျာရေးတယ် မစဉ်းစားတတ်ဘူး။ ဒါပေမယ့် မရေးသင့်ဘူးလို့ ထင်တယ်။
    ခင်မင်းဇော်

    ReplyDelete
  9. မဖြစ်သင့်တဲ့ ဘဝတွေထဲမှာ ဖါးတပိုင်း ငါးတပိုင်း ဘဝတွေ ပါပဲဗျာ၊ ငတေမာ တွေပေါ့။

    ReplyDelete
  10. Hey, man!
    Be mature! Don't be so childish!

    ReplyDelete
  11. ရေးသင့်တာမရေးသင့်တာထက် ရင်ထဲရှိလာတာကို ချရေးလိုက်ရတာက ပိုပြီးကောင်းပါတယ်ဗျာ...
    လွတ်လပ်စွာရေးတာပဲ.. ရေးပါစေတော့လား...

    ReplyDelete
  12. အဆင်းဘီးတပ်တွေ လူတွေရှိနေတာ ခက်တယ်။ ဘာပဲဖြစ်ဖြစ် အမြင်က ၂ ဘက်ရှိရမယ်။ သူများ ဖြစ်တာ မဖြစ်တာထက် ကိုယ်တိုင်မဖြစ်ဖို့လိုတယ်။ ဘာ့ကြောင့် ဒီလိုဝင်ပြောရလဲ ဆိုတဲ့ စေတနာက ပိုအရေးကြီးတယ် အဲဒါ မသိရင်တော့ ဘီးတပ်သူတွေကြောင့် ကိုယ့်တန်ဖိုးလဲ လျော့သွားပါလိမ့်မယ်။

    ReplyDelete
  13. ဘာလုပ်ကြတာလဲလို့ .... ရေပက်ကြတာပဲလို့... ဟားဟား

    ReplyDelete
  14. I like this poem.
    Keep it up!
    Actually Poem is just Poem
    All readers can take what ever they like.

    ReplyDelete
  15. ဗိုလ်ချုပ်ပြောတဲ့ စားဖားမျိုးကို မေတ္တာပို့ တာလား။အသံကြောင့်ဖားသေတတ်တဲ့ ဖားကင်ကြီး(----)ကို မေတ္တာပို့ တာလား။
    ပဟေဠိဆန်တဲ့ ကဗျာတပုဒ်လို့ ထင်မိပါတယ်။
    ပြန်ရှင်းပြတဲ့ ကဗျာတပုဒ် ပြန်ရေးပြပေးပါလား
    ကိုကြီးဆက်အောင်ခိုင်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...