Apr 13, 2009

မြူမှောင်ဝေကင်း

YouTube မှာ သင်္ကြန်သီချင်းတွေရှာရင်း ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ့လို့ ကူးလာတာပါ။
(ကျနော်ဆိုတာ မဟုတ်ဘူး... )

မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ...

မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ...

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ ယဉ်ကျေးသူတွေ မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ...

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ ယဉ်ကျေးသူတွေ မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ...

သင်းပျံ့ဝေ ရွှေပန်းပိတောက်တွေ တွဲရွဲ နှင်းဆီ အစဉ်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်လေ...

သင်းပျံ့ဝေ ရွှေပန်းပိတောက်တွေ တွဲရွဲ နှင်းဆီ အစဉ်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်
သည်ရေပွဲ သင်္ကြန်ရေ...

12 comments:

  1. မိုက်သဗျာ။ ဘိုဘို ပြန်ဆိုထားတာထက် အများကြီးသာတယ် ။လွမ်းသံတော့ နည်းနည်းပါသယောင်ယောင်။ အဆင်ပြေမယ်ဆို နောက်ထပ်သင်္ကြန်သီချင်းတွေ ထပ်ဆိုပေးပါဦး။
    cheers Bro....

    ReplyDelete
  2. ပြောဖို့ကျန်သွားလို့။
    အရုပ်ပါလုပ်ပါဗျ။ အသံချည်းပဲ မလုပ်ပါနဲ့ အကိုရ။
    thanks

    ReplyDelete
  3. အိန္ဒြာApril 13, 2009 at 5:02 AM

    မြူမှုန်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
    သွန်းခါရေ

    မြူမှုန်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
    သွန်းခါရေ

    မြူမှုန်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
    သွန်းခါရေ

    ReplyDelete
  4. ငယ်ငယ်တုန်းက ကြားဖူးတဲ့သီချင်းလေ။ အသံကကြည်ပြီး အဲဒီအသံမကြားရင် သင်္ကြန်ကမပြည့်စုံသလို ခံစားရတယ်။ ဘိုဘိုပြန်ဆိုတာတောင်အဲလောက် မကြိုက်ဘူး။ အဟောင်းကိုပိုကြိုက်တယ်။

    ReplyDelete
  5. မြူမှောင်ဝေကင်းပါ အစ်ကို..သီချင်းနာမည်မှားနေပါတယ်။
    သီချင်းလေးက ကျက်သရေရှိလှတယ်။
    mm

    ReplyDelete
  6. လာနားထောင်တယ် အကိုရေ

    ReplyDelete
  7. အကိုရေ....သီချင်းနားထောင်သွားတယ်...
    နှစ်သစ်မှာပျော်ရွှင်ပါစေ....အကိုရေ....

    ReplyDelete
  8. သင်္ကြန်မိုး သီချင်းခွေ အဟောင်းလေး အိမ်မှာ ရှိတယ်။ သန်းမြတ်စိုး ဆိုထားတာ။ အဲဒါ မူရင်းပဲ ထင်တယ်။ သံစဉ်စာသားတွေက နားထဲကို ဆိမ့်သွားတာပဲ။ ကျေးဇူးပါ အကိုရေ။
    ဆက်ပြောရရင် ဒီသီချင်းကို နားထောင်တိုင်း သင်္ကြန်မိုးဇာတ်ကားထဲက ကျစ်ဆံမြီးဆံထုံးလေးနဲ့ ရွှေခြေကျင်းနဲ့ မြန်မာဆန်ဆန် သိပ်လှပကျက်သရေ ရှိတဲ့ ဒေါ်ခင်သန်းနုကိုပဲ ပြေးပြေး မြင်တာပဲ။ ဒီဇာတ်ကားကို DVD ဖြန့်ရင် ကောင်းမယ်။ သိမ်းထားချင်လွန်းလို့။

    ReplyDelete
  9. သီချင်းလာနားထောင်တယ်အကို ကောင်းသောနေ့ပါ :)

    ReplyDelete
  10. ဒီနေ့တော့ ရန်ကုန်ကင်္ကြန်မှာ မိုးတွေ အုံ့ဆိုင်းမဲမှောင်ပြီး ရွာနေတယ်တဲ့...
    မြူမှောင်ဝေကင်း နားထောင်ရင်းနဲ့ သတိရသွားလို့ပါ...

    ReplyDelete
  11. သင်းပျံ့ဝေ ရွှေပန်းပိတောက်တွေ တွဲရွဲ နှစ်စဉ် ဆင်မြဲမြန်းကာ လှတဲ့မေ
    ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်လေ...

    ReplyDelete
  12. ငွေငန်းမောင့်ကို လောင်းတဲ့ရေက မြန်မာပြည်သူတွေကို တကယ်ဘေးဘယာ ဝေးကွာ ကင်းစင်စေဖို့ ရေစိုစိုမှာ တုန်တုန်ခိုက်ခိုက် ဆုတောင်းလိုက်တယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...