Apr 8, 2009

ဒဏ်ရာဟောင်း

နှင်းရေ့... ...
ဝေဒနာတချို့
ပြန်နိုးလာ
ရိုးမကို နောက်ထပ်တခါ
ကျော်ခဲ့...

ဒေါနအား
ချစ်ခင်နှစ်လိုတမ်းမက်
အေကေတလက်နဲ့
ငှက်ဖျားပွေ့ဖက်ခဲ့သော
တင်းတင်းကျပ်ကျပ်နေ့ရက်များ... ...
ပြန်မြင် ...

သောင်ရင်းရဲ့
ငွေရောင် စီးဆင်းသော ကမ်းထိပ်မှာ
အဆိပ်တက်ခဲ့...
စိတ်လိုလက်ရ
ဝေဒနာတို့ ဖြန့်ခင်းချခဲ့မိသည့် ညများ... ...
တမ်းတ ...

သံလွင်ရဲ့
အဟုန်ကြီးတဲ့ လှိုင်းနက်နက်ထဲ
ခါးသည်းသော နေ့ရက်တိုင်းကို
ခုတ်ပိုင်း ထိုးထည့်ခဲ့ဖူး...
လရောင်နဲ့ မူးခဲ့သော
တောင်ယာတဲ...
ပြန်တွေ့...

တစစီ
ချေမွထားသော
အချိန်နရီများ
လွင့်မျောရှည်လျား
အစင်းသား လဲလျောင်း
မဲကလချောင်းစပ်မှာ ...

ဒါကိုပဲ
ရက်ရက်စက်စက်
အမည်တခုတပ်ပစ်ခဲ့တယ် ... ...

ATN

8 comments:

  1. ဒါကိုပဲ
    ရက်ရက်စက်စက်
    အမည်တခုတပ်ပစ်ခဲ့တယ် ... ...
    ....
    ဒဏ်ရာဟောင်းလို့ တပ်လိုက်တာလား

    ReplyDelete
  2. အိန္ဒြာApril 8, 2009 at 7:34 AM

    သံလွင်ရဲ့
    အဟုန်ကြီးတဲ့ လှိုင်းနက်နက်ထဲ
    ခါးသည်းသော နေ့ရက်တိုင်းကို
    ခုတ်ပိုင်း ထိုးထည့်ခဲ့ဖူး...
    လရောင်နဲ့ မူးခဲ့သော
    တောင်ယာတဲ...
    ပြန်တွေ့...

    ကြားလိုက်ရတယ်.....
    အသံတွေ...ပဲ့တင်ထပ်လောက်အောင်...

    ReplyDelete
  3. သောင်ရင်းရဲ့
    ငွေရောင် စီးဆင်းသော ကမ်းထိပ်မှာ
    အဆိပ်တက်ခဲ့...

    ဒဏ်ရာဟောင်း....
    ဒဏ်ရာဟောင်း....
    ဒဏ်ရာဟောင်း......

    ReplyDelete
  4. ကိုအောင်သာငယ်ရဲ့ ဒဏ်ရာဟောင်းအကြောင်း တစေ့တစောင်း လေ့လာသွားသည်... :) အကြောင်း မယ်မယ်ရရ မရှိဘဲ စာရေးမကျဲပါနဲ့ လို့...

    ReplyDelete
  5. အကိုရေ
    သံလွင် သောင်ရင်း ဒေါန
    ပြီးတော့ ဒဏ်ရာဟောင်း....
    ခံစားပြီး ဖတ်သွားပါတယ်။

    ReplyDelete
  6. ဒါဏ်ရာဟောင်းကို လာတူးဆွကြည့် သွားတယ်၊ ဟဲ..ဟဲ ...အနာဖေးခွာပြီး ပြောနေသလို ပါပဲ၊ ရင်မြေကတုတ် လုပ်လာရတာ ဆိုတော့ မေ့မှ မမေ့နိုင်ပဲ ကိုးးးးးးးးးး

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...