Apr 8, 2009

သား …..

အမေ့နှစ်လည် အထိမ်းအမှတ်အတွက် ကဗျာဆရာ ကမာပုလဲ ခံစားပေးလိုက်တဲ့ ကဗျာ တပုဒ်ပါ။

သား …..

ကျနော့်လက်ကို ဆောင့်ဆွဲပြီး
ခုန်ချသွားတယ်
လွတ်သွားလို့ မဖြစ်ဘူး
အတူ လိုက်သွားလို့လည်း မဖြစ်နိုင်ဘူး ….။

သူ့နောက်မှာ
ကျောချင်းကပ် ရပ်နေတဲ့ သူ့ရဲဘော်
အိမ်ရှေ့မှာ
ကိုတင်အောင်မနက်တိုင်း လျှောက်ခဲ့တဲ့လမ်းကလေး
မနက်ခင်းဟာ
နေခြည့် အသံလေးနဲ့ လင်းနေကြ…။

ကျနော် ဆွဲတင်လိုက်တယ်
မလိုက်ချင် လိုက်ချင်နဲ့ ယိမ်းထိုးငြင်းဆန်လို့
သူ့ရင်ဘတ်တွေ မပွန်းစေချင်ဘူး
သူ့နှုတ်ခမ်းနဲ့ ငြိမနေစေချင်ဘူး
သူ့အေးမြမှုကို
ခံစားနေရလို့ပါ …။

နွေအပူပြင်းပြင်းထဲမှာ
သားက …
ကိုယ်ကလေး တုန်ခါပြီးပျော်သွားတယ် …
သူ့ အဖိုးနဲ့ သူ့အဖွား ကျွေးတဲ့ ထမင်းကို
မျက်ရည် ၀ိုင်းအောင် တနင့်တပိုးစားတယ်
မနက်ဖြန်ကို အလှဆုံးနှုတ်ဆက်ခဲ့တယ်ပေါ့…။

သားရေ
မင်း ချိုးခဲ့တဲ့ ရေတွင်းကလေးကို
မင်းသတိ ရပါ…
ရေခြားမြေခြားမှာ …
ထမင်းတလုပ်များဆာခဲ့ရင်
မင်းရဲ့ အဖိုးအဖွားကိုသတိရပါ …
ခုချိန်မှာ
မင်းအဖိုး ကိုတင်ဦးလို ကိုအောင်သာဟာ
မြိုင့်ကို … လွမ်းနေတော့မှာပဲ ….။ ။

ကမာပုလဲ
၀၉၊ ၀၄၊ ၂၀၀၉ (နံနက် ၀၀း၀၅ နာရီ)

အရေပြားချင်းတူခဲ့တဲ့
ကဗျာဆရာ ကမာပုလဲကို ကျေးဇူးအထူးတင်ရှိပါကြောင်း ။

10 comments:

  1. အတိတ်တွေ..အရိပ်တွေ..အငွေ့တွေ..ခိုအောင်း ပျော်ဝင်နေတဲ့..ကဗျာတခွက်ကို..မျက်ရည်ဝိုင်းအောင် သောက်မိရပါတယ်။

    ReplyDelete
  2. အကိုရေ နှစ်ပတ်လည်အထိမ်းအမှတ်နဲ့ ကဗျာလေးတွေ လာရောက်ခံစားဖတ်ရှူသွားပါတယ် ......
    ရင်ထဲကရေးတဲ့ ကဗျာတွေနဲ့ အမှတ်တရစာတွေမို့ ဖတ်ရတာ ရင်ထဲမှာ အရမ်းကိုထိထိမိမိနဲ့ ခံစားရပါတယ် ......

    ReplyDelete
  3. ကဗျာဆရာရဲ့ ငယ်ဘ၀ အတိတ်လေးကို
    လွမ်းမော တသ စွာ
    ထပ်တူ ကြေကွဲ စွာ ခံစား သွားခဲ့ ပါတယ်

    ReplyDelete
  4. နှစ်ပတ်လည် အထိမ်းအမှတ်နဲ့ ကဗျာလေးတွေ လာဖတ်သွားပါတယ် ......
    တကယ်ဆို ဘာ Comment မှ မရေးခဲ့ချင်ပါဘူး...
    တိတ်တိတ်လေးပဲ ဖတ်ပြီး ပြန်သွားချင်တာ...

    ReplyDelete
  5. အကိုရေ ကဗျာလာဖတ်ပါတယ်
    လွမ်းပါတယ် မြိုင့်ကို......
    ကောင်းသောနေ့ပါဗျာ :)

    ReplyDelete
  6. ကောင်းလိုက်တာ
    အစ်ကိုတို့ ဘဝတွေကို နားလည်ခံစားမိတယ်..
    ရေးတဲ့ကိုကမာပုလဲနှင့် တင်တဲ့ အစ်ကိုအောင်သာငယ်
    ကျန်းမာပျော်ရွှင်ပါစေ..။
    ခင်မင်စွာ
    လင်းဒီပ

    ReplyDelete
  7. နောက်ဆုံးပုဒ်က အမေ့မှာစကားလေး
    ခေါင်းငိုက်စိုက် ကျသွားစေတယ်။

    ReplyDelete
  8. သားရဲ့မိခင်တယောက်အနေနဲ့ ရော မေမေရဲ့သမီးတယောက်အနေနဲ့ ပါ နှစ်မျိုးလုံးခံစားရတဲ့ကဗျာလေးပါ ကိုအောင်သာငယ် နဲ့  ကမာပုလဲ ရေ… တကယ်တော့ ဘယ်လောက်ဝေးဝေး အမေက အမြဲအနားမှာမိုလား….

    ReplyDelete
  9. ကဗျာလေးကိုဖတ်ပြီး လွမ်းသလိုပဲ။

    ReplyDelete
  10. ကဗျာလေးက တော်တော်ကောင်းတယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...