Jul 13, 2009

မောင်ဖုန်းမြင့်နှင့်စကားပြောခြင်း













ငါ့ ကဗျာတွေကလည်း
မြောင်းထဲရောက်တာပဲကောင်းတယ်
“သစ်ကောင်းအိမ်”လိုမှ
မပြတ်ရှနိုင်တာ...

“ဖုန်းမြင့်”ရေ့
မင့် ထိရှတဲ့နေ့တွေက
ငါ့ကိုလည်း ဖြတ်ရှသွားပါပကောလား...
ငါလည်း ထက်ပိုင်းပြတ်ကျသွားခဲ့ပြီ...

ငါ့နေ့တွေကို ငါ ပြန်သိမ်းရတယ်...
ဒါပေမယ့်....
ဒါဟာ
ရိတ်သိမ်းနေတာ မဟုတ်ဘူးကွယ့်...

ပြောစရာ များများစားစား မရှိဘူး။
မျဉ်းဖြောင့်တွေ ကောက်သွားတဲ့အကြောင်းသာ
အထူးတလည်။
ဒါမှမဟုတ်
နေ့တာတွေတိုတဲ့အကြောင်း။
သည်လိုမှ မဟုတ်လည်း
ညတာတွေ ရှည်တဲ့အကြောင်း။

ထပ်ပြောစရာ အကြောင်းမရှိတဲ့
ဇာတ်အဟောင်းမှာ
ငါဟာ ဇာတ်လိုက်ပေါ့
ဇာတ်ပေါင်းခန်းရောက်မှ
မင်းနဲ့ငါ တွေ့မယ်....။

ATN

5 comments:

  1. ပန်ဒိုရာ နှင့် စကားပြောခြင်း
    အိန္ဒြာနှင့် စကားပြောခြင်း
    ခု..
    မောင်ဖုန်းမြင့်နှင့်စကားပြောခြင်း..း)

    ကိုဆောင်းယွန်းလ တို့
    ကိုလင်းဒီပ တို့ နဲ့ ပြောပါအုံးနော်

    မမသီရိနဲ့တော့ လာမပြောပါနဲ့ အကို.ရေ..
    အကိုပါ ရောမူး သွားလိမ့်မယ်..
    အလွမ်းတွေနဲ့...း)...

    ReplyDelete
  2. အသံမဲ့နေတဲ့အသံနဲ့ ပြောဖြစ်ခဲ့ကြတယ့် ဘာသာမဲ့စကားတွေပါဗျာ......
    ဒီဇတ်လမ်းမှာ....ဇတ်ပေါင်းခန်းဆိုတာ..ရှိနိုင်ပါ့ဦးမလား

    ReplyDelete
  3. ကောင်းတယ်ဗျာ...........

    ReplyDelete
  4. ဘာသာစကားတစ်ခုကို နားလည်မိ။

    ReplyDelete
  5. အိန္ဒြာJuly 14, 2009 at 5:13 AM

    အကို ပြောတဲ့စကားတွေ လာနားထောင်သွားတယ်..အကို

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...