ဘလော့ဖတ်သူတွေထဲမှာ ကွန်မန့်ရေးရင် အချက်အလက်နဲ့ သေသေချာချာ ရေးလေ့ ရှိတဲ့ မငယ်နိုင် တယောက် ဘလော့ စရေးပြီဆိုတာ အားလုံးကို အသိပေး ပါရစေ။ ဘလော့တခုက ပို့စ်တွေကို ဖတ်ရင်လည်း သေသေချာချာ ဖတ်လေ့ရှိပြီး ကွန်မန့်ပေးရင်လည်း အချက် အလက်နဲ့တကွ လေးလေးနက်နက် ပေးလေ့ ရှိတဲ့သူ ဆိုတော့ သူကိုယ်တိုင် ဘလော့ ရေးတဲ့အခါ အချက်အလက်တွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်လိမ့်မယ် ဆိုတာ ကျနော် သိနေခဲ့ တယ်။ ကျနော့် c-box မှာ သူ လာရေးပေး သွားတဲ့ လိပ်စာအတိုင်း သွားလိုက်တော့ သူ့ ဘလော့မှာ စိတ်ဝင်စားစရာ ပို့စ်တခုနဲ့ ကြိုဆိုနေပါတယ်။
မငယ်နိုင်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ရဲ့ အဖွဲဝင်တဦး ဖြစ်ခဲ့ဖူးပြီး မင်းသမီးစခန်းရဲ့ တပ်ရင်း (၂၀၁) က ဆေးတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူပါ။ သူ့မှာ ဝေမျှစရာ အတွေ့အကြုံတွေ အများကြီး ရှိနေလိမ့်မယ် ဆိုတာ ကျနော် ယုံကြည် ပါတယ်။ ညီအကို မောင်နှမတွေ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးလည်း သူ့ ဘလော့သစ်ကို ကြိုဆိုတဲ့အနေနဲ့ သွားရောက် အားပေး လိုက်ကြပါဦး။
လိပ်စာကတော့ သည်မှာပါ။ http://nge-naing.blogspot.com/

မပြောခင်ကတည်းကရောက်ခဲ့ပြီးပါပြီ။ရှင်းပြတာကို.. ကျေးဇူး ။
ReplyDeleteBlogger khin oo may said...
ReplyDeleteမပြောခင်ကတည်းကရောက်ခဲ့ပြီးပါပြီ။ရှင်းပြတာကို.. ကျေးဇူး ။
ကိုအောင်သာငယ် ကျွန်မအတွက် သီးသန့်ပို့စ်တခု တင်ပေးတာ အထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ မွန်နယ်မြေ ဘုရားသုံးဆူရောက်ခဲ့သူ မဟုတ်ပါဘူး ကိုအောင်သာငယ်တို့လိုပဲ ABSDF တပ်ရင်း နံပါတ်ကို ၂ နဲ့ စတဲ့ ကရင်နယ်မြေရောက် တဦးပါ။ ၂၀၁ တပ်ရင်း မင်းသမီးစခန်းကပါ။ Senior bloger တယောက်က အခုလို နွေးထွေးစွာ ကြိုဆိုတာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။
ReplyDelete