Jul 25, 2009
အဝေးရောက်ပင်လယ်
“နှင်း”ရေ့...
မလာပဲနဲ့ ရောက်ခဲ့ရတယ်...
မရှာပဲနဲ့ ကောက်ရခဲ့တယ်...
အဝေးရောက်ပင်လယ်...
အို...
ဘာပဲဖြစ်ဖြစ်
လက်ပစ် ကူးခပ်ခဲ့...
ဟိုတဖက်ခြမ်းရဲ့
ကမ်းခြေသဲခုံမှာ
ငါ့အလွမ်းတွေ ပုံချထားခဲ့ဖို့...
ဒါမှမဟုတ်
ငါ့ရင်ထဲက တေးတပုဒ်နဲ့
မင့်ရင်ထဲက တေးတပုဒ်
ရောစပ်ယှက်လုပ်ထားတဲ့
တခွက်တည်းသော ၀ိုင်ဖြူဖြူကို
အတူသောက်ခွင့်ရဖို့ပေါ့
“နှင်း”ရေ့...
ATN
11 comments:
  1. အဲဒီအဝေးရောက်ပင်လယ်က သိသလိုလိုပဲ ..
    ReplyDelete
  2. ကော်ပီရိုက်ရှိတယ်နော်.... တရားစွဲမှာ...း)
    ReplyDelete
  3. ဟိုတဖက်ခြမ်းရဲ့
    ကမ်းခြေသဲခုံမှာ
    ငါ့အလွမ်းတွေ ပုံချထားခဲ့ဖို့...
    စာသားလေး မိုက်တယ်ဗျာ။
    ReplyDelete
  4. ရောစပ်ယှက်လုပ်ထားတဲ့ တခုတည်းသော
    ကဗျာလေးမိုက်တယ်..... mie nge
    ReplyDelete
  5. ကဗျာလာဖတ်တယ်း)
    ReplyDelete
  6. အဝေးရောက်ပင်လယ်ကို လာဖတ်သွားပါတယ်။ ပင်လယ်-နှင်း နဲ့ဝိုင် သုံးပွင့်ဆိုင်ပါစေ ပေါ့။
    ReplyDelete
  7. ကိုလူထွေးJuly 26, 2009 at 2:31 AM
    တေးသံတွေ ရောယှက်လို့
    ဝိုင်ဖြူဖြူ သုံးခွက်တောင် ဆို...
းP
    ReplyDelete
  8. အိန္ဒြာJuly 26, 2009 at 3:43 AM
    တစ်ခွက်တည်းသောဝိုင်ဖြူဖြူကို
    အတူတူသောက်ခွင့်တဲ့...
    လှလိုက်တာ
    ReplyDelete
  9. ကဗျာလေးက လှပါတယ်။ အဲဒီ နှင်းရေ ဆိုတော့ ခင်ဝမ်း ကို သတိရပါတယ်
    ReplyDelete
  10. ၀ိုင်ဖြူဖြူက တခွက်တည်းဆိုတော့ ကပ်မသောက်တော့ပါဘူးး)
    ReplyDelete
  11. ၀ိုင်ဖြူဖြူဆိုတော့ ခေါင်ရည်ကို သွားသတိရလိုက်တယ်.. ကဗျာလေးကို သဘောကျတယ်အကို။ လိုအပ်ရင် ထုတ်သုံးဖို့ သိမ်းထားလိုက်မယ်..အဟဲ
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...