Jul 24, 2009

Europa

ခုတလော အလုပ်ရှုပ်နေလို့ စာမရေးနိုင်တုန်း ညီအကိုမောင်နှမတွေ လာလည်တဲ့အခါ မပျင်းရအောင် သီချင်း တပုဒ် တင်ပေးလိုက်ပါတယ်။ တီးထားတာတော့ ကြာပါပြီ။ ဟိုးလွန်ခဲ့တဲ့ တပတ်လောက်တုန်းက စိတ်ရှုပ်နေတုန်း စိတ်ပြေလက်ပျောက် တီးထားတာပါ။ Carlos Santana ရဲ့ Europa ပါ။ တီးထားတာတော့ သိပ်မကောင်းပါ။ စိတ်ရှုပ်တုန်း ကောက် တီးထားတာဆိုတော့ မူရင်းတီးလုံးရဲ့ အချို့အပိုဒ်လေးတွေလည်း တီးရင်း မေ့ကျန် နေရစ် ခဲ့ပါတယ်။ နောက်တခုက Backing အတွက် keyborad လည်း မပါတော့ အသံတွေကတော့ ခြောက်သွေ့ နေတယ်။ ဂစ်တာရဲ့ Amp ကလည်း Practice Amp ဆိုတော့ သိပ် မကောင်းလှဘူး။ တခါတခါ နောက်က Noise တွေ ထွက်လာနေတာ ကြားရလိမ့်မယ်။ ကျနော့်သားအငယ်ဆုံးလေး အော်နေတာတောင် ကြားရမယ်...း) ဘာပဲဖြစ်ဖြစ် သည်းခံ ခွင့်လွှတ် နားဆင်သွားကြပါပေါ့လေ။

9 comments:

  1. အကို..ခလေးအော်သံလေးနဲ့ ကောင်းသားဘဲ..
    အဖေတူသားလေးဖြစ်မယ်ထင်တယ်..
    နောက်ဘယ်နှနှစ်ဆို သူသီချင်းဆိုတာ နားထောင်ရမလဲ?
    အကို့သားလေးတွေ လာကူထိန်းပေးရမလား...

    mie nge

    ReplyDelete
  2. ဘရာဗို ....ရွှီး ..ဖြောင်း ဖြောင်း .. ဖြောင်းး
    (လေချွန်သံ နှင့် လက်ခုပ်သံ များပါ ။။ သေနပ်သံ လို့  အထင်လွဲ နေမစိုးလို့  )

    လိဒ် တီးတာ လေး .. မိုက်ပါ၏ ..
    နောက်တခါဆို သားလေးနှင့်  အတူ တွဲ ပြီး ထည့်ပေးစေချင်ပါသည် ။
    once more ! ! !

    စာတွေရော ကဗျာတွေပါ စောင့် မျှော် နေလျှက် ...

    ReplyDelete
  3. အိမ်နားနီးရင် ကောင်းမယ် အစ်ကိုရာ

    ReplyDelete
  4. အိန္ဒြာJuly 24, 2009 at 10:09 PM

    ((((((((၀မ့်စမိုးးးးးးးးးးးးး))))))))

    အကိုနော် ကလေးကြည့်ခိုင်းထားတာမကြည့်ပဲ ဂစ်တာတီးနေလို့
    မိန်းမ ဆူနေဦးမယ်...းP

    ReplyDelete
  5. ကျနော့်အကို လက်သံ ၃ ခါနားထောင်သွားတယ်

    ReplyDelete
  6. ဟုတ်ကဲ့ ကလေးငိုသံကို အသေအချာ နားထောင်သွားပါတယ်...း)

    ReplyDelete
  7. စာမူခကို အပြည့်ပေးခလိုက်ပါတယ် ...။
    အထူးကျေးဇူးတင်ပါ့မယ်ဗျားဆိုတာနဲ့ ....။
    အသိတွေဆိုတော့ အထူးနှုန်းနဲ့ စာမူခပေးခဲ့ပါတယ် ...။

    Noise တွေရော Spike တွေကြားက ခဲရာခက်ဆစ်နားထောင်ခဲ့ပါတယ် ...။ :P ။ သိင်္ဃသူ့သမီးကျောက်စာမှာပါတဲ့ ချစ်သော မျက်စိဖြင့် ရှုတယ်ဆိုတာမျိုး ... ခင်မင်သော နားတွေနဲ့ပဲ နားထောင်သွားလိုက်တယ် ...။ အဆင်ပြေပါတယ် ...။ ဟိုတစ်နေ့ကပဲ Santana တီးထားတဲ့ တစ်ပုဒ်နားထောင်လိုက်သေးတယ် ...ဟော်လို တစ်လက်၊ solid တစ်လက်နဲ့ ... Maria သီချင်းကို တီးတာ ...။

    အစစ အရာရာ အဆင်ပြေပါစေ ကိုအောင်သာငယ်ရေ ..။ အစ်ကို့ရဲ့
    ချစ်စရာကလေးသုံးယောက်က နှလုံးသားမှာတပ်ထားတဲ့ ကြိုးသုံးချောင်းလိုဖြစ်နေမှာပါ ...။ အကိုလည်း သူတို့ရယ်သံ တလွင်လွင်နဲ့ပဲ ... ဒုလ္လဘကြီးဆိုတာကို မျက်စိမှိတ်ချိုမြိန်ရတော့မယ်ထင်ပါရဲ့ ....။

    စာလာဖတ်တဲ့ သူတစ်ယောက်ယောက် စိတ်ချမ်းသာသွားတာလေးကို စားသုံးနေတဲ့စိတ်ဟာ ... တနင်္ဂနွေ ဆန်နေမယ်လို့ ယုံကြည်စွာဖြင့် ...

    Z

    ReplyDelete
  8. နားထောင်သွားတယ် အကိုကြီး။

    ReplyDelete
  9. ဒီသီချင်းအလိုက် ကြားဖူးတယ် ထင်တယ်...

    ကလေးကလဲ အဖေ့ကိုအားကျလို့ ဟဲချင်နေပုံရတယ်...

    နောက်ဆို ကွန်ပြူတာကိုပါ လာလုလိမ့်မယ်...

    သတိသာထားပေရော...

းဝ)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...