Jul 29, 2009

အသိပေးတောင်းပန်ခြင်း

အခုတလော အလုပ်အရမ်းရှုပ်နေပါတယ်။ အလုပ်ရှာရင်း အလုပ်ရှုပ်နေတာပါ။ အစိုးရရဲ့ အလုပ်အကိုင် ရှာဖွေရေး ပရိုဂရမ်တခုဆီလည်း နေ့တိုင်း မနက်မိုးလင်းတာနဲ့ သွားနေရ ပါတယ်။ ပြီးတာနဲ့ အဲသည် ပရိုဂရမ်က Job Listing Board မှာတင်ထားတဲ့ လိပ်စာတွေ အတိုင်း အလုပ်ရှင်တွေရှိရာ သွားရတာပါ။ လူက ကားပေါ်မှာချည့် တချိန်လုံး။ မြို့တကာမြို့ လည်း ခုမှပဲ ရောက်ဖြစ်ပါတော့တယ်။ လမ်းတွေလည်း အတော် နှံ့နေပါပြီ။ တပတ်မှာ ၇ ရက် လုံး လူက လမ်းပေါ်မှာချည့် ဖြစ်နေပါတယ်။ အလုပ်ကတော့ ဘယ်ခါရမလဲ မသိ၊ ဓါတ်ဆီဖိုး ကတော့ အတော်ထိနေပါပြီ။ ဗျူးရတဲ့ အင်တာဗျူးတွေကလည်း မနည်း၊ အမေးခံရတဲ့ မေးခွန်းပေါင်းကလည်း သောင်း ခြောက် ထောင်၊ လူကလည်း နည်းနည်းတော့ အူကြောင်ကျား ဖြစ်ချင်နေပါပြီ။

ဒါကြောင့် စာတွေလည်း သိပ် မရေးဖြစ်ပါ။ အိမ်ပြန်ရောက်ရင်လည်း လူက ပင်ပမ်းနေပါပြီ။ ဘာမှလည်း သိပ် မတွေးဖြစ် မစဉ်းစားဖြစ်တော့ပါဘူး။ သိပ်လည်း အချိန် မရတော့ စာတွေ မရေးနိုင် သလောက်ပါပဲ။ စိတ်ထဲမှာ ရေးချင်တာတွေကတာ့ အများကြီးပါ။ ကိုပီတိ ပြောသလို အကြွေးတွေလည်း ရှိနေသေး။ သည်ကြားထဲမှာ ကဗျာတွေကတော့ ကားမောင်းရင်းလည်း ခေါင်းထဲ ၀င်ဝင်လာ တတ်တာမို့ ရေးဖြစ်ပါတယ်။ ပြောချင်တာကတော့ ဘလော့မှာ ရှေ့လျှောက်ဆို စာတွေထက် ကဗျာတွေသာ ပိုပြီး အတွေ့ရ များပါလိမ့်မယ်လို့ အသိပေးချင် တာပါ။ ဒါကြောင့်မို့ စာတွေ ဖတ်ချင်လို့ လာလည်တဲ့ ညီအကို မောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ စာဖတ်သူတွေကို အားနာတယ်။ အဲသည်အတွက် ကြိုတင်ပြီးတော့ အသိပေး တောင်းပန်ချင်တာပါပဲ။ အချိန်ရရင် အခွင့်အရေး ပေးရင်တော့ စာတွေ ရေးဖြစ်ပါဦးမယ်။ သည်ကြားထဲမှာတော့ အားလုံး အတွက် ဖတ်ဖို့ကောင်းတာလေးတွေ တွေ့ခဲ့ရင်လည်း ပြန်လည် ဖော်ပြပေး သွားပါ့မယ်။

အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေ။

21 comments:

  1. အကိုရေ...စာတွေမရေးဖြစ်လို့တော့ တောင်းပန်စရာလည်း မလိုပါ...အားနာစရာလည်းမလိုပါ...
    အကို့မှာ မိသားစုတာဝန်နဲ့ ဒီလောက်ရေးနိုင်တာဘဲ ကျေးဇူးအရမ်းတင်လှပါပြီ...

    အမေရိကမှာ ခလေးသုံးယောက်ကို ပြုစုပျိုးထောင်ဖို့က
    လွယ်တာမှတ်လို့...ဒီကြားထဲက ၀ါသနာပါတာ လုပ်နေတဲ့ ဘလော့ဖတ်တဲ့သူတွေအပေါ် စေတနာထားတဲ့ အကို့ကို နားလည်ပေးပါတယ်...အကို့
    စိတ်ထဲမှာ မအားလို့ မရေးနိုင်တာကို အားနာမနေစေချင်ပါဘူး...၀န်လည်းမပိစေချင်ပါဘူး...
    အကို့ရဲ့ ကဗျာတွေကို နားလည်ဖို့ ကြိုးစားနေပါတယ်...

    ကားမောင်းရင်းကဗျာစပ်နေတာလည်း သတိထားပါဦး....အကို အလုပ်အသစ်အဆင်ပြေတာ ရ ရပါစေ...
    mie nge

    ReplyDelete
  2. ကဗျာတင်မကဘူး သီချင်းပါရေးပါလားအစ်ကို။
    အရိုးတို့ထိုင်ငိုသွားအောင် ရေးပစ်လိုက်ပါ။
    mm

    ReplyDelete
  3. အကိုကြီး အလုပ်မြန်မြန် အဆင်ပြေပြီး တစ်နေကုန် ကားတစ်စီးနဲ့ ပတ်ပြီး မေးခွန်းပေါင်း သောင်းခြောက်ထောင် အမေးခံရတဲ့ အဖြစ်မှ အမြန်ကင်းလွတ်ပါစေ..။

    ReplyDelete
  4. အကိုအလုပ်ကောင်းနဲ့ တွေ့ပါစေဗျာ။

    ReplyDelete
  5. စာဖြစ်ဖြစ်..ကဗျာဖြစ်ဖြစ်..ရေးသာရေး..အစ်ကိုရေ..
    အားပေးနေမယ်..

    ReplyDelete
  6. အလုပ်တွေရှာရင်း..ကဗျာတွေရ..
    ကဗျာတွေစပ်ရင်း..အလုပ်တွေ တွေ့ပါစေ-း)

    ReplyDelete
  7. အလုပ်ရှာရင် အလုပ်ရှုပ်တယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။
    အမြန်ဆုံး အဆင်ပြေပါစေ...

    ReplyDelete
  8. အမေရိကားမှာ ကားမောင်းရင်း ဖုန်းမပြောရပဲ ရှိတယ် ကဗျာမစပ်ရ မပါသေးဖူး၊ စပ်...စပ် .... ဘာမှ မရေးတာထက် စာရင် ကဗျာရေးတာ ပိုကောင်းတာပေါ့၊ Benefit ကောင်းတဲ့ အလုပ်ရပါစေ။

    ReplyDelete
  9. အစ်ကိုရေ အလုပ်မြန်မြန်ရပြီး အရင်ကလိုစာတွေကဗျာတွေ ပျော်ပျော်ရွှင်ရွှင်စပ် သီချင်းတွေတီး ကျွန်တော်တို့က အားပေး ဟားဟား

    ReplyDelete
  10. အားလည်း နာတယ် အားလည်း မအားဘူး ပေါ့...။
    အားတဲ့အခါ တွေတဲ့အခါ ရေးပေါ့ အစ်ကိုရာ...။

    ReplyDelete
  11. အလုပ်ရှုပ်နေတယ်လို့တော့ ထင်သား...
    အလုပ် တခု မြန်မြန် ရပါစေ

    ReplyDelete
  12. အားတဲ့အခါမှရေးပေါ့...
    ရေးဖြစ်ဖို့ပဲလိုတာပါ

    ReplyDelete
  13. ကိုအောင်သာငယ်ရေ
    ကျွန်မလည်း ကျောင်းပြန်ဖွင့်လို့ အလုပ်များနေလို့ ကိုယ်ချင်းစာတယ်။ ကျွန်မကတော့ ဘာပဲရေးရေး ဖတ်ပါတယ်။ နားမလည်ရင် ဘာမှ မှတ်ချက်ပေးမတတ်တာ တခုပါပဲ။ ဘာအကြွေးမှ မရှိရင်တော့ အလုပ်မရှာပဲ ကျောင်းလေးပြေးတက်ပြီး ခဏလောက် အေးအေးဆေးဆေး အနားယူပြီး အငြိမ်းစားနေသင့်တယ်။ ကျွန်မတို့လည်း ဒီလို ခဏနေလိုက်သေးတယ်။ ကျွန်မတို့ဆီမှာ ဒီလိုပဲ နေနေတဲ့သူတွေ အများကြီး ရှိပါတယ်။ ကားမှောင်းရင်း ကဗျာတွေစပ်တယ်ဆိုတော့ အာရုံနှစ်ခု ဖြစ်နေလို့ သတိတော့ထားဖို့ လိုမယ်ထင်တယ်။

    ReplyDelete
  14. အလုပ်မြန်မြန်ရပါစေဗျာ-
    ဘုရားအဆူဆူမှာဆုတောင်းပေးလိုက်ပါတယ်-
    ကားမောင်းရင်းစိတ်ထဲက ကဗျာတွေကြီးလည်း
    ရေးမနေနဲ့ အုံး--သတိတော့ထားဗျ
    ကိုယ့်အသက်ကကိုယ့်လက်ထဲမှာ-
    ပညာရှိသတိဖြစ်ခဲမို့ ရေးလိုက်တာနော်-
    ကျန်းမာပါစေ
    လေးစားလျှက်ဖြင့်
    ဂျစ်တူး(မုံရွာ)
    http://photojittoomonywa.blogspot.com/

    ReplyDelete
  15. အချိန်ရမှ ရေးပါလေ
    ဒီပရိသတ်တွေက ဒီလောက် သဘောကောင်းတာ
    စောင့်နေမှာ..

    ReplyDelete
  16. ကဗျာ နေနေ၊ စာနေနေ၊ အားလုံးကို အားပေးနေပါတယ်

    ReplyDelete
  17. ကားမောင်းရင်းတော့ ကဗျာမစပ်နဲ့လေ။ တော်ကြာဝင်တိုက်နေလို့ ကဗျောင်ဖြစ်နေအုန်းမယ်။ မြန်မြန်အဆင်ပြေပါစေဗျာ

    ReplyDelete
  18. အကိုကြီးရေ
    အလုပ်ကောင်းကောင်းလေး အမြန်ရပြီး အားလုံးအဆင်ပြေပါစေခင်ဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  19. အဆင်ပြေပါစေ။

    ReplyDelete
  20. တောင်းပန်စရာ မလိုပါဘူး ကိုအောင်သာငယ်ကြီးရာ...

    ကဗျာပဲရေးရေး... ပုံပဲတင်တင်... အဟောင်းပဲ ဆွဲထုတ်ထုတ်... လာခဲ့ပါမယ်...

    ကိုယ်ကိုကိုယ်သာ အဆင်ပြေသလိုနေပါ...

    ရည်မှန်းရာ အောင်မြင်ပါစေ...

    ReplyDelete
  21. အကို အစစအရာရာ အဆင်ပြေပါစေ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...