Jul 31, 2009

ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့်



















သည်နေ့ဟာ ကျနော့် မိခင်ရဲ့ (၆၉) နှစ်မြောက်မွေးနေ့ပါ။ မနှစ် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁၁) ရက်မှာ ဆုံးပါးသွားခဲ့ရတဲ့ အမေ့အတွက် အမေ့ မွေးနေ့မှာ အမှတ်တရ တခုခု လုပ်ချင်စိတ်က ပြင်းပြင်း ထန်ထန် ရှိနေပါတယ်။ ဒါနဲ့ သည်နှစ် အမေ့မွေးနေ့မှာ ကျနော့် ဘလော့မှာ ရေးလာသမျှ ကဗျာတွေကို ပီဒီအက်ဖ် တအုပ်လုပ်ပြီး အမှတ်တရအဖြစ်နဲ့ စုစည်းမယ်လို့ စိတ်ကူး ရလိုက်ပါတယ်။ ဒါနဲ့ပဲ အဲသည် ကဗျာ စုစည်းမှုကလေးကို “ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့်” လို့ အမည်ပေးပြီး စုစည်းလိုက်ပါတယ်။ သည်မှာ သွားပြီး ဖတ်နိုင်ပါတယ်။ ဒေါင်းလုပ် ဆွဲဖို့ အခက်အခဲ ရှိရင်လည်း ကျနော့် ဆီ အီးမေးလ်ပို့ပြီး အကြောင်းကြား နိုင်ပါတယ်။

သည်စုစည်းမှုလေးရဲ့ မျက်နှာဖုံးအတွက် ဓါတ်ပုံတွေ ရိုက်ပေး၊ ဒီဇိုင်းလေးတွေ လုပ်ပေးတဲ့ ဓါတ်ပုံဆရာမ ညီမငယ် ဖိုတိုဂျစ်တူး(မုံရွာ)၊ သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတပုံကို အသုံးပြုခွင့် ပေးခဲ့တဲ့ ပန်းချီဆရာမ ညီမငယ် ပန်ဒိုရာ နဲ့ ကျနော့်ပုံတူကို ရေးဆွဲပေးခဲ့တဲ့ သူငယ်ချင်း တို့ကို အထူးကျေးဇူးတင်ရှိကြောင်းလည်း သည်နေရာမှာ မှတ်တမ်းတင်လိုက် ပါတယ်။

21 comments:

  1. nice book!
    well done!
    it is memory of your life!!
    Keep it up!!

    best regards
    (mama)

    ReplyDelete
  2. အကို... စာအုပ် မျက်နှာဖုံးက ရိုးရှင်းပြီးလှတယ်...

    မွန်မြတ်တဲ့ မိခင်ကောင်းတယောက် ရခဲ့တဲ့ အကို ကံကောင်းပါစေ...

    mie nge

    ReplyDelete
  3. မင်္ဂလာပါ အစ်ကို စာအုပ်လေးပို့ပေးတဲ့အတွက် ကျေးဇူးပါ

    ReplyDelete
  4. ပို့ပေးတဲ့အတွက် ကျေးဇူးပါ။

    တဆင့်ရောက်အောင်လဲ ပို့လိုက်ပါ့မယ်..။


    ခင်မင်လျက်

    ReplyDelete
  5. စိတ်ကူးကောင်း..စာအုပ်ကောင်းလေး.. ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. အကိုရေ ကဗျာစာအုပ်လေးက စိတ်ကူးကောင်းလိုက်တာ။ ကြည့်ခဲ့ပြီးပြီ။ ဒေါင်းသွားမယ်နော်။

    ReplyDelete
  7. အိန္ဒြာJuly 31, 2009 at 10:27 AM

    Print ထုတ်ချင်တယ်..
    Print ထုတ်ချင်တယ်..
    Print ထုတ်ချင်တယ်..

    ReplyDelete
  8. အမေ...................သတိမရချင်ဘူးအမေ............

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. အရမ်းကောင်းတဲ့ စိတ်ကူးပဲ အကိုရေ။
    စာအုပ်မျက်နှာဖုံးက လှတယ်။
    နှင်းဆီလေး ချထားတာလည်း အဓိပ္ပါယ်ရှိနေတယ်။
    မအယ်တို့ ပုံနှိပ်ထုတ်ပြီး သိမ်းထားမယ်။


    မအယ်

    ReplyDelete
  11. စာအုပ် အတွက်ကျေးဇူးအထူးပါအစ်ကိုရေ
    ဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်တွေရဲ့
    နှလုံးသွေးစက်တွေနဲ့
    အမေ ကို ဂုဏ်ပြုတဲ့ သားတစ်ယောက်အနေနဲ့လည်း
    သာဓု ခေါ်မိပါတယ် ...။

    ReplyDelete
  12. အမှောင်ထဲက အလင်းတန်း
    ကန္တာရထဲက စမ်း
    မီးတောင်ထဲ ပွင့်တဲ့ ပန်း
    မခမ်းမြစ် အနန္တချစ်ခြင်းမေတ္တာ ....

    အမေကို လွမ်းသွားတယ် ။

    ပြီးတော့ ရှစ်ကြိမ်မြောက် တမ်းတခြင်း ။
    ရေးထားတာနဲ့ သရုပ်ဖေါ်ထားတာ
    ချုပ်နှောင်ခံထားရသူတယောက်ပုံကို
    ကြည့်ရင်း နဲ့တောင် တစ်ဆို့ ဆို့ နဲ့ ရင်ထဲမှာ ...

    ကဗျာလှလှလေးတွေ အများကြီး
    တစုတစည်းထဲ လုပ်ထားတာ ကောင်းမှကောင်း။
    အချိန်ယူပြီးအေးဆေးဖတ်ရမယ် ။
    ဒေါင်းထားလိုက်ပြီ အကိုငယ်ရေ ။

    ReplyDelete
  13. ကျေးဇူးပါပဲ..အကို အောင်သာငယ်ရေ..တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့ချင်းတူနေတော့..မွေးနေ့လက်ဆောင်အဖြစ် သိမ်းထားလိုက်ပါ့မယ်။
    အခုလို..အမှတ်တရ ဖြစ်သွားတဲ့အတွက်လည်း..ကျေးဇူး အထူးတင်ပါတယ်။း)

    ReplyDelete
  14. ပြောဖို့မေ့သွားလို့..
    စာအုပ် ဒီဇိုင်းကော..ပုံတွေကော..အရမ်း မိုက်တယ်..။ ကဗျာတွေကတော့..ပြောစရာမလို..း)

    ReplyDelete
  15. အင်း...တနှစ် တနှစ် ဘာမှမကြာပါလား။ သားလိမ္မာမဟုတ်ရင်တောင် သားကောင်းဖြစ်ပေးခဲ့တဲ့အတွက် အမေ၀မ်းမြောက်မှာပါ။

    ReplyDelete
  16. မကေစာအုပ်ကလေးမြင်ကတည်းက အားကျနေတာ... ကိုအောင်သာငယ်ရေ...

    ReplyDelete
  17. ကိုအောင်..
    အရင်ကတည်းက ကိုအောင်ရေးတဲ့ စာတွေ ကဗျာတွေကို နှစ်သက်ခဲ့ ပါတယ်။
    အခုလို အမေ့မွေးနေ့ အမှတ်တယ အနေနဲ့ ကဗျာတွေကို စာအုပ်လေးအဖြစ်တစုတစည်းတည်း
    ထုတ်လိုက်တော့.....
    မျက်နှာဖုံးလေးတွေ့ ကတည်းက သိပ်လှပပါတယ်...။
    ကဗျာတွေကတော့ ပိုပြီးလေးစားစိတ်ဖြစ်တယ် ကိုအောင်....။
    ကျနော်သိမ်းထားချင်တယ်ကိုအောင် ..
    ဒေါင်းလော့ချဘို့ တော့ အဆင်မပြေဘူး...။
    ကိုအောင်ပို့ ပေးနိုင်ရင် မေးလ်ကနေ ပို့ ပေးစေချင်ပါတယ်...။
    တသက်လုံးအတွက် သိမ်းထားချင်ပါတယ်..။

    ReplyDelete
  18. လေးစားစရာ ကောင်းလှတဲ့ အစ်ကို့ရဲ့ ချစ်မေမေ ရောက်လေရာဘ၀မှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ..။

    ကဗျာစာအုပ်နဲ့ အမှတ်တရ ကန်တော့တာ ကြည်နူး စရာပါ။ ပုံလေး ပါဝင်ခွင့်ရတာလည်း ၀မ်းသာပါတယ်။

    ReplyDelete
  19. ကိုအောင်သာငယ် မိခင်အတွက် ကျန်းမာပျော်ရွင်စွာဖြင့် အသက်ရာကျော်တိုင် နေရပါစေလို့ ဆုတောင်းပါတယ်။ စာအုပ်တော့ ဒေါင်းလုပ်လုပ်လို့ မရဘူး ကွန်ပြူတာ သိပ်နှေးနေလို့။
    အဆင်ဖြေ ချမ်းမြေ့ပါစေ။

    ReplyDelete
  20. အမေကိုသိပ့်ချစ်တဲ့သားတယောက်အတွက်-
    မမျှော်လင့်ဘဲမျက်နှာဖုံးဓါတ်ပုံရိုက်ပေးခွင့်ရလိုက်ရလို့ 
    အတိုင်းမသိအောင်ကြည်နူးနေမိပါတယ်ဗျာ-လိုအပ်လျှင်ခေါ်လိုက်ပါ-
    ကူညီပါရစေဗျာ-----
    လေးစားစွာဖြင့်
    ဂျစ်တူး(မုံရွာ)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...